skip to main | skip to sidebar

Monday, December 10, 2007

Happy Birthday!! ko TZM


ကိုtzm မွေးနေ့အတွက် ပိုစ့်လေးတစ်ခုတင်ပေးလိုက်ပါတယ်နော်

ကို tzm မွေးနေ့မှာပျော်ရွင်ပါစေနော်..မွေးနေ့ကိတ်လေးလဲ တင်ပေးလိုက်မယ်နော်...


လိုအင်တွေလဲ ပြည့်စုံပါစေနော်..ချစ်တဲ့သူငယ်ချင်းတွေနဲ့လဲ အမြဲပျော်ရွင်စွာနေနိုင်ပါစေ..ချစ်တဲ့ သူနဲ့လဲ အမြန်ဆုံးနီးစပ်ပါစေနော်..

Sunday, December 2, 2007

အချစ်ကံကောင်းဖို့အကောင်းကံချစ်လိုက်ကြရအောင်နော်

လူတိုင်းအချစ်ဆိုတာ ခံစားဖူးကြတာကြည့်ပါပဲနော်..အချစ်ဆိုတာနဲ့ ၁၅၀၀ ကိုပဲပြေးမမြင်ပါနဲ့ဦး ၅၂၈ ပါပါတယ်ရှင်အခုပြောမယ့် အချစ်ဆိုတာ နှစ်မျိုးလုံးမှာ အကျိုးသက်ရောက်စေမှာပါနော်...ဒါကြောင့်အရှင်ဆန္ဒဓီကရဲ့ အကောင်းကံချစ်မှအချစ်ကံကောင်းမယ်ဆိုတဲ့ စာအုပ်လေးကိုတင်ပေးလိုက်ပါတယ်နော်..

အားလုံးအချစ်ကံကောင်းနိုင်ကြပါစေနော်

Monday, November 26, 2007

ကျောင်းသားတစ်ယောက်နှင့်ဆရာမတစ်ယောက်၏တနေ့စာအလွဲများ (၂)

၁။ မျက်လုံးမှားပိတ်မိသူ
တခါက DTP သင်တန်းတစ်ခုမှာ ..
ဆရာမကlayer palette အကြောင်းရှင်းနေရင်းနဲ့ Eye icon လေးအကြောင်းပါ ထည့်ရှင်းလိုက်တယ်။ နောက်တစ်ခေါက် ပြန်ပြောချိန်မှာ Eye icon လို့မသုံးပဲ..မျက်လုံးလေးကိုဖွင့်လိုက်ပါ..ပိတ်လိုက်ပါနဲ့ သုံးလိုက်ပါတယ်။
အဲဒီအချိန်မှာ ကျောင်းသား ဘယ်မျက်လုံးကိုသွားဖွင့်လိုက် ပိတ်လိုက်လုပ်နေလဲ ဆို..
Photoshop ထဲ့က eye icon ကိုမလုပ်ပဲ ..သူရဲ့မျက်လုံးလေးကို ဖွင့်လိုက် ပိတ်လိုက်လုပ်ပြီးဆရာမကို ကြည့်နေပါသတဲ့ရှင်...
၂။အတန်းထဲက ထွက်သွားသူ
တခါက အခြေခံသင်တန်းတစ်ခုမှာ ခုမှစသင်တဲ့ကျောင်းသားတစ်ယောက်ရှိတယ်..
ဆရာမက အိုကေ ကို ကလစ်နှိပ်ပြီးပိတ်လိုက်ပါ လို့ ပြောရမဲ့အစား အိုကေပြောပြီး ထွက်သွားပါ လို့ပြောလိုက်တယ်..ကျောင်းသားကလဲ တကယ်ပဲ ပါးစပ်ကနေ အိုကေပြောပြီး တကယ် အပြင်ကို တကယ်ကြီးထွက်သွားလို့ လိုက်ခေါ်လိုက်ရပါတယ်ရှင်...လွဲမှားသွားတဲ့ အယူအဆလေးတွေ ပေါ့ရှင်..

Sunday, November 25, 2007

ကျောင်းသားတစ်ယောက်နှင့်ဆရာမတစ်ယောက်၏တနေ့စာအလွဲများ

ကွန်ပျူတာဆရာမတစ်ယောက်ရဲ အတွေ့အကြုံဟာသတွေကိုပြောပြချင်ပါတယ်ရှင်..
၁။ စာရွက်ချင်းမှားထုတ်မိသူ
တခါက အခြေခံသင်တန်းတစ်ခုမှာ
ဆရာမ….စာစသင်မယ့်..စာရွက်အသစ်တခုယူလိုက်ပါ..
ကျောင်းသား…စာရွက်အသစ်မပါဘူးဆရာမ…တဲ့..တကယ်တော့ဆရာမ ယူခိုင်းတဲစာရွက်အသစ်ဆိုတာ..FileàNew ယူတာကိုပြောလိုက်တာပါ…
ဒါပေမယ့်ကျောင်းသား ခမျာ ဘာကိုတွေးမိလဲမသိပါဘူး..ရေးတဲ့စာရွက်လို့ထင်သွားပုံရပါတယ်ရှင်…
၂။ မှားနှိပ်မိသူ
အခြေခံသင်တန်းတစ်ခုမှာ
ဆရာမ..Start button လေးကို တစ်ချက်နှိပ်လိုက်ပါ..
အဲလိုလဲပြောပြီးရော်ကျောင်းသားတစ်ယောက်လုပ်လိုက်ပုံကြောင်း ..တတန်းလုံးဝိုင်းရယ်ရတဲ့အဖြစ်ကလေးတခုဖြစ်ပွားခဲ့ပါတယ်..ရှင်..
ကျောင်းသား နှိပ်လိုက်တာကလဲ Start button ပါပဲ ဒါပေမယ့်သူက mouse နဲ့နှိပ်တာမဟုတ်ပဲ…လက်နဲ့ start button ပေါ်ကို သွားနှိပ်လိုက်လို့ပါပဲရှင်…iphone တို့လို့ touch screen နဲ့များမှားနှိပ်လားတော့မပြောတတ်တော့ပါဘူးရှင်…

Friday, November 23, 2007


ပိုစ်အသစ်တွေတင်မယ်နော် ..မအားသေးလို့ပါနော် ..လာလည်ကြသောသူငယ်ချင်းအားလုံးကို ကျေးဇူးတင်ပါတယ်နော်..
silvermoon

Thursday, September 13, 2007

အဆုံးအမ (၂)

ဗုဒ္ဓရဲ့အဆုံးအမတွေ ထပ်တင်ပြမယ်နော်

"ငါအတော်ဆုံးလို့ ထင်နေရင် အဖျင်းဆုံး အဆင့်ကိုရောက်သွားပြီး။"

"တခြားပစည်း တွေကိုရောင်းလိုက်ရင် အရှုံးမဟုတ်ရင် အမြတ်ရသေးတယ်၊
စိတ်ချမ်းသာမှုကို ရောင်းစားရင် အရှုံးနဲ့ပဲ ရင်ဆိုင်ရမယ်။
စိတ်ချမ်းသာမှုကို ဘာနဲမျှ ရောင်းမစားပါနဲ့။"
"ကောင်းတဲ့ အလုပ်ဟာနောက်ကျတယ်ဆိုတာ မရှိပါဘူး၊
အလုပ်မစ ရသေးတာပဲ ရှိတယ်။"
"စေတနာကောင်းနဲ့ ပြည့်ပြည့်စုံစုံ ကျွေးလိုက်ရလို့ ၀မ်းသာတယ်ဆိုရင်
သူစားနိုင်သလောက် စားတာကိုလည်း ကျေနပ်နိုင်ပါစေ။"
သူစားနိုင်သလောက်

Monday, September 10, 2007

အချစ်ဒဿန(၄)





အရာရာတိုင်းမှာ သက်တမ်းဆိုတဲ့ ကန့်သတ်မှုဆိုတာရှိတယ်လေ။အချစ်မှာလည်းအဲဒီလို အကန့်အသတ်ဆိုတာ ရှိပါတယ်။
ပြင်သစ်စကားပုံတစ်ခုကိုပြောပြရဦးမယ်...
"Love is like soup, the first mouthful is very hot,
and the ones that follow become gradually cooler."
အချစ်ဆိုတာ စွပ်ပြုတ်လိုပဲ။ပထမဆံုးတစ်ငုံကတော့ သိပ်ကိုပူတယ်၊နောက်သောက်တဲ့ စွပ်ပြုတ်ကတော့ တဖြည်းဖြည်းအေးလိုက်လာတယ်တဲ့။
အချစ်ဆိုတာ ရေရှည်မှာ အေးစက်လာတတ်တယ်ဆိုတဲ့ သဘောပေါ့နော်..
ချစ်တယ်ဆိုတာရဲ့ တဘက်မှာ မုန်းတယ် ဆိုတာရှိနေတယ်။ဆန်ကျင့်ဘက် စိတ်ခံစားမှု အစွန်းနှစ်ခုလေ။
အချစ်မှာ သက်တမ်းရှိသလို အမှန်းမှာလဲသက်တမ်း ရှိတာပါပဲ။
အထွတ်အထိပ်ရောက်ပြီးရင် ပြန်လျှောဆင်းတတ်တဲ့ သဘောမျိုးပေါ့.
"Lover as if one day you will hate, and
hate as if one day you will love"
တစ်နေ့မှာ မုန်းမှာပဲဆိုပြီးချစ်ပါ။ တစ်နေ့မှာ ချစ်မှာပဲဆိုပြီးမုန်းပါတဲ့။
"Love as thought you must have to hate; hate as though
you might have to love."
အဲဒီလို ဆင်ခြင်တုံတရားမျိုး၊ အသိကလေးမျိုးထားတတ်မယ်ဆိုရင် အချစ်အတွက် ခံစားနေရတာမျိုးတွေ
ကြုလားတဲ့အခါ သက်သာမှုရယ်လေ။
အချစ်နဲ့ပတ်သတ်ရင် ဆင်ခြင်ထိန်းချူပ်နိုင်စွမ်းရိဖို့ အသိတရားရှိဖို့ ဆေးဗားက သတိပေးချင်တာပါရှင်..

အချစ်ဒဿန(၃)






တစ်ယောက်ယောက်ကို ချစ်မိသွားပြီးဆိုရင် ပညာအဆင့်အတန်း၊ ဂုဏ်ဒြပ်ဆိုတဲ့ စည်းတွေဟာ ပျောက်ပျက်ကုန်ပါတယ်။
အဲဒီသဘောကို အီတလီစကားပုံလေးတစ်ခုက
"Lover makes all equal."
လိုဆိုထားပါတယ်ရှင်။
အချစ်ကအားလုံးကို သာတူညီမျှဖြစ်စေတယ်တဲ့။ချစ်ရင် ပြီးရောဆိုပြီး အချစ်ကို ရှေ့တန်းတင်တယ်၊ အချစ်ဆိပ် တက်နေတုန်းမှာတော့ အချစ်တခုတည်းနဲ့ အားလုံးပြည့်စုံတယ်လို့ ထင်မယ်နော်
အစမှာတော့ အချစ်က အပ်နှင်းထားတဲ့ အားအင်တွေ အပြည့်ရှိနေတယ်...
ဘယ်လိုအခြေအနေရောက်ရောက် ဘာပဲကာဆီးနေနေရင်ဆိုင်မယ်ဆိုတဲ့ စိတ်ဓတ်မျိုးအပြည့်ပါပဲ။
အချစ်တစ်ခုတည်းကို ရှေ့တန်းတင်ပြိး အိမ်ထောင်တစ်ခုတည်းဆောက်မယ်ဆိုရင် မှားတတ်တယ်လိုပြောချင်ပါတယ်ရှင်..


Sunday, September 9, 2007

အဆုံးအမ (၁)

မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေကို မိမိရဲခံယူထားမိသလောက် အတိုင်းအတာကို စကားပုံ သဏ္ဍာန်ပြောင်းပြီးရေးထားသော ဓမ္မဒူတ အရှင်ဆေကိန္ဒရဲ့ အသိပေးစကားလေးတွေ ကို အသိဥာဏ်အားတွေ တိုးတက်ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ တင်ပြလိုက်ပါတယ်ရှင်
၁။ စိတ်ဆိုးနေတဲ့ အခါ ကောင်းတဲ့ စိတ်နဲ့ လဲလိုက်ပါ။
ရှုပ်နေရင်ရှင်းတဲ့ စိတ် ၊
ပူနေရင် အေးတဲ့ စိတ်၊
နောက်နေရင် ကြည်တဲ့ စိတ်နဲ့ ချက်ချင်းလဲလိုက်ပါ။
၂။ကောင်းတာကို လုပ်ဖို့လွယ်ရင် ကောင်းတဲ့လူ၊
မကောင်းတာကို လုပ်ဖို့ လွယ်တယ်ဆိုရင် ???။
၃။ သူများပေးစာ ကျွေးစာ တစ်ထောင်ဖိုးစားရတာထက်
ကိုယ့်လုပ်စာ တစ်ကျပ်ဖိုးက ပိုပြီးမြိုန်တယ်။
၎။လေးစားထိုက်တဲ့သူရဲ စကားကိုမှ နားထောင်ကြတာ
ကိုယ့်စကားနားထောင်စေချင်ရင် လေးစားထိုက်အောင်နေပေါ့။
၅။ဝမ်းသားစရာတွေလည်း ကြုံခဲဖူးပါပြီ။
ဝမ်းနည်းစရာတွေလည်း ဆုံခဲဖူးပါပြီ။
ဘာမျှမယ်မယ်ရရ မရှိခဲ့ပါဘူး။
အသိဥာဏ် တိုးပြီး လူဖြစ်ရကျိုးနပ်တယ်ဆိုလို့ တော်သေးတာပေါ့။

Friday, September 7, 2007

To create U's own flash banner

ဆေးဗားတို့ ကိုယ်ပိုင် Flash banner တခုကို ဖန်တီးကြရအောင်နော်..
စဖန်တီးမယ်ဆိုရင်ရယ်ဒီမိတ်လေးတွေ ပဲ ခေါ်သုံးရုံပါပဲရှင်..ဘာမှသိပ်လုပ်ပေးစရာမလိုပါဘူး
http://www.flashbannernow.com/ ဆိုတဲ့ ဆိုဒ်လေးက ခေါ်သုံးလိုက်ရင်ရပါတယ်ရှင်..
ဆေးဗားလဲ အဲဒီဆိုဒ်လေးက နေ Bannerလေး တခုထပ်လုပ်ထားပါတယ်ရှင် ..footer နေရာမှာသုံးထားတဲ့ banner လေးဖြစ်ပါတယ်ရှင်။
အဲဒီထဲက ကိုယ်စိတ်ကြိုက်အားလုံးရွေးလို့ရပါတယ်ရှင်..
အားလုံးပဲ flash banner လှလှလေးတွေ လုပ်ရင်ပျော်ရွင်ကြပါစေနော်...

Thursday, September 6, 2007

အချစ်ဒဿန(၂)





တကယ်တော့ အချစ်ဆိုတာ ဖြစ်ပေါ်လာတာပါ။ အချစ်ကို အတင်းအကျပ်ဖန်တီးလို့ မရပါ။ အချစ်ဟာ သူ့အလိုလို ဖြစ်ပေါ်လာတာဆိုတဲ အဓိပ္ပာယ်ပေါ့။
အခြေအနေ အမျိုးမျိုးမှာ ပံသဏ္ဍန်အမျိုးမျိုးနဲ့ အချစ်ဆိုတာဖြစ်ပေါ်နိုင်တယ်. အဲဒီလို အခြေအနေတစ်မျိုးမှာ အသွင်သဏ္ဍန် တစ်မျိုးနဲ့ဖြစ်ပေါ်တာတဲ့ အချစ်ဟာ ညင်သာတယ်၊နက်ရှိုင်းတယ်၊ခိုင်မြဲတယ်။အီတာလျံစကားပုံ တစ်ခုရေးပြမယ်နော်။
"Love rules without a sword and binds without a cord"
"အချစ်ဟာ ဓားမိုးပြီး မအုပ်စိုးဘူး၊ ကိုးနဲလည်း ချည်နှောင်မထားဘူးတဲ့"
သဘောကတော့ အတင်းအဓမ္မပြုထားခြင်းမရှိဘူး
ချည်နှောင်ထားခြင်းမရှိဘူး။ ဒါပေမယ့်  အချစ်ဟာ တည်ငြိမ်လေးနက်နေတယ်ဆိုတဲ့ သဘောပါပဲရှင်။
"Stability" ဆိုတဲ့ တည်မြဲမှုရှိနေတယ်။
"Unity" ဆိုတဲ့ စုစည်းညီညွတ်မှုလည်း ရှိနေတယ်။
အချစ်ရဲ့ သဘာဝကို ရင့်ကျက်အရွယ်ရောက်လာတဲ့ အခါမှာ သိလာမှာပါနော်..။



Wednesday, September 5, 2007

အချစ်ဒဿနများ..





လူတိုင်းလူတိုင်း အချစ်နဲ့ မလွတ်ကင်းနိုင်ဘူးဆို တာ အားလုံးလဲ သိမှာပါရှင်..ဒါကြောင့် အချစ်နဲ့ ပတ်သတ်တဲ့ ဒဿနလေးတွေ တင်ပြပါစေနော်..
အချစ်နဲ့ ပတ်သတ်တဲ့ ဒဿနတွေ ထဲမှာ ဘ၀၊ ရည်မှန်းချက်၊ ပန်းတိုင် ဆိုတဲ့ အရာတွေလည်း ပါဝင်ဆက်နွှယ်နေတာမို့ အားလုံးသိဖို့ ဆေးဗား လေ့လာစုဆောင်းမိသမျှလေးတွေ တင်ပြပါစေနော်.
ကမ္ဘာစကားပုံတခုမှာ
"Love is near" လိုဆိုထားတယ်
အချစ်ဆိုတာ နီးစပ်မှု ပဲ တဲ့။
နီးစပ်မှုကြောင့် အချစ်ဖြစ်ပြီး
"Love is blind" ဆိုသလို
အချစ်မှာ မျက်စိမရှိဘူးလို့ ခံယူမိတဲ့အခါ
ဘာကိုမှ မမြင်နိုင်ဘဲ အရူးအမူးဖြစ်သွားမှာ စိုးရိမ်လိုပါနော်..
နောက်တခုကတော့ လူဘ၀မှာ အချိန်တိုင်း "ချစ်" ဆိုတဲ့ ခံစားချက် တစ်ခုတည်းနဲ့ နေလို့ရတာမဟုတ်ဘူး။
အချစ်ရဲ့နောက်မှာ နောက်ဆက်တွဲပေါင်းစပ် ပါဝင်လာတာတွေဟာ သံသယတို့၊မုန်းတီးနာကြည်းမှုတို့၊ စွန့်လွှတ်ဆုံးရှုးံမှုတို့၊ အငြိုးအမျက်ဆိုတာတွေပေါ့လေ။
တူနှစ်ကိုယ် တဲ အိုပျက်မှာနေရနေရ ဆိုပေမယ့် အချစ်အတွက် ရုံးပြင် ကန္နားရောက်ကြရတာတွေလည်း ရှိတတ်တယ်.
"Love lives in cottages as well as in courts"တဲ့။
"အချစ်ဟာ တဲအိုပျက်မှာ နေတတ်သလို ရုံးပြင်ကန္နားမှာလည်း နေတတ်တယ်" ဆိုတာပေါ့..
ဒါကြောင့် အချိန်မသင့်သေးပဲ အချစ်အတွက် မစွန့်စားစေချင်သေးဘူး။
အချိန်မရလို့နောက်မှ ဆက်ရေးပါမယ်နော်..


Sunday, September 2, 2007

ဆောင်းရာသီ

ဘာလိုလိုနဲ့ ဆောင်းတွင်တောင် ရောက်တော့မယ်နော်..ဆောင်းတွငိးကို ကြိုက်ပါတယ်.. ဆောင်းတွင်းမှာ လမ်းလျှောက်ရတာကိုးလဲ ကြိုက်တယ်..ဆောင်းတွင်းမှာ မန္တလေးတောင်တက်ပြီး တောင်ပေါ်ကနေ မန္တလေးရဲ့ အလှကို ကြည့်ရတာလဲ ကြိုက်တယ် မန္တလေး ဆောင်းရဲအလှလေးတစ်ခုကတော့ ဆောင်းတွင်းဆို ကျုံးဘေးမှာ လမ်းလျှောက်တဲက သူတွေကော..လေ့ကျင်ခန်းလုပ်တဲ့ သူတွေ ကော အများကြီးပဲ ပျော်ဖို့ကောင်းတယ်...ဆောင်းတွင်းနှင်းကျတော့ သိပ်မမြင်ရဘူး ဘူး ကိုးရီယားကားထဲက လို့နှင်းတွေ အများကြီးကျရင်သိပ်ပျော်ဖို့ကောင်းမှာပဲ..ဒါပေမယ့် အလုပ်လဲ လုပ်ကြတော့မှာမဟုတ်လောက်ဘူးထင်တယ်..စောင့်ပုံတွေ ထဲက ထွက်ကြမယ်မထင်ဘူး..ဟီးတစ်ခါငယ်ငယ်က အစောကြီးထပြီး လမ်းလျှောက်ဘူးတယ် အလင်းရောင်တောင် မလာသေးဘူး..တအားပျော်ဖို့ကောင်းတယ်..ကြက်တောင်ရိုက်တဲ့သူတွေကော စကိတ်စီးနေတဲ့ သူတွေနဲ့အစုံပဲ..စလျှောက်လို့လား မသိဘူး..ခြေထောက်တွေတအားယားလာသေးတယ်.. သွေးလည်ပတ်မှုတွေ မြန်လာလို့ထင်တာပါပဲရှင်..နောက်ပိုင်းတော့ လမ်းမလျှောက်ဖြစ်တော့ ဘူးကျောင်းတက်ရတာနဲ့ ဘာနဲ့ဆိုတော့..မလျှောက်ဖြစ်တော့ဘူး..ခုဆိုပိုဆိုးသေးတယ် အလုပ်သွားရတာနဲ့ လမ်းကို မလျှောက်ဖြစ်တော့ဘူး ..အားတဲ့နံနက်စောစောဆောင်းတွင်းကျရင် လမ်းလျှောက်ချင်ပါသေးတယ် ဒါပေမယ့် ဆောင်းတွင်းရောက်ရင် စောင်ပုံထဲက မထွက်ချင်တာကလဲ ခက်တယ်နော်..
အခုဆို အများချစ်တဲ့ဆောင်းရာသီလေးဟာ တဖြည်းဖြည်းနဲ့ရောက်လာပါတော့မယ်ရှင်...ဒီနှစ်ဆောင်းတွင်းတော့ နှင်းကျဖို့ ဆုတောင်းရင်း ..ဆောင်းရာသီကို အေးအေးချမ်းချမ်းလေးကြိုဆိုကြရအောင်နော်..ကိုtzm ရေရေးလိုက်ပြီးနော် စာရေးမကောင်းလို့ ဖတ်ရတာ အဆင်မပြေရင်ခွင့်လွတ်ပါနော်..

Thursday, August 30, 2007

Blog Seminar

ဒီနေ့ Blogger Day မို့ လို့ seminar ရှိလို့ သွားချင်သော်လည်း အတန်းမအားလို့ မသွားရဘူး ။သွားချင်တယ် ။ဘယ်လိုလုပ်ရမလဲ မသိဘူး။ သွားတဲ့ သူတွေ ပဲလင့်လုပ်ပြီး ဘာတွေပြောသွားလဲဆိုတာ တင်ပေးကြပါနော်။
အားလုံးကိုကျေးဇူးတင်ပါတယ်နော်။blog seminar က နေလည် ၁နာရီ မန္တလေး MICT Park မှာလုပ်မှာဖြစ်ပါတယ်ရှင်။Happy Blogger Day ပါနော် ။

Monday, August 27, 2007

သစ်သီးဖျော်ရည်သောက်ရအောင်


ဒီတခါတော့ ဆေးဗားတို့ အအေးသောက်ကြရအောင်နော်..


အမေရိကန်ဆေးပညာဂျာနယ်တစ်စောင်မှာ ရေးသားဖော်ပြထားတဲ့ လေ့လာမှုတစ်ခုရဲ့ ရလဒ်အဖြေတွေ အရ ဟင်းသီးဟင်းရွက် (သို့) သစ်သီးဖျော်ရည်တွေ သောက်ခြင်းဟာ အယ်(လ်)ဇိုင်းမားသူငယ်ပြန်ရောဂါ ကာကွယ်ဖို့ အထောက်အကူဖြစ်ကြောင်းသိရပါတယ်ရှင်။ဒီလေ့လာမှုတွေအရ တစ်ပတ်လျှင် သစ်သီးဖျော်ရည် ၃ကြိမ်သောက်သူတွေမှာ သစ်သီးဖျော်ရည်လုံးဝမသောက်သူတွေမှာထက် အယ်(လ်)ဇိုင်းမားရောဂါဖြစ်ဖို့ 76% လျော့နည်းတာကိုတွေ့ရှိကြရပါတယ်ရှင်။ဒါဟာတကယ်တော့ သစ်သီးအခွံတွေမှာ ပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ်စည်းတွေဟာ အယ်(လ်)ဇိုင်းမားသူငယ်ပြန်ရောဂါရဲ့ အဓိက လက္ခဏဖြစ်တဲ့ သတိမေ့ခြင်းကို ကာကွယ်ပေးနိုင်စွမ်းရှိလို့ပဲ ဖြစ်ပါတယ်ရှင်။ဒီသုသတေသနပြုချက်မှာ လူပေါင်း၂၀၀ ပါဝင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ ဒီစေတနာဝန်ထမ်းလေ့လာခဲ့သူအားလုံးဟာ အသက် ၆၅နှစ်နှင့် အထက်အသက်ကြီးသူတွေပဲ ဖြစ်ပါတယ်။လေ့လာမှုမစခင်မှာ အဲဒီလူတွေမှာ အယ်(လ်)ဇိုင်းမားရောဂါလုံးဝမရှိကြောင်း စစ်ဆေးပြီးမှ သူတို့ကို လေ့လာမှု အဆုံးသတ်ချိန်ဉ် အဲဒီလူတွေမှာအယ်(လ်)ဇိုင်းမားသူငယ်ပြန်ရောဂါဘယ်လောက်ဖြစ်တယ်ဆိုတာကို တွက်ချက်လေ့လာ အဖြေ ထုတ်ခဲ့တာဖြစ်ပါတယ်။ ဒီလေ့လာချက်ရဲ ကောက်ချက်အဖြေကတော့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဖျော်ရည်များများသောက်သူတွေ ဟာ နည်းနည်းပဲ သောက်သူ ဒါမှမဟုတ် လုံးဝမသောက်သူတွေထက် ဇရာကြောင့်ဖြစ်ရတဲ့ အယ်(လ်)ဇိုင်းမားရောဂါဝေဒနာကို ပိုမို ကာကွယ်နိုင်ကြောင်းတွေ့ရပါတယ်ရှင်။

ဒါကြောင့် ဆေးဗားတို့ သူငယ်ချင်းအားလုံးလဲ အယ်(လ်)ဇိုင်းမားရောဂါ မဖြစ်ပွားရလေအောင် သစ်သီးဖျော်ရည်တွေ သောက်ကြပါစို့နော်...


Friday, August 24, 2007

Happy Birthday!!My mom..♥♥♥

မွေးနေ့မှာပျော်ရွင်ပါစေ အမေ။အမေ ကျေးဇူးကို မဆပ်နိုင်တဲ့ သမီးလူဆိုးမလေးပါ အမေ။အမေအတွက် စိတ်ချမ်းသာအောင်ထားချင်ပေ့မယ့် ကိုယ်အတွက့် ကိုယ်အမြဲကြည့်မိတဲ့ သမီးမိုက်လေးပါအမေ။အမေကို့ သမီးတခါမှ စိတ်ချမ်းသာအောင် မထားခဲပေ့မယ် အမေကတော့ သမီးကို အမြဲလုပ်ချင်တာတွေ လုပ်ခွင့်ပြုတဲ အတွက် သမီးအသက်ကြီးလေ ရင်နဲ့မမျှအောင်ခံစားရလေပါပဲအမေ။အမေကို ပျော်ရွင်အောင်ထားဖို့ ကြိုးစားတိုင်မအောင်မြင်သေးတဲ့ သမီး ကို တခါလောက်တော့ ခွင့်ပြုပေးလိုက်ရင် သိပ်ကောင်းမှာပါပဲရှင်။အမေကို အရင်တုန်းက အဖေလောက်မချစ်ခဲ့ဘူးဘူး။အသက်ကြီးမှာပဲ အဖေထက် အမေဟာပိုပင်းပန်းပြီး သားသမီးတွေ ဆိုးသမျှခံရပါလားလို့ တွေးမိခဲ့တယ်။အမေတခုတော့ ကံကောင်းခဲ့ပါတယ် သားသမီးနှစ်ယောက်တည်းက နှစ်ယောက်လုံး လူဆိုးမပါပဲ သမီးဆိုးလေးတစ်ရောက်ပဲပါခဲ့လို့လေ။။မောင်လေးလို့ လိမ္မာာချင်ပေမယ့် တခါတခါခေါင်းမာတတ်တဲ့ သမီးဟာ ဘယ်သူနဲ့သွားတူနေပါလိမ့်လို့ တောင်စဉ်းစာမိတယ်။အမေ ရဲ့ မွေးနေ့မှာ သူများတွေလို အမေနဲ့ အဝေးဆုံးမှာ မရှိပဲ..အနီးဆုံးမှာ ရှိနေတာကိုးက သမီးဝမ်းသာလို့ မဆုံးပါဘူး။အမေမွေးနေ့အတွက် စိတ်ထဲ ၀ယ်ပေးချင်တဲ့ လက်ဆောင်ကို မ၀ယ်ပေးနိုင်သော်လည်း အခုပေးတဲ့ လက်ဆောင်မှာလဲ သမီးရဲ စိတ်စေတနာတွေ အပြည့်ပါအမေ။အမေနဲ့ ခဏခဏစိတ်ကောက်ခဲ့ရတာ တွေကို အမေကိုတောင်းပန်းချင်ပါတယ် ။သမီးမရင့်ကျက်သေးလို့ပါ။ပြီးတော့ ဒီချိန်ထိ မိဘဆီက လက်ဝါးဖြန့် တောင်းနေရတာလဲ သမီးမလိမ္မာသေးလို့ပါ။အမေကို သမီးလုပ်အားခနဲ့ ရှာကျွေးချင်ပါတယ်။ဒါပေမယ့် အဲဒီအခြေအနေကိုး ခုထိ မပိုင်ဆိုင်နိုင်သေးဘူး။သူများသားသမီးတွေ ကိုယ်မိဘကိုး ရှာကျွေးတိုင်း အမြဲ အားကျနေမိတယ်။ကိုယ်တိုင်ကျတော့ ဘာမှမလုပ်နိုင်သေးဘူး။အမေကို ရှာကျွေးနိုင်တဲ့ တစ်နေ့ကို ရောက်နိုင်ဖို့ အမြဲဆုတောင်းမိပါတယ်။အမေဟာ သားသမီးကို ဆုံးမရာမှာ သူငယ်ချင်းလို့ တမျိုး မိဘလို့ တမျိုးနဲ့ ဆုံးမပေးရှာတဲ့ မိခင်ကောင်းတစ်ယောက်ပါရှင်။အဲဒီလို မိခင်ကောင်းတစ်ယောက်ကို ပိုင်ဆိုင်ရတဲ့ အတွက် လောကကြီးကို အထူးပဲကျေးဇူးတင်ပါတယ်ရှင်။လောကကြီးရေ အခု အမေ့ရဲ့မွေးနေ့မှ စပြီးနောင်နှစ်ပေါင်းများစွာ မိသားစု ပျော်ပျော်ရွင်ရွင် အေးအေးချမ်းချမ် နေနိုင်ပါရစေရှင်။

Wednesday, August 22, 2007

Plum

ဆေးဗားရဲ သူငယ်ချင်းအားလုံး ဆီးသီးလေးတွေ စားရအောင်နော်…ဆီးသီးနဲ့ပတ်သတ်ပြီး ကိုယ့်ကျန်မားရေးအတွက်အကျိုးရှိတာလေးတွေ ပြောပြမယ်နော်..
ဆီးသီးဟာ အမျှင်ဓတ်ကြွယ်ဝတဲ့ သဘာဝအရင်းအမြစ်အသီး ဖြစ်ပါတယ်။ဆီးသီးစားရင် ခေါင်းကြည်လင်လန်းဆန်းစေတဲ့ အပြင် ကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီးပေးပါတယ်။အမျိုးသားများသည် ဆီးကျိတ်ကင်ဆာကို ကာကွယ်ရန်ဆီးသီးစားပေးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်ရှင်။ အမျိုးသမီးတွေ ဆီးသီးသိပ်ကြိုက်တာမှန်ပါတယ်ရှင်။ဘာဖြစ်လို့လည်းဆိုတော့ ဆီးသီးဟာအစိုလတ်လတ်ဆတ်ဆတ်အသီးမှာရော၊ အခြောက်လှန်းလို့ ဆီးသီးခြောက်၊ဆီးသီးမှုန့်မှာရော သူမှာပါဝင်တဲ့ အောက်စီဂျင်ရယ်ဒီကယ်များကို တားဆီးစုပ်ယူနိုင်တဲ့ စွမ်းရည်ပမာဏများစွာရှိတဲ့အတွက် လူခန္ဓာကိုယ်မှာရော၊ ဦးနှောက်ကလာပ်စည်တွေထဲမှာပါ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေတယ်လို့ သိရပါတယ်ရှင်။ဆီးသီးစားရင် နုပျိုစေပါတယ်၊ ဦးနှောက်ကောင်းမယ်၊ စိတ်ရွှင်လန်းစေတယ်။ စိတ်ပျိုရင်ကိုယ်နုစေပါတယ်ရှင်။လွန်ခဲသောနှစ်ပေါင်းများစွာကတည်းက ဆီးဖျော်ရည်ကို စွမ်းအားပြည့်ဖျော်ရည် အဖြစ်လည်းကောင်း သောက်သုံးခဲကြတာဖြစ်ပါတယ်ရှင်။ ဆီးသီးမှာ ကယ်လိုရီလည်းနည်းတဲ့အပြင် အဆီးဓတ်လည်းနည်းပါးပါတယ်။ ကယ်စီယမ်နဲ့ ဗီတာမင် စီဓတ်လဲကြွယ်ဝပါတယ်ရှင်။
ဒီလောက် အဖိုးတန်တဲ့ ဆီးသီးကို ဆေးဗားတို့ သူငယ်ချင်းတွေ အားလုံး ဆီးသီးပေါ်တဲ့ အချိန်မှာ အတူတူစားကြရအောင်နော်။

Tuesday, August 21, 2007

Tag လေးရေးထားတယ်နော်...

သူငယ်ချင်းလေးလော်ရာရေ ဆေးဗားရေးပြီးနော် ..Tag ကို
၁။ ဆေးဗားကတော့ အွန်လိုင်းမှာ စကားများတဲ့ ကြောက်တတ်တဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်ရှင်..
၂။ ဆေးဗားဝါသနာပါတာကတော့ အိပ်တာစားတာ. သီချင်းနားထောင်တာ..စာရေးတာ ၀ါသနာပါတယ် ..အဲဒီ ထဲမှာ ဂိမ်းဆော့တာလဲ ၀ါသနာပါလိုက်သေးတယ် ..ဂိမ်းဆော့နေရရင် ..ထမင်းမေ့ဟင်းမေ့ပဲ..
၃။ ဆေးဗားက ဘ၀မှာ ဖြစ်ချင်တာတွေများနေတယ် တခုခုပြီးတခုခု လုပ်နေတာပဲ ...မအောင်မြင်သေးတာတွေလဲရှိနေသေးတယ် ..မိသားစုနဲ့အေးအေးချမ်းချမ်းလေးနေချင်တယ်..
၎။ ဆေးဗားကတော့ ခွေးရူးတွေ မြွေတွေကို ကြောက်တယ်..
၅။ အစားအသောက်ဆို အစပ်တွေ စားတာများတယ် ..အစပ်တွေကိုကြိုက်တယ်..
၆။ ဖိုရမ်ရေးရတာကြိုက်တယ်...
၇။ မန္တလေးသူ ဖြစ်ရတာကိုလဲ သဘောကျတယ် .မန္တလေးမှာ နေရတာပျော်တယ်...
၈။ သူငယ်ချင်းတွေ အများကြီး နဲ့ လျှောက်လည်ရတာ ပျော်တယ်..ဈေးဝယ်ထွက်ရတာလဲပျော်တယ်..
ကို Tzm ရေ tag လေးရေးပေးပါဦးနော်.. moon လဲရေးပေးပါဦးနော်..
အားလုံးကိုေ ကျးဇူးတင်ပါတယ်နော်..

Monday, August 20, 2007

Forums

ဆေးဗား အခုပြောမဲ့အကြောင်းအရာလေးကတော့ ဖိုရမ်အကြောင်းလေးပဲဖြစ်ပါတယ်ရှင်..
ဖိုရမ်ဆိုတာက တစ်ယောက်နဲ့တစ်ယောက် ကိုယ်သိတဲ့ ကြောင်းအရာလေးတွေ ဆွေးနွေးရတဲ့ စကားဝိုင်းလေးတခုပါပဲရှင်..
ဖိုရမ်စရေးဖြစ်ပုံ
ဆေးဗား ဖိုရမ်စရေးဖြစ်တာကတော့ ရုံးကသူငယ်ချင်းလေညိုနွယ်က နေစပြီးရေးဖြစ်ခဲ့တာပါပဲရှင်..
ညိုနွယ်ကဖိုရမ်တွေ ရေးတယ်လေ..နည်းပညာပိုင်းတင်မကဘူး စာအုပ်စာပေ..ခံစားအပိုင်းတွေပါအကုန်ရေးတယ်..သူကို
ကြည့်ပြီးဆေးဗားလဲ မသိတာကိုး ကိုယ်တိုင်ဖိုရမ်ပေါ်မှာ ၀င်ရေးဝင်မေးခဲ့ရာကနေ စပြီး ဖိုရမ်ကိုး စပြီးစွဲလမ်း်ခဲ့ရတာပေါ့ရှင် ဖိုရမ်တွေကို အားလုံးလိုက်ဖတ် နည်းပညာပိုင်းတင်မဟုတ်တော့ပဲ လောကရဲ့ဘ၀မျိုးစုံခံစားခက်မျိုးစုံတွေ ကိုပါုဝင်ရောက်ဆွေးနွေးခဲ့တာပေါ့ရှင်..
စရေးခဲ့သောဖိုရမ်ဆိုဒ်
ဆေးဗားစရေးခဲ့သော ဖိုရမ်ဆိုဒ်လေးကတော့ ပလန်းနက်ဆိုဒ်လေးမှာစရေးခဲ့တာပါရှင်..
ပလန်းနက်မှာ Chitchat မှာလဲ ခံစားချက်တွေရေးတယ်
Love & romance မှာလဲ သူများရဲ့ နှလုံးရေးရာပြသာနာတွေကိုးလိုက်ပြီးဆွေးနွေးခဲ့ပါတယ်ရှင်
Music ကျတော့လဲ အလျော့မပေးပြန်ဘူး ကိုယ်ဝါသနာပါတာလဲဖြစ်နေတာနဲ့ သီချင်းတွေဆိုလဲ ရေးခဲ့တာပါပဲရှင်..
ဖိုရမ်ရေးတာကို တော်တော်လေးကိုစွဲလမ်းခဲ့ပါတယ်ရှင်အခုဆို ပလန်းနက်မှာတင်မကတော့ပဲ..ကိုမွန်းစတာကြီးရဲ ပဒုန်မာမှာလဲ တော်တော်လေးရေးဖြစ်ပါတယ်ရှင်..ဒါအပြင်တခါတခါ မြန်မာတီးရှော့ကိုလဲခုန်ကူးလိုက်သေးတယ်..နောက်ထပ်ကိုစေတန်ရဲ mysteryzillion မှာနည်းပညာတွေသွားမေးလိုက်နဲ့ ဖိုရမ်တွေကြားမှာပဲလည်ပတ်နေပါတယ်ရှင်..ဆေးဗား
စရေးဖြစ်ခဲ့သော တော့ပစ်ခေါင်းစဉ်လေးကတော့
ယောကျာ်းလေးများနှင့်မိန်းကလေးများ အခွင့်အရေးမတူညီခြင်းဆိုတဲ့ တော့ပစ်လေးတင်ခဲ့ပါတယ်ရှင်..အဲဒီတော့ပစ်တင်ဖြစ်သွားတာကလဲ အိမ်ကမောင်လေးကိုမကျေနပ်တာနဲ့ တင်လိုက်တာပါရှင်..အဲဒီကျမှာပဲကိုယ်တင်လိုက်တဲ့ တော့ပစ်က တော်တော်လေးကို ထိရောက်သွားခဲပါတယ်ရှင်..မောင်လေးကိုမကျေနပ်တာနဲ့ ယောကျာ်းအားလုံးကိုး ပြောရမလားဆိုပြီးခေါင်းစဉ်က ကြီးပြီး ..ပြောထားတာက ဘာမှမဟုတ်တာလေးဖြစ်နေလို့ အကုန်လုံးရဲ မေတ္တာပို့မှုကို ခံလိုက်ရပါသေးတယ်ရှင်..အခုတော့ဖိုရမ်တွေ အားလုံးမှာလဲလိုက်ရေးနေပြီးဆိုတော့..ဒီလိုမျိုးတော့ပစ်ခေါင်းစဉ်နဲ့ ကိုယ်ပြောချင်တာနဲ့လွဲတာတွေတော့ သိပ်မရှိတော့ပါဘူး..
ဒါပေမယ့်နောက်ပိုင်းဖိုရမ်တွေမှာ ပြောင်အပျက်တွေ များလာတာတွေ့ရပါတယ်ရှင်ဒါကတော့ တချိုက ကိုယ်ရဲ့ခံစားချက်ရင်ဖွင့်ရာလို့ ဖိုရမ်ကို သတ်မှတ်ထားတဲ့သူတွေရှိသလို့ တချိုကလဲ..ကိုယ်ရဲ့ ပျော်ရွင်ဖို့အတွက်သတ်မှတ်ရာနေရာလေးလဲဖြစ်နေတော့လဲ ကိုယ်ကဘာမှပြောခွင့်မရှိဘူးပေါ့နော်..
ဖိုရမ်ရေး၍ ရရှိသောအကျိုးကျေးဇူးကတော့
ဗဟုသုတလဲရတယ်..ခံစားချက်တွေလဲရင်ဖွင့်လိုရတယ် ..မိတ်ဆွေ အပေါင်းအသင်းတွေလဲကျယ်ပြန့်လာပါတယ်ရှင်..
တကယ်တော့ဖိုရမ်ကို အပျော်ရေးမယ့်အစား တကယ်စိတ်ခံစားချက်တွေနဲ့ ဆွေးနွေးပေးရင် တအားကောင်းမှာပေါ့ရှင်…ဆေးဗားကတော့ အင်တာနက်သုံးလို့ရနေသရွေ့ ဖိုရမ်တွေကို စွန့်ခွာသွားမှာမဟုတ်ပါဘူးရှင် …ဆေးဗားလို့ပဲ တခြားသူများလဲ ဖိုရမ်တွေ ရေးပြီး ပျော်ရွင်မှုတွေ အသိပညာတွေတိုးတက်ပါစေနော်…

Friday, August 17, 2007

Banana 2

ကျန်သေးတဲ့ ငှက်ပျောသီးအသုံးဝင်ပုံဒုတိယပိုင်းကို ဆက်ရေးပါမယ်နော်..
၁၁။ အစာအိမ်ရောဂါ
ငှက်ပျောသီးစီမ်းကိုး အခွံနွာ၍ နေပူတွင်ခြောက်သွေ့အောင်လှန်းပြီး မှုန်ညက်အောင်ကြိတ်ထားပါ။
ယင်းအမှုန့်ကို မုန့်လုပ်၍ နေ့စဉ်စားပေးပါ။အစာအိမ် အချဉ်ပေါက်ရောဂါ၊ အစာအိမ်နှင့်ပတ်သတ်သော ရောဂါများ ပျောက်ပါသည်။ (သို့မဟုတ်)
ငှက်ပျောသီးကို အခွံနွာပြီး ပါးပါးလှီး၍ ခြောက်အောင် နေလှန်းပြီးကြော်စားနိုင်ပါသည်။
၁၂။အဆုတ်နာရောဂါ
တစ်တောင်ခန့်ရှိသော ငှက်ပျောပင်ငယ်အလယ်ပိုင်းကို ဖြတ်ယူပြီးလျှင် ကြံရည်ညုစ်သကဲ့သို့ ညုစ်၍ နှစ်နာရီခြား တစ်ခွက်တိုက်ပေးပါ။
၁၃။မျက်စိနာ
ငှက်ပျောသီးရင့်ရင့်အစိမ်းအား လက်ဝါးခန့်လှီး၍ မျက်စိတွင် ပုံအုပ်ကာကွယ်ထားပေးပါ။
၁၄။ အတွင်းကြေ
အရိုက်အနှက်ခံရ၍ အတွင်းကြေသော် ငှက်ပျောသီး မှည့်နှင့် ဆားနှစ်မျိုးရော၍ နာနာနယ်ပြီး ဒဏ်ရာတွင် အုံပေးပါ။
၁၅။ အညောင်းမိ အနာဝင်ငန်းမန်းလိုက်
ငှက်ပျောအူမှ ကြိတ်၍ရသော အရည်ကို ရေနံချေးနှင့်ရောစပ်၍ အည်ာမိသော အနာကို အုံ၍ ပတ်တီးစည်းပေးပါ။
၁၆။ အရက်မူးလွန်
ငှက်ပျောမြစ်ပြုတ်ရည် တိုက်ပေးပါ။
၁၇။ ဆီးချို
ရခိုင်ငှက်ပျောသီးစိမ်းကို အခွံနွာပြီး မီးကျီးတွင် ခြောက်အောင်ကင်၍ ထုခြေပါ။ပြီးလျှင်ဆီဆမ်း၍ ရောဂါမပျောက်မချင်းစားပေးပါ။
၁၈။ ၀မ်းပျက်ဝမ်းကိုက် ၀က်ရူးပြန်
ငှက်ပျောအူတိုင်မှ ထွက်သည့် အရည်ကို တိုက်ပေးပါ။
၁၉။ သွေးထွက်လွန်
သွေးတိုက်စေရန်ငှက်ပျောအူတိုင်မှ အရည်ကို ဆွတ်ပေးပါ။
၂၀။ အသံဝင်
သူငယ်စာငှက်ပျောပင်အူတိုင်ကို တစ်နေ့တစ်ကြိမ်စုပ်ပေးပါ။
၂၁။ မီးလောင်ဒဏ်ရာ
ငှက်ပျောရွက် မီးအုံးထားပေးပါ။ငှက်ပျောရွက် ခင်းအိပ်ပါ။
ဆေးဗား သိရှိသလောက် ငှက်ပျောနဲ့ပတ်သတ်တဲ့ အသုံးဝင်ပုံလေးတွေတင်ပြလိုက်ပါတယ်နော်..
သတ္တ၀ါအားလုံးချမ်းသာ ကိုယ်စိတ်မြဲပါစေ....ရွှင်လန်းပါစေနော်...

banana

အခုဆေးဗားတခုလောက်ပြောပြချင်ပါတယ်နော်..ငှက်ပျောသီးရဲ့ အသုံးဝင်ပုံတွေကိုပြောပြမှာပါရှင်...

ဆေးဗားလဲစာအုပ်ထဲက ဖတ်မိသမျှလေးတွေ ပြန်တင်ပြပေးတာပါနော်...ဆေးဗားဘလော့ကိုလာလည်သူများကျန်းမာရွင်လန်းပါစေနော်..
၁။ အသက်ရှည်ရန်
သူငယ်စာငှက်ပျောသီးမှည့်ကို ပျားရည်နှင့်စိမ်၍ စားပေးပါ။
၂။ ခံတွင်းပျက်လျှင်
ငှက်ပျောသီးမှည့်ကို ထန်းလျက်နှင့် စားပေးပါ။ဆီးချူပ်၊ ၀မ်းချူပ် ရောဂါပါ ပျောက်ပါသည်။
၃။ အားဖြစ်စေရန်
ထမင်းစားပြီးတိုင်း ဖီးကြမ်းငှက်ပျောသီး ပျော်ပျော်ကို နေ့စဉ်စားသုံးပေးပါ။
၎။ ဆီးလွန်
ငှက်ပျောသီး အမှညှ်နှင့် ဆီးဖြူသီးအမှည်ကို ညုစ်၍ ရသောအရည်ကိုပျားရည်နှင့်ရော၍ စားပေးပါ။
၅။ ကလေးဝမ်းသွားဝမ်းလျော
ဖီးကြမ်းငှက်ပျောသီးတစ်လုံးကို မီးဖုတ်၍ ကျွေးပါ။ဝမ်းသွားခြင်းရပ်တန့်သွားပါမည်။
၆။ ကလေးကြပ်မျက်သင့်
ဖီးကြမ်းငှက်ပျောသီး များများကျွေးပါ။
၇။ ကိုယ်စိတ်နှလုံးပင်ပန်းနွမ်းနယ်
ငှက်ပျောသီးမှည့်နှင့် စပျစ်သီးကို ရော၍ ပျော်ရည်လုပ်သောက်ပေးပါ။
၈။ ဆီးချို
ငှက်ပျောပွင့်ကို ချက်ပြုတ်၍ စားပေးပါ။
၉။ မီးယပ်လွန်
ငှက်ပျောဖူးမှ ညုစ်၍ရသောအရည်ကိုဒိန်ခဲနှင့်ရော၍ စားပေးပါ။
၁၀။ မီးယပ်ပိန်
ငှက်ပျောခေါင်းကို မှုန်ထောင်းပြီးကြိတ်၍ ပျာ်းရည်နှင့်စားပါ။
ဒုတိယပိုင်းဆက်ပါဦးမယ်ရှင်...

Thursday, August 16, 2007

အမျိုးသမီးများ ကော်ဖီသောက်မှုနဲ့ပတ်သတ်ပြီး စာအုပ်ထဲမှာ ဖတ်ဘူးတာလေးနဲ့ပြောပြမယ်နော်..အမျိုးသမီးများဟာ တစ်နေ့ကို.. ကော်ဖီသုံးခွက်သောက်ခြင်းဖြင့် ..အသက်ကြီးလာတဲ့အခါ
ဥာဏ်ရည်ကျဆင်းမှုနှုန်းကို လျော့နည်းစေပါတယ်ရှင်..ဆိုလိုချင်တဲ့သဘောကတော့သတိမေ့ရောဂါသိပ်မဖြစ်တော့ဘူးလို့ပြောချင်တာပါရှင်..
ဒါကြောင့်မို့အမျိုးသမီးတွေဟာ တစ်နေ့ကိုအနည်းဆုံး ကော်ဖီသုံးခွက်သောက်သုံးပေးလို့ရပါတယ်ရှင်..
အားလုံးကိုကျေးဇူးတင်ပါတယ်နော်..

Thursday, August 9, 2007

words....

ဆေးဗားကြိုက်တဲ့ စာသားလေးပါနော် ...
အားလုံးကို ဝေမျှပေးတာပါနော်..

ဘ၀မမြင့်ပါနဲ့ ..မြင့်တဲ့သစ်ပင်လေတိုက်ခံရတယ်...
ကျောက်နံရံ ကြက်ဥနဲ့ မပေါက်ပါနဲ့ ကွဲသွားမယ်...
လမင်းကို ခွေးဟောင်ပေမယ့် အေ၇ာင်အ၀ါမပျက်ဘူး...

အသက်ကြီးတာဟာ ဂုဏ်ပဲ..
အသက်အရွယ်ကြီးတာဟာ အရည်အချင်းကောင်း တစ်ခုရတာပဲလို့ ပညာရှင်တွေက ပြောကြတယ်..
ဒီစာသားလေးတွေကိုနှစ်သက်လို့ပါရှင်...

Monday, August 6, 2007

7.8.2007

အခုတလောသေတဲ သူတွေအရမ်းများနေတယ်နော် ..ကြားရတာ စိတ်မကောင်းဖြစ်မိပါတယ်ရှင်..သေသွားတဲ့သူတွေကလဲ အသက်တွေက တအားမကြီးကြသေးဘူး ..သူတို့ကိုတွေ့ပြီး တခုခုကိုသဘောပေါက်မိတယ် သေခြင်းတရားဆိုတာ ကြီးတာငယ်တာမရှိပါလားလို့ သူခေါ်ချင်တဲ့ သူကိုခေါ်သွားတာပါလားလို့..အဲလိုများအခေါ်ခံရရင် ကိုယ်အတွက် ယူသွားစရာဘာများရှိပါလိမ့်လို့ စဉ်းစားလိုက်တဲ့အခါ ..သြော် ခေါ်သွားရင်ဒီအတိုင်းပဲလိုက်သွားရမှာပါလားလို့ သဘောပေါက်မိတယ် ငယ်သေးလို့ တရားမလုပ်သေးဘူးဆိုတဲ့ အတွေးတွေလဲ ဒီမှာတင်တခါတည်းပျောက်သွားတယ် ..အခုလောလောဆယ် တရားမလုပ်သေးတောင် ကောင်းမှုတွေတော့လုပ်ရမယ် အရင်ဆုံး ကောင်းမှုအနေနဲ့ တအားကြီးလဲ အပမ်းကြီးတာ မဟုတ်တဲ့ မိဘကို စိတ်ချမ်းသာအောင်ထားရမယ် ..ပြီးရင်ကိုယ်ရတဲ့ ကိုယ်ပိုင်ဝင်ငွေလေးတွေကို စုပြီး ဘုရားမှာ ကိုယ်တွက်မလှူသေးတောင်မိဘအတွက်လှူပေးရမယ်...ခုတော့ ဆေးဗားလဲ ကြိုးစားပြီးမိဘကျေးဇူးဆပ်နိုင်အောင်ပြင်ဆင်နေပါပြီးရှင်..သေခြင်းတရားနဲရင်ဆိုင်ရာမှာလဲ ကြောက်ရွံမှုမရှိအောင် ပြင်ဆင်ရဦးမယ်...အားလုံးကိုကြိုတင်ပြင်ဆင်ထားမှ တော်ကာကျမယ် လောကကြီးပါလားနော်......

Tuesday, July 24, 2007

To become healthy liver

ဆေးဗားက ဆရာဝန်တစ်ယောက်တော့ မဟုတ်ပါဘူး ..ဒါပေမယ့် ကိုယ်ဖတ်ဖူးတဲ့ စာအုပ်ထဲ က ကျန်းမာရေးနဲ့ပတ်သတ်တာလေးတစ်ခုတော့ ပြောပြချင်လို့ပါရှင်..လွယ်လွယ်ကူကူလဲ လိုက်လုပ်လို့ရပါတယ်ရှင်..အသည်းကျန်းမာသန်စွမ်းအောင်လုပ်တဲ့ နည်းလေးပါရှင်..
ပထမဦးဆုံး
အသည်းရောဂါ မရှိသူတို့သည် လက်ချောင်း ၅ချောင်းကို ဆန့်ပြီးနောက် လက်ညှိုးကို အားထုတ်၍ ကွေးနိုင်ပါတယ်ရှင်..အခြားလက်ချောင်း၎ချောင်းမှာ မကွေးဘဲ ဆန့်မြဲဆန့်နေနိုင်ပါတယ်..အကယ်၍ အသည်းတွင် တစုံတရာသော အနာရောဂါ ရှိလျှင် လက်ညှိုးမှာ အားလျော့ပြီး ကွေးနိုင်တော့မည်မဟုတ်ပါဘူးရှင်..
ဒါကြောင့်မို့ လက်ညှိုးကို မကြာခဏလှုပ်ရှားပေးခြင်းသည် အသည်းကို သန်မာစေနိုင်ပါတယ်ရှင်..လက်ညှိုးအားလှုပ်ရှားစေနိုင်သည့်နည်း တစ်မျိုးရှိပါတယ်ရှင်...
ဘယ်ဘက်လက်ညှိုးနှင့် ညာဘက်လက်ညှိုးကို ရင်ဘတ်ရှေ့တွင် ကွေး၍ ချိတ်ထားပြီး လက်ညှိုးနှစ်ချောင်းကို ဘေးနှစ်ဖက် သို့အားထုတ် ၍ ဆွဲပေးရပါတယ်ရှင်...
ဒီနည်းလေး နဲ့ နေ့စဉ်နံနက်နှင် ညအခါတွင် ၅မီနစ်စီလေ့ကျင့်ပေးရပါမယ်ရှင်...ကွေး၍ချိတ်ထားသော လက်ညှိုးနှစ်ချောင်းကို အားထုတ်ပြီး ဆွဲသည်အခါ နှာခေါင်ဖြင့် အသက်ပြင်းပြင်း ရူသွင်း ၍ ဆွဲအားလျော့သည်အခါ ပါးစပ်မှ ထွက်သက်ကို တဖြည်းဖြည်း မှုတ်ထုတ်ရပါမည် ရှင်...
ဒီနည်းလေးကိုလုပ်ကြည့်ခြင်း ဖြင့် အချိန်လဲသိပ်မကုန်ပဲ ကိုယ်ရဲ့ အသည်းလေးကျန်းမာသန်စွမ်းနေအောင်လို့ ပါရှင်..
ဆေးဗားလဲ စာအုပ်ထဲကနေ ဆေးဗား သူငယ်ချင်း သူငယ်ချင်းတွေ အကျိုးရှိမယ့် နည်းလေးကို တင်ပြလိုက်ပါတယ်ရှင်
ကိုးကားချက်...Traditional Chinese Medicine Jornal...

Friday, July 20, 2007

21.7.2007

မျော်လင့်နေသော့ မိုးက ဒီနေ့ ရွာကျလာပါပြီရှင်..ဒါပေမယ့်သည်းသည်းမဲမဲကြီးတော့ မဟုတ်ပါဘူး..နည်းနည်းနဲ့ ရွာနေတာ မနေ့က တညလုံးလဲ ရွာ ဒီနေ့လဲရွာ ..တော်သေးတယ် မိုးရွာတာရေသိပ်မပါလို့ ရေတာ ပါရင်တော့ မလွယ်ဘူး သေချာ တယ် အိမ်ရှေ့မှာ မော်တော်ဘုတ်စီးပြီးသွားရမှာ ..ဟီး..မိုးရွာပေမယ့် လဲ ကိုယ်ရဲ တာဝန်ဖြစ်တဲ့ ဆီသွားရတာပါပဲရှင်..ဒါပေမယ့် မန္တလေးက ကျောင်းသားကျောင်းသူတွေကတော့ မိုးအေးအေးနဲ့ အိပ်ပဲပျော်နေလား မသိပါဘူး..တစ်ယောက်မှ ပေါ်မလာကြာပါဘူး ...အဲဒီတော့ ဆရာမဖြစ်တဲ့ ဆေးဗားက အွန်လိုင်းပေါ်တက်မယ်လို့ အလုပ်မှာ ပဲ ကျောင်းသားတွေ မလာရင် သန့်ရှင်းရေးလုပ်ကြရအောင်ဆိုလို့ စက်တွေ မပေးနဲ့ မိုးအေးအေးမှာ ချွေးပြန်နေရပါတယ်ရှင်..စက်တွေ ရှင်းလင်းပြီးမှ ပဲအွန်လိုင်းပေါ်တက်ပြီး ဒီပိုစ်လေးကိုရေးဖြစ်တော့တာပါပဲရှင်..မိုးကလဲ အာဇာနည်နေ့မှာ ရွာရမှာကိုး မရွာပဲ..ဒီနေ့ကျမှရွာတယ်..တစ်မျိုးကြီးပဲ သူများတွေပြောတာ ကြားဘူးတယ် စနေ့မိုးက စွေတတ်တယ်တဲ့ ..ခုစနေနေ့မှာ မိုးရွာတာဆိုတော့ စွေတော့မယ်ထင်တာပဲ...
သေချာတာတော့ မျှော်လင့်နေတဲ့ မိုးလေးရွာလားတဲ အတွက်ဝမ်းသာမိပါတယ်ရှင်..ဒါပေမယ့် အဲလိုမိုးကြီးစွေနေပြန်၇င်လဲ မကြိုက်ပြန်ဘူး ..ခက်တယ်နော် လူအလိုကို နတ်မလိုက်နိုင်ဆိုတဲ့ စကားလေးကသိပ်မှန်တာပါပဲရှင်...ဆေးဗားတစ်ယောက်တည်းတော့ မိုးမရွာတော့ မျှော်လိုက်..မိုးရွာတော့ စိတ်ညစ်လိုက်နဲ့ ..အမျိုးမျိုးဖြစ်နေတာ..လူအများကြီးဆို သူတို့လဲ တစ်ယောက်တစ်မျိုးဆီ ရှိနေမှာပဲနော် အဲလိုသာ လူတွေ အကြိုက်လိုက်လုပ်ပေးရရင် မိုးရွာလိုက်ေ နပူလိုက် လေတိုက်နဲ့ သဘာဝတရားကြီးလဲ ရူးသွားမလားမသိဘူးနော်....

Tuesday, July 10, 2007

Longing for rain

မိုးမိုးလို့ သာအော်လိုက်ချင်တော့တယ် ရှင်..မိုးကိုမျှော်နေတာပေါရှင့် ..မန္တလေးမှာ ခုမိုးမရွာဘူး ..ရှင်..မိုးရာသီမှာ မိုးမရွာတော့လဲ တစ်မျိုးပဲရှင်..မိုးရွာသီကိုတော့ မကြိုက်ပါဘူး ..ဒါပေမယ့် မိုးအုံနေပြီးလေအေးအေးလေးတွေ တိုက်နေရင် တအားကြိုက်တယ် ..လေထဲ မှာ ခဏလောက်ရပ်လိုက်ရင် လေအေးအေးလေးတွေက ဆံပင်ကို တိုးဝှေ့သွားတာ မိုးကောင်းကင်ကို မော်ကြည့်လိုက်ရင်လဲ အမြဲပူုနေတဲ့နေမင်းကြီးကို မတွေ့ရပဲ..အုံးဆိုင်းနေတဲ့မိုးသားတွေကြည့်ရတာ သဘောကျတယ်
ငယ်ငယ်တုန်းက တော့မိုးရွာတာကိုးတအားသဘောကျတယ်..ကျောင်းတွေလဲ ပိတ် အိမ်ရှေ့မှာ ရေတွေနဲ့ တအားပျော်ဖို့ကောင်းတယ် အိမ်ရှေ့မှာက မိုးရွာလိုက်တာ နဲ့ လမ်းကနိမ့်တော့..ရေတွေက လျှံနေပြီလေ ..ရေတွေ ထဲတော့မဆင်းရဘူး ..ဆင်းလဲမဆင်းရဲဘူးကြောက်တယ် ..ရေတွေ မြင်ရတာ တမျိုးတော့ ပျော်ဖို့ကောင်းတယ် ချောင်းသာရောက်နေသလိုလိုဘာလိုလိုနဲ့ ဟီး..ဒါပေမယ့် အရွယ်ရောက်လာတော့ မပျော်တော့ဘူးရှင်..ရေတွေ ရှိနေတော့ ကိုယ် သွားချင်တဲ့ နေရာကို သွားလို့လဲမရတော့ဘူး ..ဆိုင်ကယ်ဆို ရပ်သွားရော် ..အဲလို ရေတွေများပုံကို မကြိုက်တဲ့ ကြားက မိုးနဲ ပတ်သတ်တဲ့ သီချင်းတွေ ကဗျာတွေကိုတော့ သဘောကျတယ်ရှင့်မိုးနဲပတ်သတ်တာ ဆိုလို့ မိုးရွာရင် မိုးရေချိုးမယ် မေမေလာရင်နိုဆို့မယ် ..ဖေဖေလာရင် အုန်းသီးခွဲစားမယ်ဆိုတဲ့ ကဗျာလေးကို တအားနစ်သက်တယ်..ပြီးတော့မိုးနဲ့ပတ်သတ်တဲ့ သီချင်းလေးတွေ ကိုလဲကြိုက်တယ်..မိုးတွေရွာနေချိန်တိုင်း ဒီရင်မှာ လွမ်း အိမ်ပြန်ချိန်လမ်းလေး နင်မသိလို့ ခုဆို လူတွေအကုန်လုံးသိပ်မပျော်နေချိန်မို့ နင်ဘယ်မှာ ရှိမလဲ ငါမသိလို့ အဲဒီသီချင်းလေးကတော့ အကြိုက်ဆုံးလေးပေါ့ရှင်..အဲလိုကြိုက်လို့ မိုးနဲ့ပတ်သတ်တဲ့ ဇာတ်လမ်း ရှိမယ့်လို့တော့မထင်လိုက်ပါနဲ့နော်..မိုး ရွာရင် ..မျှော်တဲ့ သူမလာမှာပဲစိုးမိတာပါရှင်.. ..မိုးကိုခုမျော်နေရတာကလဲ ..ပူပြင်းတဲ့ နေရောင်ဒဏ်ကိုခံစားနေရတဲ့ ဆေးဗားတို့ မန္တလေးသူ မန္တသားတွေ ပျော်စေချင်လို့ပါရှင်..မန္တလေးက သူတွေကလေ ..မိုးရွာရင် ဘာအလုပ်မှမလုပ်ကြတော့ဘူး ..ရုံးတွေ ကျောင်းတွေလဲမသွားကြတော့ဘူး ..တကယ်တော့ ပျင်းလို့ရယ် မဟုတ်ပါဘူး သွားရလာရတာ တအားခက်လို့ပါရှင်.. ရေတွေ က လမ်းမှာလျှံနေပြီးလေ ..ဒါကြောင့်ပါရှင်..ဆေးဗားကတော့ မိုးကိုးမျှော်နေပါပြီးရှင် ..မိုးရွာထဲ တခါလောက်လျှောက်သွားပစ်လိုက်ချင်တယ်ရှင်…မိုးထဲမှာ ဂျေမီသီချင်းထဲလိုမျိုး မိုးထဲ လေထဲ ခုန်ပေါက်ရင်းနဲ့ ..သီချင်းထဲကို ငယ်ငယ်တုန်းကလို့ ဆော့လိုက်ချင်ပါတယ်ရှင်…

Sunday, July 8, 2007

sad new

ဝမ်းနည်းစရာသတင်းလေးတစ်ခုပြောပြမယ်နော် ..ဆေးဗားလဲ သူများပြောလိုရကြားရတာပါပဲရှင်.. မန္တလေးမှာ တကယ်ဖြစ်သွားတဲ့ အကြောင်းလေးပါရှင် ..သိပ်မကြာခင်ကပါရှင်...ကျောင်းတစ်ကျောင်းမှ ကျောင်းသားလေးတစ်ယောက် က အိမ်သာသွားရင် သူ့သူငယ်ချင်းက စတဲ့ အနေနဲ့ တံခါးပိတ်ထားခဲ့တာ ပြန်ဖွင့်မပေးခဲ့ဘူး ..အဲဒီ ကျောင်းသားလေးက အိမ်သာထဲမှာ တစ်ယောက်တည်း ကျန်နေခဲ့တယ် ကျောင်းဆင်းလို့ အိမ်ကိုလဲ ပြန်မရောက်လာဘူး..မိဘတွေက စိတ်ပူပြီးလိုက်ရှာကြတယ် ကျောင်းရဲ အိမ်သာထဲမှာ ရှိနေတယ်လို့ ဘယ်သူမှ မထင်မိကြဘူးလေ...ကျောင်းသားလေးက တော့ အိမ်သာထဲမှာ ငိုယိုအော်ဟစ်နေတယ် ဘယ်သူမှလဲ မကြားကြဘူးပေါ့..နောက်တစ်နေ့ ကျောင်းဖွင့်တော့မှ အိမ်သာထဲမှာ အသက်မရှိတော့တဲ့ ကျောင်းသားလေးကို ပြန်တွေ့ကြရတယ်တဲ့ ..စိတ်မကောင်းစရာကောင်းလိုက်တာနော် ..တကယ်ပဲ ဘာလို့ အဲဒီလောက်ထိ အစအနောက်သန်ကြတာလဲ မသိဘူးနော် ..ဆေးဗားကြားတာကတော့ ကျောင်းသားလေးက သူငယ်တန်းကလေးလေးပဲ ရှိသေးတယ်တဲ့ ..သနားပါတယ် နော် .. ဒီသတင်းကို ကြားရတဲ့ အချိန်မှာ ရင်ထဲမှာလုံးဝမကောင်းဘူး...တစ်ခုတော့ မှတ်သားမိလိုက်ရတယ့် လူတစ်ဖက်သာ တခုခု ဖြစ်သွားအောင်စခြင်းက မကောင်းဘူးဆိုတာ ပါပဲရှင်..

Thursday, July 5, 2007

ဝါဆိုသင်္ကန်းကပ်တဲ့နေ့

မနေ့က ၀ါဆို သင်္ကန်းကပ်တာ..မန္တလေးတောင်နားက ဘုန်းကြီးကျောင်းမှာ..ပျော်ဖိုကောင်းလိုက်တာမှ တအားပဲ...အိမ်နဲ့ အဲလိုမသွားရတာ ကြာနေပြီး..အိမ်ကသွားရင် ကျန်ကျန်နေခဲ့တာများတယ် ..ပျော်ဖို့ကောင်းတယ်...အဲလိုသွားရာတာ ...မနေ့ကလေ ဟီးဘုန်းကြီးတစ်ယောက်ဗေဒင် ကြည့်ပေးသေးတယ.်..စုတ်ကောလာဒ်ကောဝင်မယ်တဲ့ဘာတွေ
ဝင်လာမလဲတော့မသိပါဘူး..ထီပေါ်က်ကိန်းလဲရှိတယ်တဲ့ .ဘယ်သူဆေးဗားနဲ့ ထီစပ်ထိုးမလဲဟင်....ထီပေါက်ရင်တော့အွန်လိုင်းကသူငယ်ချင်းတွေ နဲ့ပျော်ပျော်ပါးပါးလျှောက်လည်လိုက်ဦးမယ်..ဘုရားဖူးလဲထွက်မယ်..အလှုအတန်းတွေလဲလုပ်ဦးမယ်..ပြီးတော့မရှိတဲ့သူတွေကိုလဲ လှူမယ်..ကျန်တဲ့ ဆေးဗားသူငယ်ချင်းတွေကော ထီပေါက်ရင် ဘာလုပ်မှာလဲဟင်.......အဲထီအကြောင်းရောက်သွားတယ် သင်္ကန်းကပ်တာကနေ...ဟီး...မနေ့ကလေ အလှူမှာပေါ့ ကိုယ်ကကူလုပ်ပေးမလို့ပါပဲ ဒါပေမယ့်ဘယ်လိုဖြစ်တယ်မသိဘူး...တချိန်လုံးခလုတ်ပဲတိုက်နေတာပဲ ဟီး ဒါကြောင့်ကူတောင်မချပေးရဲဘူး ..တော်ကြာဆူခံရမှာလေ လူကြီးတွေက...တခုလေးလုပ်လိုက်ပါတယ် လင်ဗန်းကြီးတက်နင်းမိလို့ ဦးလေး ကဆူလိုက်သေးတယ် ဟီးဖြစ်ရမယ်တဲ့..ကိုယ်စားဖို့ ကြာဇံဟင်းရည် သွားယူတော့လဲ သူငယ်ချင်းပေါင်ပေါ်ကို ဟင်းရည်တွေ ဖိတ်ကျသေးတယ် ..ဘယ်လိုဖြစ်တာလဲမသိပါဘူး..နော်..ကြည်ရတာတစ်ယောက်ယောက်သတိရနေလို့လား မသိဘူးနော်..ပေတူးလား လော်ရာလား ဟင် သတိရနေတာက...ဟီး ပေတူးကတော့ မေတ္တာပို့နေမလားဟင် ဖိတ်ပြီးတော့ ဘုန်းကြီးကျောင်းလိပ်စာမသိဘူးဆိုလို့..တကယ်လဲ ရောက်ဘူးဘူး..မနေ့ကမှရောက်ဖူးတာ.ဆေးဗားကတော့ အွန်လိုင်းကသူငယ်ချင်းတွေ ကို အားလုံးသတိရပါတယ်နော် ..ဒါကြောင့် သူငယ်ချင်း အားလုံးအတွက်...ပိုပြီးစားခဲ့တယ်နော်...

Monday, July 2, 2007

အွန်လိုင်းပေါ်မှ သူငယ်ချင်း များနှင် ညီမအကိုမောင်နှမများ...

ကျွန်တော်မှာ နံနက်ဆိုရင် အရင်ဆုံးစထိတွေ့ရတာတော့ အင်တာနက်ကြီးပဲပေါ့ ..တစ်နေနေ့ အွန်လိုင်းပေါ်မတက်ရရင်တကယ်မနေနိုင်ဘူး..အွန်လိုင်းပေါ်မှာကလဲ ကျွန်တော်ရဲ့ ချစ်လှစွာသော သူငယ်ချင်း များနှင် အကို တွေ အမတွေ က အများကြီးပဲ ..ကျွန်တော်သူငယ်ချင်းအွန်လိုင်းမှ အများကြီးပေါ့ရှင်..တကယ်လဲခင်ပါတယ် ..ဘယ်လောက်ထိခင်လဲဆို ညအိမ်မက်မက်ရင် အွန်လိုင်းက သူငယ်ချင်းတွေ ပါလာကြတယ်အိမ်မက်ထဲထိ..တချိုလူတွေက အွန်လိုင်းမှာ အမှန်တွေ မပြောကြဘူး အဲဒါကိုမကြိုက်ဘူး..ကျွန်တော်ကတော့ အမှန်ပဲပြောတယ် မပြောချင်ရင်တခါတည်းမပြောချင်ဘူး ..ပြောထားလိုက်တယ်..ကျွန်တော်အွန်လိုင်းသူငယ်ချင်းတွေ နဲ့ ကော အကိုတွေအမတွေနဲ့ကော အပြင်မှာ တကယ်ဆုံချင်ပါတယ်...ဆုံပြီးတဲ့ အွန်လိုင်းသူငယ်ချင်းတွေလဲ ရှိပါတယ်..တအားကိုးခင်ဖို့ကောင်းပါတယ် ..တကယ်တော့ ဘယ်လောက်ခင်တယ်မခင်တယ် ..ဘုရားရှိခိုးရင်တောင် အွန်လိုင်းက သက်ရှိသက်မဲ့ သတ္တ၀ါအားလုံး သူငယ်ချင်းအားလုံးကျန်းမာပါစေချမ်းသာပါစေ လိုအင်တွေ ပြည့်ဝပါစေဆို့ နေ့တိုင်းဆုတောင်းပေးမိတယ်....ဟီးကျွန်တော်က လေ အွန်လိုင်းမှ သူငယ်ချင်းတွေ များတယ် ..အပြင်က သူငယ်ချင်းတွေထက်တောင် များသေးတယ် အပြင်မှာ စကားကသိပ်မပြောရဲဘူး..အွန်လိုင်းမှာဆို သာလိကာတို့ကြက်တူးရွေးက အရှုံးပေးရမယ် ..ဟီး ပြီးတော့တအားလဲ ကြောက်တတ်တယ် ..လူတွေကိုလဲ ကြောက်တယ် ..လမ်းဖြတ်ကူးလဲကြောက်တယ်အားလုံးကိုကြောက်တယ်. မကြောက်တာဘာမှကိုးမရှိဘူး ..ဟီးအဲဒီကြောက်တဲ့ အကျင့်ကိုလဲ အွန်လိုင်းက သူငယ်ချင်းတွေက ပျောက်အောင်လုပ်ပေးကြတယ် ..ဟီးခုလဲ သူတို့ကိုကြောက်လို့ ပျောက်ချင်ရင်ဆောင်ထားတုန်းပဲ..ဟီး
နောက်မှဆက်ေ၇းတော့မယ်နော်......

မင်္ဂလာပါရှင်..

ဘလော့ကိုလာလည်သူအားလုံးစိတ်၏ ချမ်းသားခြင်း .ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည်စုံနိုင်ပါစေရှင်...
ဒီနေ့ဟာမင်္ဂလာရှိသော နေ့ရက်လေးပါရှင်..
အခုဘာအကြောင်းစပြောရင်ကောင်းမလဲနော် ..ရှုပ်ပါတယ် ကိုယ်အကြောင်းကိုယ်ပဲပြောတော့မယ်နော် ..
မန္တလေးသူ ပီပီး ကျွန်တော်နဲ့ပဲသုံးတော့မယ်နော် ..ကျွန်တော်ကတော့ မန္တလေးမှာနေထိုင်သော ..ဆေးဗားမွန်းလို့ အများကခေါ်တဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်ရှင်...ကျွန်တော်မှာ မိသားစုဝင်လေးယောက်ရှိပါတယ်ရှင်..အဖေ ရယ် အမေရယ် ကျွန်တော်ရယ် မောင်လေးတစ်ယောက်ရယ် ..ပေါ့ ပျော်ရွင်ဖွယ်ကောင်းတဲ့ မိသားစုလေးပါရှင်..
အရင်ကတော့ အဖေကို အမေထက် ပိုချစ်တယ် ..ခုသိတတ်တဲ့ အရွယ်ရောက်မှပဲ အမေကိုပိုချစ်တတ်လာတယ်..တကယ်တမ်း အမေက ပိုသနားစရာကောင်းတယ် ..သားသမီးဆိုးသမျှလဲ ခံရသေးတယ် ..ပြီးတော့ အိမ်ရဲ မိသားစုဝင်ငွေနဲ့ လောက်ငှအောင်လဲ စီမံရတယ်..အမေကို ပိုချစ်တယ်..ဘယ်အချိန်ချစ်သွားလဲဆိုတော့ ..ကွန်ပျူတာတက္ကသိုလ်နောက်ဆုံးနှစ် အုအတက်ပေါက်လို့ ဗိုက်ခွဲတဲ့အချိန်မှာ အမေဟာ ဆေးခန်းမှာ အမြဲတမ်း စောင့်ပေးခဲ့တယ်..ဘာမှမလှုပ်ရှားနိုင်သေးလို့ အမေက အားလုံးဂရုတစိုက်နဲ့လုပ်ပေးခဲ့တယ် ..အဲဒီတော့မှ မိဘဆို တာ သားသမီး ဘယ်လောက်ဆိုးဆိုး ..အရာရာကိုသည်းခံခွင့်လွတ်နိုင်ပြီး အားလုံးကိုလျှစ်လျူုရူပြီးလုပ်ပေးပါလားလို့သိခဲ့ရတယ် ..ကျွန်တော်က ငယ်ငယ်က နည်းနည်းလေးဆိုးခဲ့တယ် ..အမေပေါ်မှာပေါ့ လိုချင်တာဆို ခုရမှ..မရရင် တနေကုန် ၀ုန်းဒိုင်းနဲ့ လုပ်နေခဲ့တယ် ဒါပေမယ့် မိဘအပေါ်မှာတော့ ဘယ်တုန်းကမှ လိမ်မပြောခဲ့ဘူးဘူး..အားလုံးကိုအမှန်အတိုင်းပဲပြောတယ် ..မောင်လေးက ကျွန်တော်ထက်စာရင် တအားလိမ်မာတယ် ...ဘာမှမပူုဆာ မဆိုးဘူး..ကျွန်တော့ကတော့မဟုတ်ဘူး ..ကျွန်တော်လုပ်ချင်တာတွေပဲလုပ် တယ်...ကျောင်းသွားရင်လဲ သူများလို့ကျောင်းကားမစီးဘူး အိမ်ကကား.ယူသွားတာပဲ..ကျောင်းကားက နေရာမရဘူးလေ.မတ်တပ်စီးရတာ ...ဒါကြောင့်သူငယ်ချင်းတွေ စုပြီး အိမ်ကကားတွေနဲ့ သွားကြတယ် ..မာစတာတက်မယ်ဆိုတော့ အိမ်ကကားနဲ့မသွားနဲ့တော့တဲ့ကျောင်းကားနဲ့ပဲတက်တော့ဆိုတာနဲ့ ကျောင်းတောင်ဆက်မတက်ဖြစ်ဘူး ..အဲလောက်အရွဲတိုက်တာလေ..ခုတော့ နည်းနည်းလေးလိမ်မာလာပြီးအဲလောက်မဆိုးတော့ဘူး..လိမ်မာတော့မယ်လို့ဆုံးဖြတ်ထားတယ် ..ပြီးတော့ သူများတွေ သူများမိဘကိုလုပ်ကျွေးတာမြင်ရင် တအားအားကျတယ် ..ခုထိ ကိုယ်ခြေထောက်ပေါ်မရပ်တည်နိုင်သေးဘူး ..မိဘတွေကို ဒုတ်ခပေးတုန်းပဲ...
အခုဆုံးဖြတ်ထားတာက..မိဘကိုလုပ်ကျွေးနိုင်တဲ့ သမီးကောင်းတစ်ယောက် ဖြစ်ချင်တယ် ..ခုလက်ရှိတော့ဘာမှဖြစ်မလာသေးတဲ့ ကောင်မလေးတစ်ယောက်ပေါ့ရှင်....
အားလုံးကိုကျေးဇူးတင်ပါတယ်နော် ၀င်ဖတ်ပေးတဲ့အတွက်......