skip to main | skip to sidebar
Showing posts with label Idiom. Show all posts
Showing posts with label Idiom. Show all posts

Thursday, September 13, 2007

အဆုံးအမ (၂)

ဗုဒ္ဓရဲ့အဆုံးအမတွေ ထပ်တင်ပြမယ်နော်

"ငါအတော်ဆုံးလို့ ထင်နေရင် အဖျင်းဆုံး အဆင့်ကိုရောက်သွားပြီး။"

"တခြားပစည်း တွေကိုရောင်းလိုက်ရင် အရှုံးမဟုတ်ရင် အမြတ်ရသေးတယ်၊
စိတ်ချမ်းသာမှုကို ရောင်းစားရင် အရှုံးနဲ့ပဲ ရင်ဆိုင်ရမယ်။
စိတ်ချမ်းသာမှုကို ဘာနဲမျှ ရောင်းမစားပါနဲ့။"
"ကောင်းတဲ့ အလုပ်ဟာနောက်ကျတယ်ဆိုတာ မရှိပါဘူး၊
အလုပ်မစ ရသေးတာပဲ ရှိတယ်။"
"စေတနာကောင်းနဲ့ ပြည့်ပြည့်စုံစုံ ကျွေးလိုက်ရလို့ ၀မ်းသာတယ်ဆိုရင်
သူစားနိုင်သလောက် စားတာကိုလည်း ကျေနပ်နိုင်ပါစေ။"
သူစားနိုင်သလောက်

Sunday, September 9, 2007

အဆုံးအမ (၁)

မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေကို မိမိရဲခံယူထားမိသလောက် အတိုင်းအတာကို စကားပုံ သဏ္ဍာန်ပြောင်းပြီးရေးထားသော ဓမ္မဒူတ အရှင်ဆေကိန္ဒရဲ့ အသိပေးစကားလေးတွေ ကို အသိဥာဏ်အားတွေ တိုးတက်ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ တင်ပြလိုက်ပါတယ်ရှင်
၁။ စိတ်ဆိုးနေတဲ့ အခါ ကောင်းတဲ့ စိတ်နဲ့ လဲလိုက်ပါ။
ရှုပ်နေရင်ရှင်းတဲ့ စိတ် ၊
ပူနေရင် အေးတဲ့ စိတ်၊
နောက်နေရင် ကြည်တဲ့ စိတ်နဲ့ ချက်ချင်းလဲလိုက်ပါ။
၂။ကောင်းတာကို လုပ်ဖို့လွယ်ရင် ကောင်းတဲ့လူ၊
မကောင်းတာကို လုပ်ဖို့ လွယ်တယ်ဆိုရင် ???။
၃။ သူများပေးစာ ကျွေးစာ တစ်ထောင်ဖိုးစားရတာထက်
ကိုယ့်လုပ်စာ တစ်ကျပ်ဖိုးက ပိုပြီးမြိုန်တယ်။
၎။လေးစားထိုက်တဲ့သူရဲ စကားကိုမှ နားထောင်ကြတာ
ကိုယ့်စကားနားထောင်စေချင်ရင် လေးစားထိုက်အောင်နေပေါ့။
၅။ဝမ်းသားစရာတွေလည်း ကြုံခဲဖူးပါပြီ။
ဝမ်းနည်းစရာတွေလည်း ဆုံခဲဖူးပါပြီ။
ဘာမျှမယ်မယ်ရရ မရှိခဲ့ပါဘူး။
အသိဥာဏ် တိုးပြီး လူဖြစ်ရကျိုးနပ်တယ်ဆိုလို့ တော်သေးတာပေါ့။

Thursday, August 9, 2007

words....

ဆေးဗားကြိုက်တဲ့ စာသားလေးပါနော် ...
အားလုံးကို ဝေမျှပေးတာပါနော်..

ဘ၀မမြင့်ပါနဲ့ ..မြင့်တဲ့သစ်ပင်လေတိုက်ခံရတယ်...
ကျောက်နံရံ ကြက်ဥနဲ့ မပေါက်ပါနဲ့ ကွဲသွားမယ်...
လမင်းကို ခွေးဟောင်ပေမယ့် အေ၇ာင်အ၀ါမပျက်ဘူး...

အသက်ကြီးတာဟာ ဂုဏ်ပဲ..
အသက်အရွယ်ကြီးတာဟာ အရည်အချင်းကောင်း တစ်ခုရတာပဲလို့ ပညာရှင်တွေက ပြောကြတယ်..
ဒီစာသားလေးတွေကိုနှစ်သက်လို့ပါရှင်...