skip to main | skip to sidebar
Showing posts with label News. Show all posts
Showing posts with label News. Show all posts

Sunday, July 8, 2007

sad new

ဝမ်းနည်းစရာသတင်းလေးတစ်ခုပြောပြမယ်နော် ..ဆေးဗားလဲ သူများပြောလိုရကြားရတာပါပဲရှင်.. မန္တလေးမှာ တကယ်ဖြစ်သွားတဲ့ အကြောင်းလေးပါရှင် ..သိပ်မကြာခင်ကပါရှင်...ကျောင်းတစ်ကျောင်းမှ ကျောင်းသားလေးတစ်ယောက် က အိမ်သာသွားရင် သူ့သူငယ်ချင်းက စတဲ့ အနေနဲ့ တံခါးပိတ်ထားခဲ့တာ ပြန်ဖွင့်မပေးခဲ့ဘူး ..အဲဒီ ကျောင်းသားလေးက အိမ်သာထဲမှာ တစ်ယောက်တည်း ကျန်နေခဲ့တယ် ကျောင်းဆင်းလို့ အိမ်ကိုလဲ ပြန်မရောက်လာဘူး..မိဘတွေက စိတ်ပူပြီးလိုက်ရှာကြတယ် ကျောင်းရဲ အိမ်သာထဲမှာ ရှိနေတယ်လို့ ဘယ်သူမှ မထင်မိကြဘူးလေ...ကျောင်းသားလေးက တော့ အိမ်သာထဲမှာ ငိုယိုအော်ဟစ်နေတယ် ဘယ်သူမှလဲ မကြားကြဘူးပေါ့..နောက်တစ်နေ့ ကျောင်းဖွင့်တော့မှ အိမ်သာထဲမှာ အသက်မရှိတော့တဲ့ ကျောင်းသားလေးကို ပြန်တွေ့ကြရတယ်တဲ့ ..စိတ်မကောင်းစရာကောင်းလိုက်တာနော် ..တကယ်ပဲ ဘာလို့ အဲဒီလောက်ထိ အစအနောက်သန်ကြတာလဲ မသိဘူးနော် ..ဆေးဗားကြားတာကတော့ ကျောင်းသားလေးက သူငယ်တန်းကလေးလေးပဲ ရှိသေးတယ်တဲ့ ..သနားပါတယ် နော် .. ဒီသတင်းကို ကြားရတဲ့ အချိန်မှာ ရင်ထဲမှာလုံးဝမကောင်းဘူး...တစ်ခုတော့ မှတ်သားမိလိုက်ရတယ့် လူတစ်ဖက်သာ တခုခု ဖြစ်သွားအောင်စခြင်းက မကောင်းဘူးဆိုတာ ပါပဲရှင်..