skip to main | skip to sidebar

Friday, January 13, 2012

blog ကိုတစ်ဖန်ပြန်အသက်သွင်းခြင်း နှင့် ကျွန်မ

အခုက စပြီး ကျွန်မရဲ့ ဘလော့လေးကို ပြန်ပြီး အသက်သွင်းပါတော့မယ်ရှင့်...အခု ဆို အရင်ထက် အသက်လဲ ကြီးသွားတာရယ် လောကကြီးထဲမှာ အရင်ထက် လူတွေနဲ့ ပိုဆက်ဆံလာရပြီးဖြစ်တဲ့အတွက် အရင်ထက်ပိုအကျိုးရှိမယ့် အကြောင်းအရာလေးတွေကို ရေးချင်ပါတယ်..management ပိုင်းတွေကို တာဝန်ယူထားရတာဖြစ်တဲ့အတွက် management ပိုင်းနဲ့ ပတ်သတ်ပြီး အကျိုးရှိမယ့် အကြောင်းအရာလေးတွေကိုလဲ ရေးသာပြချင်ပါတယ်ရှင်..အရင်ကဆို ကိုယ့်ကိုယ်ကို ကျွန်တော်တို့ ဘာတို့သုံးပေ့မယ် အခုတော့ ကျွန်မ ဆိုတဲ့ စကားလုံးကို တော်တော်သုံးတတ်သွားပြီး ငယ်ငယ်ကတည်းက ကျွန်တော်သုံးလာတဲ့ အကျင့်က ဘယ်အချိန်မှာ ပျောက်သွားလဲ ဆိုတော့ ကွန်ပျုတာဆရာမ လုပ်ခဲ့တဲ့အချိန်မှာ ကိုယ့်ကိုယ်ကို ဆရာမလို့ သုံးတတ်ခဲ့ပြီး အခု လုပ်ငန်းခွင်ထဲမှာတော့ ဆရာမလဲ သုံးဖို့ မသင့်တော့်သလို ကျွန်တော်ဆိုတဲ့ အသုံးအနှုန်းကတော့ ပိုဆိုးသွားပါတယ်..၀န်ထမ်းတွေ အကုန်လုံးကို စီမံတဲ့အပိုင်းမှာနေတဲ့ သူဖြစ်နေတော့ ကိုယ်နဲ့ရွယ်တူတွေ ကိုယ်ထက်ငယ်တဲ့သူတွေ ကိုယ်ထက်ကြီးတဲ့သူတွေနဲ့ ပြောဆိုရတဲ့အချိန်မှာ အသင့်တော်ဆုံးဖြစ်တဲ့ ကျွန်မဆိုတဲ့ အသုံးအနှုန်းကိုသုံးတတ်လာပါတယ်..ဒါကြောင့်အခု ကျွန်မရဲ့ ဘလော့ကိုလာဖတ်တဲ့ မိတ်ဆွေတွေ သူငယ်ချင်းတွေအထဲမှာလဲ အသက်အရွယ်မျိုးစုံပါမှာဖြစ်တဲ့အတွက် ကျွန်မဆိုတဲ့ အသုံးအနှုန်းနဲ့ ပဲ အားလုံးကိုလေးစားစွာဖြင့် အသုံးပြုသွားပါမည်ရှင်.

Sunday, July 12, 2009

ကျွန်မအကြောင်းတစေ့တစောင်း

ကျွန်မ သူငယ်ချင်းအသစ်တွေလဲ အများကြီးလာလည်ထားကြတော့ ကျွန်မ အကြောင်းတစေ့တစောင်းလေးကို မိတ်ဆတ်ပေးချင်ပါတယ်ရှင်...အခု တော့ ကျွန်မလဲ အရင်လို့ ကွန်ပျူုတာ ဆရာမလေး မဟုတ်တော့ပဲ ..လုပ်ငန်းတစ်ခုမှာ Management ပိုင်းကို တာဝန်ယူထားတဲ့ သူတစ်ယောက်ဖြစ်သွားပါပြီးရှင့်..အရင်ဆရာမ ဘဝတုန်းကတော့ ကျောင်းသားနဲ့ ဆရာမ ဒါနဲ့ ရှိတယ်..အခုတော့များပြားလှသော ဝန်ထမ်းများ..ရှုပ်ထွေးလိုက်သော လူမှု့ရေးပြသာနာများကြားမှာ တဝဲလည်လည်နဲ့ လူကြီးဖြစ်လာရတော့ပေါရှင့်..ခုဆို ဒီလုပ်ငန်းမှာ စလုပ်တာ ၁ နှစ်တောင်ပြည့်သွားပါပြီး ..
ကျွန်မရဲ့ လုပ်ငန်းထဲမှ တနေ့စာ အလွဲများကနေ....ဘဝအတွက် မှတ်သားစရာလေးတွေ..လူနေမှုအဆင့်အတန်းတွေ..လူသားတွေခံယူချက်တွေ...စိတ်နေစိတ်ထားတွေ ...Management နဲ့ပတ်သတ်တာတွေလေးကို တင်ပြပေးသွားချင်ပါတယ်ရှင့်.....

အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင်..

Friday, July 10, 2009

အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်

silver မရှိတဲ့ အတော အတွင်း လာလည်ပေးကြသော သူငယ်ချင်းများနှင့် လာနှုတ်ဆတ်သွားသော သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်နော်...

အရင်လိုမအားတော့တာနဲ့ ဘလော့လဲ မရေးဖြစ်တော့ဘူး အခုတော့ အားရင် အားသလို့ အကျိုးရှိမယ့်စာပေလေးတွေ၊ စိတ်ခံစားချက်လေးတွေကို ဘလော့ပေါ်မှာ ပြန်လည်ရေးသားတော့ပါမယ် အကြောင်း သူငယ်ချင်းများအားလုံးကို သတင်းပါးအပ်ပါတယ်ရှင်...

Thursday, March 20, 2008

.နွေရာသီ

ခုဆိုပုးပြင်လှတဲ့နွေရာသီကိုရောက်ခဲ့ပြီးပေါ့ရှင်..ကလေးတွေလဲကျောင်းပိတ်တဲ့ရာသီဆိုတော့ တအားပျော်နေကြမှာသေချာပါတယ်..ဒါပေမယ့်မပျော်တဲ့သူတွေလဲရှိနေဦးမှာပါ..ပူပြင်တဲ့နေဒဏ်ကိုမခံနိုင်တဲ့သူတွေပေါ့နော်
တကယ်တော့ အပူဒဏ်ကို ကာကွယ်ဖို့အတွက် ကိုယ့်ဘက်က ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်သင့်ပါတယ်
နံပါတ်၁ အနေနဲ့ အပြင်နေပူထဲမှာသွားတော့မယ်ဆိုရင် နေကိုကာကွယ်တဲ့ အရောင်လေးတွေဝတ်သင့်တယ်..ပြီးတော့ နေကိုကာကွယ်တဲ့ အကာအကွယ်တစ်ခု ပါသင့်တယ်..
ပြီးတော့ အပြင်ကပြန်လာရင်ချက်ခြင်းရေကိုမချိုးသင့်ဘူး ခဏရေအေးအေးတစ်ခွက်သောက်ပြီးနားနေသင့်သေးတယ်။ပြီးမှ ရေချိုးသင့်တယ်။ ရေချိုးတဲ့အခါမှာလဲ ရေကိုအပေါ်ကနေ လောင်းမချိုးပဲ ခြေထောက်ဖျားကနေ လေးငါးခြောက်ခွက်အရင်ဆုံး လောင်းပြီးမှာ အပေါ်ကိုတဖြည်းဖြည်းတက်ပြီး ချိုးသင့်ပါတယ်ရှင်.။ဒါမှအပူမရှပ်တော့မှာပါရှင်။အကောင်းဆုံးကတော့မြန်မာမိန်းကလေးတွေဆိုရင် နွေရာသီမှာသနပ်ခါးလိမ်းတာ အကောင်းဆုံးပါပဲရှင်....မိတ်ကပ်တွေလိမ်းပြိးချွေးတွေထွက်နေရင်တအားကြည့်ရဆိုးပါတယ်ရှင်.

Thursday, January 17, 2008

မြို့လေးကိုလာလည်ပေးကြပါ။

မြို့လေးတစ်ခုဆောက်ထားပါတယ်ရှင်လာလည်ပေးကြပါနော်...
မြို့လေးက လာလည်တဲ့သူများမှ..အဆောက်အဦးတွေတိုးသွားမှာဖြစ်လို့ပါနော် .အကယ်လို msg တစ်ခုခု ပို့ထားချင်ခဲ့လျှင် Write in the new bulletin မှာ ကလစ်နှိပ်ပြီးရေးရင် ရပါတယ်ရှင်...
မြို့လေးရဲ့ လိပ်စာကတော့ http://silvermonn.myminicity.com
အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။

Monday, December 10, 2007

Happy Birthday!! ko TZM


ကိုtzm မွေးနေ့အတွက် ပိုစ့်လေးတစ်ခုတင်ပေးလိုက်ပါတယ်နော်

ကို tzm မွေးနေ့မှာပျော်ရွင်ပါစေနော်..မွေးနေ့ကိတ်လေးလဲ တင်ပေးလိုက်မယ်နော်...


လိုအင်တွေလဲ ပြည့်စုံပါစေနော်..ချစ်တဲ့သူငယ်ချင်းတွေနဲ့လဲ အမြဲပျော်ရွင်စွာနေနိုင်ပါစေ..ချစ်တဲ့ သူနဲ့လဲ အမြန်ဆုံးနီးစပ်ပါစေနော်..

Sunday, December 2, 2007

အချစ်ကံကောင်းဖို့အကောင်းကံချစ်လိုက်ကြရအောင်နော်

လူတိုင်းအချစ်ဆိုတာ ခံစားဖူးကြတာကြည့်ပါပဲနော်..အချစ်ဆိုတာနဲ့ ၁၅၀၀ ကိုပဲပြေးမမြင်ပါနဲ့ဦး ၅၂၈ ပါပါတယ်ရှင်အခုပြောမယ့် အချစ်ဆိုတာ နှစ်မျိုးလုံးမှာ အကျိုးသက်ရောက်စေမှာပါနော်...ဒါကြောင့်အရှင်ဆန္ဒဓီကရဲ့ အကောင်းကံချစ်မှအချစ်ကံကောင်းမယ်ဆိုတဲ့ စာအုပ်လေးကိုတင်ပေးလိုက်ပါတယ်နော်..

အားလုံးအချစ်ကံကောင်းနိုင်ကြပါစေနော်