skip to main | skip to sidebar

Sunday, July 12, 2009

ကျွန်မအကြောင်းတစေ့တစောင်း

ကျွန်မ သူငယ်ချင်းအသစ်တွေလဲ အများကြီးလာလည်ထားကြတော့ ကျွန်မ အကြောင်းတစေ့တစောင်းလေးကို မိတ်ဆတ်ပေးချင်ပါတယ်ရှင်...အခု တော့ ကျွန်မလဲ အရင်လို့ ကွန်ပျူုတာ ဆရာမလေး မဟုတ်တော့ပဲ ..လုပ်ငန်းတစ်ခုမှာ Management ပိုင်းကို တာဝန်ယူထားတဲ့ သူတစ်ယောက်ဖြစ်သွားပါပြီးရှင့်..အရင်ဆရာမ ဘဝတုန်းကတော့ ကျောင်းသားနဲ့ ဆရာမ ဒါနဲ့ ရှိတယ်..အခုတော့များပြားလှသော ဝန်ထမ်းများ..ရှုပ်ထွေးလိုက်သော လူမှု့ရေးပြသာနာများကြားမှာ တဝဲလည်လည်နဲ့ လူကြီးဖြစ်လာရတော့ပေါရှင့်..ခုဆို ဒီလုပ်ငန်းမှာ စလုပ်တာ ၁ နှစ်တောင်ပြည့်သွားပါပြီး ..
ကျွန်မရဲ့ လုပ်ငန်းထဲမှ တနေ့စာ အလွဲများကနေ....ဘဝအတွက် မှတ်သားစရာလေးတွေ..လူနေမှုအဆင့်အတန်းတွေ..လူသားတွေခံယူချက်တွေ...စိတ်နေစိတ်ထားတွေ ...Management နဲ့ပတ်သတ်တာတွေလေးကို တင်ပြပေးသွားချင်ပါတယ်ရှင့်.....

အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင်..

Friday, July 10, 2009

အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်

silver မရှိတဲ့ အတော အတွင်း လာလည်ပေးကြသော သူငယ်ချင်းများနှင့် လာနှုတ်ဆတ်သွားသော သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်နော်...

အရင်လိုမအားတော့တာနဲ့ ဘလော့လဲ မရေးဖြစ်တော့ဘူး အခုတော့ အားရင် အားသလို့ အကျိုးရှိမယ့်စာပေလေးတွေ၊ စိတ်ခံစားချက်လေးတွေကို ဘလော့ပေါ်မှာ ပြန်လည်ရေးသားတော့ပါမယ် အကြောင်း သူငယ်ချင်းများအားလုံးကို သတင်းပါးအပ်ပါတယ်ရှင်...