skip to main | skip to sidebar
Showing posts with label Health. Show all posts
Showing posts with label Health. Show all posts

Monday, August 27, 2007

သစ်သီးဖျော်ရည်သောက်ရအောင်


ဒီတခါတော့ ဆေးဗားတို့ အအေးသောက်ကြရအောင်နော်..


အမေရိကန်ဆေးပညာဂျာနယ်တစ်စောင်မှာ ရေးသားဖော်ပြထားတဲ့ လေ့လာမှုတစ်ခုရဲ့ ရလဒ်အဖြေတွေ အရ ဟင်းသီးဟင်းရွက် (သို့) သစ်သီးဖျော်ရည်တွေ သောက်ခြင်းဟာ အယ်(လ်)ဇိုင်းမားသူငယ်ပြန်ရောဂါ ကာကွယ်ဖို့ အထောက်အကူဖြစ်ကြောင်းသိရပါတယ်ရှင်။ဒီလေ့လာမှုတွေအရ တစ်ပတ်လျှင် သစ်သီးဖျော်ရည် ၃ကြိမ်သောက်သူတွေမှာ သစ်သီးဖျော်ရည်လုံးဝမသောက်သူတွေမှာထက် အယ်(လ်)ဇိုင်းမားရောဂါဖြစ်ဖို့ 76% လျော့နည်းတာကိုတွေ့ရှိကြရပါတယ်ရှင်။ဒါဟာတကယ်တော့ သစ်သီးအခွံတွေမှာ ပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ်စည်းတွေဟာ အယ်(လ်)ဇိုင်းမားသူငယ်ပြန်ရောဂါရဲ့ အဓိက လက္ခဏဖြစ်တဲ့ သတိမေ့ခြင်းကို ကာကွယ်ပေးနိုင်စွမ်းရှိလို့ပဲ ဖြစ်ပါတယ်ရှင်။ဒီသုသတေသနပြုချက်မှာ လူပေါင်း၂၀၀ ပါဝင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ ဒီစေတနာဝန်ထမ်းလေ့လာခဲ့သူအားလုံးဟာ အသက် ၆၅နှစ်နှင့် အထက်အသက်ကြီးသူတွေပဲ ဖြစ်ပါတယ်။လေ့လာမှုမစခင်မှာ အဲဒီလူတွေမှာ အယ်(လ်)ဇိုင်းမားရောဂါလုံးဝမရှိကြောင်း စစ်ဆေးပြီးမှ သူတို့ကို လေ့လာမှု အဆုံးသတ်ချိန်ဉ် အဲဒီလူတွေမှာအယ်(လ်)ဇိုင်းမားသူငယ်ပြန်ရောဂါဘယ်လောက်ဖြစ်တယ်ဆိုတာကို တွက်ချက်လေ့လာ အဖြေ ထုတ်ခဲ့တာဖြစ်ပါတယ်။ ဒီလေ့လာချက်ရဲ ကောက်ချက်အဖြေကတော့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဖျော်ရည်များများသောက်သူတွေ ဟာ နည်းနည်းပဲ သောက်သူ ဒါမှမဟုတ် လုံးဝမသောက်သူတွေထက် ဇရာကြောင့်ဖြစ်ရတဲ့ အယ်(လ်)ဇိုင်းမားရောဂါဝေဒနာကို ပိုမို ကာကွယ်နိုင်ကြောင်းတွေ့ရပါတယ်ရှင်။

ဒါကြောင့် ဆေးဗားတို့ သူငယ်ချင်းအားလုံးလဲ အယ်(လ်)ဇိုင်းမားရောဂါ မဖြစ်ပွားရလေအောင် သစ်သီးဖျော်ရည်တွေ သောက်ကြပါစို့နော်...


Wednesday, August 22, 2007

Plum

ဆေးဗားရဲ သူငယ်ချင်းအားလုံး ဆီးသီးလေးတွေ စားရအောင်နော်…ဆီးသီးနဲ့ပတ်သတ်ပြီး ကိုယ့်ကျန်မားရေးအတွက်အကျိုးရှိတာလေးတွေ ပြောပြမယ်နော်..
ဆီးသီးဟာ အမျှင်ဓတ်ကြွယ်ဝတဲ့ သဘာဝအရင်းအမြစ်အသီး ဖြစ်ပါတယ်။ဆီးသီးစားရင် ခေါင်းကြည်လင်လန်းဆန်းစေတဲ့ အပြင် ကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီးပေးပါတယ်။အမျိုးသားများသည် ဆီးကျိတ်ကင်ဆာကို ကာကွယ်ရန်ဆီးသီးစားပေးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်ရှင်။ အမျိုးသမီးတွေ ဆီးသီးသိပ်ကြိုက်တာမှန်ပါတယ်ရှင်။ဘာဖြစ်လို့လည်းဆိုတော့ ဆီးသီးဟာအစိုလတ်လတ်ဆတ်ဆတ်အသီးမှာရော၊ အခြောက်လှန်းလို့ ဆီးသီးခြောက်၊ဆီးသီးမှုန့်မှာရော သူမှာပါဝင်တဲ့ အောက်စီဂျင်ရယ်ဒီကယ်များကို တားဆီးစုပ်ယူနိုင်တဲ့ စွမ်းရည်ပမာဏများစွာရှိတဲ့အတွက် လူခန္ဓာကိုယ်မှာရော၊ ဦးနှောက်ကလာပ်စည်တွေထဲမှာပါ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေတယ်လို့ သိရပါတယ်ရှင်။ဆီးသီးစားရင် နုပျိုစေပါတယ်၊ ဦးနှောက်ကောင်းမယ်၊ စိတ်ရွှင်လန်းစေတယ်။ စိတ်ပျိုရင်ကိုယ်နုစေပါတယ်ရှင်။လွန်ခဲသောနှစ်ပေါင်းများစွာကတည်းက ဆီးဖျော်ရည်ကို စွမ်းအားပြည့်ဖျော်ရည် အဖြစ်လည်းကောင်း သောက်သုံးခဲကြတာဖြစ်ပါတယ်ရှင်။ ဆီးသီးမှာ ကယ်လိုရီလည်းနည်းတဲ့အပြင် အဆီးဓတ်လည်းနည်းပါးပါတယ်။ ကယ်စီယမ်နဲ့ ဗီတာမင် စီဓတ်လဲကြွယ်ဝပါတယ်ရှင်။
ဒီလောက် အဖိုးတန်တဲ့ ဆီးသီးကို ဆေးဗားတို့ သူငယ်ချင်းတွေ အားလုံး ဆီးသီးပေါ်တဲ့ အချိန်မှာ အတူတူစားကြရအောင်နော်။

Friday, August 17, 2007

Banana 2

ကျန်သေးတဲ့ ငှက်ပျောသီးအသုံးဝင်ပုံဒုတိယပိုင်းကို ဆက်ရေးပါမယ်နော်..
၁၁။ အစာအိမ်ရောဂါ
ငှက်ပျောသီးစီမ်းကိုး အခွံနွာ၍ နေပူတွင်ခြောက်သွေ့အောင်လှန်းပြီး မှုန်ညက်အောင်ကြိတ်ထားပါ။
ယင်းအမှုန့်ကို မုန့်လုပ်၍ နေ့စဉ်စားပေးပါ။အစာအိမ် အချဉ်ပေါက်ရောဂါ၊ အစာအိမ်နှင့်ပတ်သတ်သော ရောဂါများ ပျောက်ပါသည်။ (သို့မဟုတ်)
ငှက်ပျောသီးကို အခွံနွာပြီး ပါးပါးလှီး၍ ခြောက်အောင် နေလှန်းပြီးကြော်စားနိုင်ပါသည်။
၁၂။အဆုတ်နာရောဂါ
တစ်တောင်ခန့်ရှိသော ငှက်ပျောပင်ငယ်အလယ်ပိုင်းကို ဖြတ်ယူပြီးလျှင် ကြံရည်ညုစ်သကဲ့သို့ ညုစ်၍ နှစ်နာရီခြား တစ်ခွက်တိုက်ပေးပါ။
၁၃။မျက်စိနာ
ငှက်ပျောသီးရင့်ရင့်အစိမ်းအား လက်ဝါးခန့်လှီး၍ မျက်စိတွင် ပုံအုပ်ကာကွယ်ထားပေးပါ။
၁၄။ အတွင်းကြေ
အရိုက်အနှက်ခံရ၍ အတွင်းကြေသော် ငှက်ပျောသီး မှည့်နှင့် ဆားနှစ်မျိုးရော၍ နာနာနယ်ပြီး ဒဏ်ရာတွင် အုံပေးပါ။
၁၅။ အညောင်းမိ အနာဝင်ငန်းမန်းလိုက်
ငှက်ပျောအူမှ ကြိတ်၍ရသော အရည်ကို ရေနံချေးနှင့်ရောစပ်၍ အည်ာမိသော အနာကို အုံ၍ ပတ်တီးစည်းပေးပါ။
၁၆။ အရက်မူးလွန်
ငှက်ပျောမြစ်ပြုတ်ရည် တိုက်ပေးပါ။
၁၇။ ဆီးချို
ရခိုင်ငှက်ပျောသီးစိမ်းကို အခွံနွာပြီး မီးကျီးတွင် ခြောက်အောင်ကင်၍ ထုခြေပါ။ပြီးလျှင်ဆီဆမ်း၍ ရောဂါမပျောက်မချင်းစားပေးပါ။
၁၈။ ၀မ်းပျက်ဝမ်းကိုက် ၀က်ရူးပြန်
ငှက်ပျောအူတိုင်မှ ထွက်သည့် အရည်ကို တိုက်ပေးပါ။
၁၉။ သွေးထွက်လွန်
သွေးတိုက်စေရန်ငှက်ပျောအူတိုင်မှ အရည်ကို ဆွတ်ပေးပါ။
၂၀။ အသံဝင်
သူငယ်စာငှက်ပျောပင်အူတိုင်ကို တစ်နေ့တစ်ကြိမ်စုပ်ပေးပါ။
၂၁။ မီးလောင်ဒဏ်ရာ
ငှက်ပျောရွက် မီးအုံးထားပေးပါ။ငှက်ပျောရွက် ခင်းအိပ်ပါ။
ဆေးဗား သိရှိသလောက် ငှက်ပျောနဲ့ပတ်သတ်တဲ့ အသုံးဝင်ပုံလေးတွေတင်ပြလိုက်ပါတယ်နော်..
သတ္တ၀ါအားလုံးချမ်းသာ ကိုယ်စိတ်မြဲပါစေ....ရွှင်လန်းပါစေနော်...

banana

အခုဆေးဗားတခုလောက်ပြောပြချင်ပါတယ်နော်..ငှက်ပျောသီးရဲ့ အသုံးဝင်ပုံတွေကိုပြောပြမှာပါရှင်...

ဆေးဗားလဲစာအုပ်ထဲက ဖတ်မိသမျှလေးတွေ ပြန်တင်ပြပေးတာပါနော်...ဆေးဗားဘလော့ကိုလာလည်သူများကျန်းမာရွင်လန်းပါစေနော်..
၁။ အသက်ရှည်ရန်
သူငယ်စာငှက်ပျောသီးမှည့်ကို ပျားရည်နှင့်စိမ်၍ စားပေးပါ။
၂။ ခံတွင်းပျက်လျှင်
ငှက်ပျောသီးမှည့်ကို ထန်းလျက်နှင့် စားပေးပါ။ဆီးချူပ်၊ ၀မ်းချူပ် ရောဂါပါ ပျောက်ပါသည်။
၃။ အားဖြစ်စေရန်
ထမင်းစားပြီးတိုင်း ဖီးကြမ်းငှက်ပျောသီး ပျော်ပျော်ကို နေ့စဉ်စားသုံးပေးပါ။
၎။ ဆီးလွန်
ငှက်ပျောသီး အမှညှ်နှင့် ဆီးဖြူသီးအမှည်ကို ညုစ်၍ ရသောအရည်ကိုပျားရည်နှင့်ရော၍ စားပေးပါ။
၅။ ကလေးဝမ်းသွားဝမ်းလျော
ဖီးကြမ်းငှက်ပျောသီးတစ်လုံးကို မီးဖုတ်၍ ကျွေးပါ။ဝမ်းသွားခြင်းရပ်တန့်သွားပါမည်။
၆။ ကလေးကြပ်မျက်သင့်
ဖီးကြမ်းငှက်ပျောသီး များများကျွေးပါ။
၇။ ကိုယ်စိတ်နှလုံးပင်ပန်းနွမ်းနယ်
ငှက်ပျောသီးမှည့်နှင့် စပျစ်သီးကို ရော၍ ပျော်ရည်လုပ်သောက်ပေးပါ။
၈။ ဆီးချို
ငှက်ပျောပွင့်ကို ချက်ပြုတ်၍ စားပေးပါ။
၉။ မီးယပ်လွန်
ငှက်ပျောဖူးမှ ညုစ်၍ရသောအရည်ကိုဒိန်ခဲနှင့်ရော၍ စားပေးပါ။
၁၀။ မီးယပ်ပိန်
ငှက်ပျောခေါင်းကို မှုန်ထောင်းပြီးကြိတ်၍ ပျာ်းရည်နှင့်စားပါ။
ဒုတိယပိုင်းဆက်ပါဦးမယ်ရှင်...

Thursday, August 16, 2007

အမျိုးသမီးများ ကော်ဖီသောက်မှုနဲ့ပတ်သတ်ပြီး စာအုပ်ထဲမှာ ဖတ်ဘူးတာလေးနဲ့ပြောပြမယ်နော်..အမျိုးသမီးများဟာ တစ်နေ့ကို.. ကော်ဖီသုံးခွက်သောက်ခြင်းဖြင့် ..အသက်ကြီးလာတဲ့အခါ
ဥာဏ်ရည်ကျဆင်းမှုနှုန်းကို လျော့နည်းစေပါတယ်ရှင်..ဆိုလိုချင်တဲ့သဘောကတော့သတိမေ့ရောဂါသိပ်မဖြစ်တော့ဘူးလို့ပြောချင်တာပါရှင်..
ဒါကြောင့်မို့အမျိုးသမီးတွေဟာ တစ်နေ့ကိုအနည်းဆုံး ကော်ဖီသုံးခွက်သောက်သုံးပေးလို့ရပါတယ်ရှင်..
အားလုံးကိုကျေးဇူးတင်ပါတယ်နော်..

Tuesday, July 24, 2007

To become healthy liver

ဆေးဗားက ဆရာဝန်တစ်ယောက်တော့ မဟုတ်ပါဘူး ..ဒါပေမယ့် ကိုယ်ဖတ်ဖူးတဲ့ စာအုပ်ထဲ က ကျန်းမာရေးနဲ့ပတ်သတ်တာလေးတစ်ခုတော့ ပြောပြချင်လို့ပါရှင်..လွယ်လွယ်ကူကူလဲ လိုက်လုပ်လို့ရပါတယ်ရှင်..အသည်းကျန်းမာသန်စွမ်းအောင်လုပ်တဲ့ နည်းလေးပါရှင်..
ပထမဦးဆုံး
အသည်းရောဂါ မရှိသူတို့သည် လက်ချောင်း ၅ချောင်းကို ဆန့်ပြီးနောက် လက်ညှိုးကို အားထုတ်၍ ကွေးနိုင်ပါတယ်ရှင်..အခြားလက်ချောင်း၎ချောင်းမှာ မကွေးဘဲ ဆန့်မြဲဆန့်နေနိုင်ပါတယ်..အကယ်၍ အသည်းတွင် တစုံတရာသော အနာရောဂါ ရှိလျှင် လက်ညှိုးမှာ အားလျော့ပြီး ကွေးနိုင်တော့မည်မဟုတ်ပါဘူးရှင်..
ဒါကြောင့်မို့ လက်ညှိုးကို မကြာခဏလှုပ်ရှားပေးခြင်းသည် အသည်းကို သန်မာစေနိုင်ပါတယ်ရှင်..လက်ညှိုးအားလှုပ်ရှားစေနိုင်သည့်နည်း တစ်မျိုးရှိပါတယ်ရှင်...
ဘယ်ဘက်လက်ညှိုးနှင့် ညာဘက်လက်ညှိုးကို ရင်ဘတ်ရှေ့တွင် ကွေး၍ ချိတ်ထားပြီး လက်ညှိုးနှစ်ချောင်းကို ဘေးနှစ်ဖက် သို့အားထုတ် ၍ ဆွဲပေးရပါတယ်ရှင်...
ဒီနည်းလေး နဲ့ နေ့စဉ်နံနက်နှင် ညအခါတွင် ၅မီနစ်စီလေ့ကျင့်ပေးရပါမယ်ရှင်...ကွေး၍ချိတ်ထားသော လက်ညှိုးနှစ်ချောင်းကို အားထုတ်ပြီး ဆွဲသည်အခါ နှာခေါင်ဖြင့် အသက်ပြင်းပြင်း ရူသွင်း ၍ ဆွဲအားလျော့သည်အခါ ပါးစပ်မှ ထွက်သက်ကို တဖြည်းဖြည်း မှုတ်ထုတ်ရပါမည် ရှင်...
ဒီနည်းလေးကိုလုပ်ကြည့်ခြင်း ဖြင့် အချိန်လဲသိပ်မကုန်ပဲ ကိုယ်ရဲ့ အသည်းလေးကျန်းမာသန်စွမ်းနေအောင်လို့ ပါရှင်..
ဆေးဗားလဲ စာအုပ်ထဲကနေ ဆေးဗား သူငယ်ချင်း သူငယ်ချင်းတွေ အကျိုးရှိမယ့် နည်းလေးကို တင်ပြလိုက်ပါတယ်ရှင်
ကိုးကားချက်...Traditional Chinese Medicine Jornal...