skip to main | skip to sidebar

Thursday, March 20, 2008

.နွေရာသီ

ခုဆိုပုးပြင်လှတဲ့နွေရာသီကိုရောက်ခဲ့ပြီးပေါ့ရှင်..ကလေးတွေလဲကျောင်းပိတ်တဲ့ရာသီဆိုတော့ တအားပျော်နေကြမှာသေချာပါတယ်..ဒါပေမယ့်မပျော်တဲ့သူတွေလဲရှိနေဦးမှာပါ..ပူပြင်တဲ့နေဒဏ်ကိုမခံနိုင်တဲ့သူတွေပေါ့နော်
တကယ်တော့ အပူဒဏ်ကို ကာကွယ်ဖို့အတွက် ကိုယ့်ဘက်က ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်သင့်ပါတယ်
နံပါတ်၁ အနေနဲ့ အပြင်နေပူထဲမှာသွားတော့မယ်ဆိုရင် နေကိုကာကွယ်တဲ့ အရောင်လေးတွေဝတ်သင့်တယ်..ပြီးတော့ နေကိုကာကွယ်တဲ့ အကာအကွယ်တစ်ခု ပါသင့်တယ်..
ပြီးတော့ အပြင်ကပြန်လာရင်ချက်ခြင်းရေကိုမချိုးသင့်ဘူး ခဏရေအေးအေးတစ်ခွက်သောက်ပြီးနားနေသင့်သေးတယ်။ပြီးမှ ရေချိုးသင့်တယ်။ ရေချိုးတဲ့အခါမှာလဲ ရေကိုအပေါ်ကနေ လောင်းမချိုးပဲ ခြေထောက်ဖျားကနေ လေးငါးခြောက်ခွက်အရင်ဆုံး လောင်းပြီးမှာ အပေါ်ကိုတဖြည်းဖြည်းတက်ပြီး ချိုးသင့်ပါတယ်ရှင်.။ဒါမှအပူမရှပ်တော့မှာပါရှင်။အကောင်းဆုံးကတော့မြန်မာမိန်းကလေးတွေဆိုရင် နွေရာသီမှာသနပ်ခါးလိမ်းတာ အကောင်းဆုံးပါပဲရှင်....မိတ်ကပ်တွေလိမ်းပြိးချွေးတွေထွက်နေရင်တအားကြည့်ရဆိုးပါတယ်ရှင်.

Thursday, January 17, 2008

မြို့လေးကိုလာလည်ပေးကြပါ။

မြို့လေးတစ်ခုဆောက်ထားပါတယ်ရှင်လာလည်ပေးကြပါနော်...
မြို့လေးက လာလည်တဲ့သူများမှ..အဆောက်အဦးတွေတိုးသွားမှာဖြစ်လို့ပါနော် .အကယ်လို msg တစ်ခုခု ပို့ထားချင်ခဲ့လျှင် Write in the new bulletin မှာ ကလစ်နှိပ်ပြီးရေးရင် ရပါတယ်ရှင်...
မြို့လေးရဲ့ လိပ်စာကတော့ http://silvermonn.myminicity.com
အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။