skip to main | skip to sidebar

Tuesday, July 24, 2007

To become healthy liver

ဆေးဗားက ဆရာဝန်တစ်ယောက်တော့ မဟုတ်ပါဘူး ..ဒါပေမယ့် ကိုယ်ဖတ်ဖူးတဲ့ စာအုပ်ထဲ က ကျန်းမာရေးနဲ့ပတ်သတ်တာလေးတစ်ခုတော့ ပြောပြချင်လို့ပါရှင်..လွယ်လွယ်ကူကူလဲ လိုက်လုပ်လို့ရပါတယ်ရှင်..အသည်းကျန်းမာသန်စွမ်းအောင်လုပ်တဲ့ နည်းလေးပါရှင်..
ပထမဦးဆုံး
အသည်းရောဂါ မရှိသူတို့သည် လက်ချောင်း ၅ချောင်းကို ဆန့်ပြီးနောက် လက်ညှိုးကို အားထုတ်၍ ကွေးနိုင်ပါတယ်ရှင်..အခြားလက်ချောင်း၎ချောင်းမှာ မကွေးဘဲ ဆန့်မြဲဆန့်နေနိုင်ပါတယ်..အကယ်၍ အသည်းတွင် တစုံတရာသော အနာရောဂါ ရှိလျှင် လက်ညှိုးမှာ အားလျော့ပြီး ကွေးနိုင်တော့မည်မဟုတ်ပါဘူးရှင်..
ဒါကြောင့်မို့ လက်ညှိုးကို မကြာခဏလှုပ်ရှားပေးခြင်းသည် အသည်းကို သန်မာစေနိုင်ပါတယ်ရှင်..လက်ညှိုးအားလှုပ်ရှားစေနိုင်သည့်နည်း တစ်မျိုးရှိပါတယ်ရှင်...
ဘယ်ဘက်လက်ညှိုးနှင့် ညာဘက်လက်ညှိုးကို ရင်ဘတ်ရှေ့တွင် ကွေး၍ ချိတ်ထားပြီး လက်ညှိုးနှစ်ချောင်းကို ဘေးနှစ်ဖက် သို့အားထုတ် ၍ ဆွဲပေးရပါတယ်ရှင်...
ဒီနည်းလေး နဲ့ နေ့စဉ်နံနက်နှင် ညအခါတွင် ၅မီနစ်စီလေ့ကျင့်ပေးရပါမယ်ရှင်...ကွေး၍ချိတ်ထားသော လက်ညှိုးနှစ်ချောင်းကို အားထုတ်ပြီး ဆွဲသည်အခါ နှာခေါင်ဖြင့် အသက်ပြင်းပြင်း ရူသွင်း ၍ ဆွဲအားလျော့သည်အခါ ပါးစပ်မှ ထွက်သက်ကို တဖြည်းဖြည်း မှုတ်ထုတ်ရပါမည် ရှင်...
ဒီနည်းလေးကိုလုပ်ကြည့်ခြင်း ဖြင့် အချိန်လဲသိပ်မကုန်ပဲ ကိုယ်ရဲ့ အသည်းလေးကျန်းမာသန်စွမ်းနေအောင်လို့ ပါရှင်..
ဆေးဗားလဲ စာအုပ်ထဲကနေ ဆေးဗား သူငယ်ချင်း သူငယ်ချင်းတွေ အကျိုးရှိမယ့် နည်းလေးကို တင်ပြလိုက်ပါတယ်ရှင်
ကိုးကားချက်...Traditional Chinese Medicine Jornal...

No comments: