skip to main | skip to sidebar

Friday, January 13, 2012

blog ကိုတစ်ဖန်ပြန်အသက်သွင်းခြင်း နှင့် ကျွန်မ

အခုက စပြီး ကျွန်မရဲ့ ဘလော့လေးကို ပြန်ပြီး အသက်သွင်းပါတော့မယ်ရှင့်...အခု ဆို အရင်ထက် အသက်လဲ ကြီးသွားတာရယ် လောကကြီးထဲမှာ အရင်ထက် လူတွေနဲ့ ပိုဆက်ဆံလာရပြီးဖြစ်တဲ့အတွက် အရင်ထက်ပိုအကျိုးရှိမယ့် အကြောင်းအရာလေးတွေကို ရေးချင်ပါတယ်..management ပိုင်းတွေကို တာဝန်ယူထားရတာဖြစ်တဲ့အတွက် management ပိုင်းနဲ့ ပတ်သတ်ပြီး အကျိုးရှိမယ့် အကြောင်းအရာလေးတွေကိုလဲ ရေးသာပြချင်ပါတယ်ရှင်..အရင်ကဆို ကိုယ့်ကိုယ်ကို ကျွန်တော်တို့ ဘာတို့သုံးပေ့မယ် အခုတော့ ကျွန်မ ဆိုတဲ့ စကားလုံးကို တော်တော်သုံးတတ်သွားပြီး ငယ်ငယ်ကတည်းက ကျွန်တော်သုံးလာတဲ့ အကျင့်က ဘယ်အချိန်မှာ ပျောက်သွားလဲ ဆိုတော့ ကွန်ပျုတာဆရာမ လုပ်ခဲ့တဲ့အချိန်မှာ ကိုယ့်ကိုယ်ကို ဆရာမလို့ သုံးတတ်ခဲ့ပြီး အခု လုပ်ငန်းခွင်ထဲမှာတော့ ဆရာမလဲ သုံးဖို့ မသင့်တော့်သလို ကျွန်တော်ဆိုတဲ့ အသုံးအနှုန်းကတော့ ပိုဆိုးသွားပါတယ်..၀န်ထမ်းတွေ အကုန်လုံးကို စီမံတဲ့အပိုင်းမှာနေတဲ့ သူဖြစ်နေတော့ ကိုယ်နဲ့ရွယ်တူတွေ ကိုယ်ထက်ငယ်တဲ့သူတွေ ကိုယ်ထက်ကြီးတဲ့သူတွေနဲ့ ပြောဆိုရတဲ့အချိန်မှာ အသင့်တော်ဆုံးဖြစ်တဲ့ ကျွန်မဆိုတဲ့ အသုံးအနှုန်းကိုသုံးတတ်လာပါတယ်..ဒါကြောင့်အခု ကျွန်မရဲ့ ဘလော့ကိုလာဖတ်တဲ့ မိတ်ဆွေတွေ သူငယ်ချင်းတွေအထဲမှာလဲ အသက်အရွယ်မျိုးစုံပါမှာဖြစ်တဲ့အတွက် ကျွန်မဆိုတဲ့ အသုံးအနှုန်းနဲ့ ပဲ အားလုံးကိုလေးစားစွာဖြင့် အသုံးပြုသွားပါမည်ရှင်.

No comments: