skip to main | skip to sidebar

Tuesday, July 24, 2007

To become healthy liver

ဆေးဗားက ဆရာဝန်တစ်ယောက်တော့ မဟုတ်ပါဘူး ..ဒါပေမယ့် ကိုယ်ဖတ်ဖူးတဲ့ စာအုပ်ထဲ က ကျန်းမာရေးနဲ့ပတ်သတ်တာလေးတစ်ခုတော့ ပြောပြချင်လို့ပါရှင်..လွယ်လွယ်ကူကူလဲ လိုက်လုပ်လို့ရပါတယ်ရှင်..အသည်းကျန်းမာသန်စွမ်းအောင်လုပ်တဲ့ နည်းလေးပါရှင်..
ပထမဦးဆုံး
အသည်းရောဂါ မရှိသူတို့သည် လက်ချောင်း ၅ချောင်းကို ဆန့်ပြီးနောက် လက်ညှိုးကို အားထုတ်၍ ကွေးနိုင်ပါတယ်ရှင်..အခြားလက်ချောင်း၎ချောင်းမှာ မကွေးဘဲ ဆန့်မြဲဆန့်နေနိုင်ပါတယ်..အကယ်၍ အသည်းတွင် တစုံတရာသော အနာရောဂါ ရှိလျှင် လက်ညှိုးမှာ အားလျော့ပြီး ကွေးနိုင်တော့မည်မဟုတ်ပါဘူးရှင်..
ဒါကြောင့်မို့ လက်ညှိုးကို မကြာခဏလှုပ်ရှားပေးခြင်းသည် အသည်းကို သန်မာစေနိုင်ပါတယ်ရှင်..လက်ညှိုးအားလှုပ်ရှားစေနိုင်သည့်နည်း တစ်မျိုးရှိပါတယ်ရှင်...
ဘယ်ဘက်လက်ညှိုးနှင့် ညာဘက်လက်ညှိုးကို ရင်ဘတ်ရှေ့တွင် ကွေး၍ ချိတ်ထားပြီး လက်ညှိုးနှစ်ချောင်းကို ဘေးနှစ်ဖက် သို့အားထုတ် ၍ ဆွဲပေးရပါတယ်ရှင်...
ဒီနည်းလေး နဲ့ နေ့စဉ်နံနက်နှင် ညအခါတွင် ၅မီနစ်စီလေ့ကျင့်ပေးရပါမယ်ရှင်...ကွေး၍ချိတ်ထားသော လက်ညှိုးနှစ်ချောင်းကို အားထုတ်ပြီး ဆွဲသည်အခါ နှာခေါင်ဖြင့် အသက်ပြင်းပြင်း ရူသွင်း ၍ ဆွဲအားလျော့သည်အခါ ပါးစပ်မှ ထွက်သက်ကို တဖြည်းဖြည်း မှုတ်ထုတ်ရပါမည် ရှင်...
ဒီနည်းလေးကိုလုပ်ကြည့်ခြင်း ဖြင့် အချိန်လဲသိပ်မကုန်ပဲ ကိုယ်ရဲ့ အသည်းလေးကျန်းမာသန်စွမ်းနေအောင်လို့ ပါရှင်..
ဆေးဗားလဲ စာအုပ်ထဲကနေ ဆေးဗား သူငယ်ချင်း သူငယ်ချင်းတွေ အကျိုးရှိမယ့် နည်းလေးကို တင်ပြလိုက်ပါတယ်ရှင်
ကိုးကားချက်...Traditional Chinese Medicine Jornal...

Friday, July 20, 2007

21.7.2007

မျော်လင့်နေသော့ မိုးက ဒီနေ့ ရွာကျလာပါပြီရှင်..ဒါပေမယ့်သည်းသည်းမဲမဲကြီးတော့ မဟုတ်ပါဘူး..နည်းနည်းနဲ့ ရွာနေတာ မနေ့က တညလုံးလဲ ရွာ ဒီနေ့လဲရွာ ..တော်သေးတယ် မိုးရွာတာရေသိပ်မပါလို့ ရေတာ ပါရင်တော့ မလွယ်ဘူး သေချာ တယ် အိမ်ရှေ့မှာ မော်တော်ဘုတ်စီးပြီးသွားရမှာ ..ဟီး..မိုးရွာပေမယ့် လဲ ကိုယ်ရဲ တာဝန်ဖြစ်တဲ့ ဆီသွားရတာပါပဲရှင်..ဒါပေမယ့် မန္တလေးက ကျောင်းသားကျောင်းသူတွေကတော့ မိုးအေးအေးနဲ့ အိပ်ပဲပျော်နေလား မသိပါဘူး..တစ်ယောက်မှ ပေါ်မလာကြာပါဘူး ...အဲဒီတော့ ဆရာမဖြစ်တဲ့ ဆေးဗားက အွန်လိုင်းပေါ်တက်မယ်လို့ အလုပ်မှာ ပဲ ကျောင်းသားတွေ မလာရင် သန့်ရှင်းရေးလုပ်ကြရအောင်ဆိုလို့ စက်တွေ မပေးနဲ့ မိုးအေးအေးမှာ ချွေးပြန်နေရပါတယ်ရှင်..စက်တွေ ရှင်းလင်းပြီးမှ ပဲအွန်လိုင်းပေါ်တက်ပြီး ဒီပိုစ်လေးကိုရေးဖြစ်တော့တာပါပဲရှင်..မိုးကလဲ အာဇာနည်နေ့မှာ ရွာရမှာကိုး မရွာပဲ..ဒီနေ့ကျမှရွာတယ်..တစ်မျိုးကြီးပဲ သူများတွေပြောတာ ကြားဘူးတယ် စနေ့မိုးက စွေတတ်တယ်တဲ့ ..ခုစနေနေ့မှာ မိုးရွာတာဆိုတော့ စွေတော့မယ်ထင်တာပဲ...
သေချာတာတော့ မျှော်လင့်နေတဲ့ မိုးလေးရွာလားတဲ အတွက်ဝမ်းသာမိပါတယ်ရှင်..ဒါပေမယ့် အဲလိုမိုးကြီးစွေနေပြန်၇င်လဲ မကြိုက်ပြန်ဘူး ..ခက်တယ်နော် လူအလိုကို နတ်မလိုက်နိုင်ဆိုတဲ့ စကားလေးကသိပ်မှန်တာပါပဲရှင်...ဆေးဗားတစ်ယောက်တည်းတော့ မိုးမရွာတော့ မျှော်လိုက်..မိုးရွာတော့ စိတ်ညစ်လိုက်နဲ့ ..အမျိုးမျိုးဖြစ်နေတာ..လူအများကြီးဆို သူတို့လဲ တစ်ယောက်တစ်မျိုးဆီ ရှိနေမှာပဲနော် အဲလိုသာ လူတွေ အကြိုက်လိုက်လုပ်ပေးရရင် မိုးရွာလိုက်ေ နပူလိုက် လေတိုက်နဲ့ သဘာဝတရားကြီးလဲ ရူးသွားမလားမသိဘူးနော်....

Tuesday, July 10, 2007

Longing for rain

မိုးမိုးလို့ သာအော်လိုက်ချင်တော့တယ် ရှင်..မိုးကိုမျှော်နေတာပေါရှင့် ..မန္တလေးမှာ ခုမိုးမရွာဘူး ..ရှင်..မိုးရာသီမှာ မိုးမရွာတော့လဲ တစ်မျိုးပဲရှင်..မိုးရွာသီကိုတော့ မကြိုက်ပါဘူး ..ဒါပေမယ့် မိုးအုံနေပြီးလေအေးအေးလေးတွေ တိုက်နေရင် တအားကြိုက်တယ် ..လေထဲ မှာ ခဏလောက်ရပ်လိုက်ရင် လေအေးအေးလေးတွေက ဆံပင်ကို တိုးဝှေ့သွားတာ မိုးကောင်းကင်ကို မော်ကြည့်လိုက်ရင်လဲ အမြဲပူုနေတဲ့နေမင်းကြီးကို မတွေ့ရပဲ..အုံးဆိုင်းနေတဲ့မိုးသားတွေကြည့်ရတာ သဘောကျတယ်
ငယ်ငယ်တုန်းက တော့မိုးရွာတာကိုးတအားသဘောကျတယ်..ကျောင်းတွေလဲ ပိတ် အိမ်ရှေ့မှာ ရေတွေနဲ့ တအားပျော်ဖို့ကောင်းတယ် အိမ်ရှေ့မှာက မိုးရွာလိုက်တာ နဲ့ လမ်းကနိမ့်တော့..ရေတွေက လျှံနေပြီလေ ..ရေတွေ ထဲတော့မဆင်းရဘူး ..ဆင်းလဲမဆင်းရဲဘူးကြောက်တယ် ..ရေတွေ မြင်ရတာ တမျိုးတော့ ပျော်ဖို့ကောင်းတယ် ချောင်းသာရောက်နေသလိုလိုဘာလိုလိုနဲ့ ဟီး..ဒါပေမယ့် အရွယ်ရောက်လာတော့ မပျော်တော့ဘူးရှင်..ရေတွေ ရှိနေတော့ ကိုယ် သွားချင်တဲ့ နေရာကို သွားလို့လဲမရတော့ဘူး ..ဆိုင်ကယ်ဆို ရပ်သွားရော် ..အဲလို ရေတွေများပုံကို မကြိုက်တဲ့ ကြားက မိုးနဲ ပတ်သတ်တဲ့ သီချင်းတွေ ကဗျာတွေကိုတော့ သဘောကျတယ်ရှင့်မိုးနဲပတ်သတ်တာ ဆိုလို့ မိုးရွာရင် မိုးရေချိုးမယ် မေမေလာရင်နိုဆို့မယ် ..ဖေဖေလာရင် အုန်းသီးခွဲစားမယ်ဆိုတဲ့ ကဗျာလေးကို တအားနစ်သက်တယ်..ပြီးတော့မိုးနဲ့ပတ်သတ်တဲ့ သီချင်းလေးတွေ ကိုလဲကြိုက်တယ်..မိုးတွေရွာနေချိန်တိုင်း ဒီရင်မှာ လွမ်း အိမ်ပြန်ချိန်လမ်းလေး နင်မသိလို့ ခုဆို လူတွေအကုန်လုံးသိပ်မပျော်နေချိန်မို့ နင်ဘယ်မှာ ရှိမလဲ ငါမသိလို့ အဲဒီသီချင်းလေးကတော့ အကြိုက်ဆုံးလေးပေါ့ရှင်..အဲလိုကြိုက်လို့ မိုးနဲ့ပတ်သတ်တဲ့ ဇာတ်လမ်း ရှိမယ့်လို့တော့မထင်လိုက်ပါနဲ့နော်..မိုး ရွာရင် ..မျှော်တဲ့ သူမလာမှာပဲစိုးမိတာပါရှင်.. ..မိုးကိုခုမျော်နေရတာကလဲ ..ပူပြင်းတဲ့ နေရောင်ဒဏ်ကိုခံစားနေရတဲ့ ဆေးဗားတို့ မန္တလေးသူ မန္တသားတွေ ပျော်စေချင်လို့ပါရှင်..မန္တလေးက သူတွေကလေ ..မိုးရွာရင် ဘာအလုပ်မှမလုပ်ကြတော့ဘူး ..ရုံးတွေ ကျောင်းတွေလဲမသွားကြတော့ဘူး ..တကယ်တော့ ပျင်းလို့ရယ် မဟုတ်ပါဘူး သွားရလာရတာ တအားခက်လို့ပါရှင်.. ရေတွေ က လမ်းမှာလျှံနေပြီးလေ ..ဒါကြောင့်ပါရှင်..ဆေးဗားကတော့ မိုးကိုးမျှော်နေပါပြီးရှင် ..မိုးရွာထဲ တခါလောက်လျှောက်သွားပစ်လိုက်ချင်တယ်ရှင်…မိုးထဲမှာ ဂျေမီသီချင်းထဲလိုမျိုး မိုးထဲ လေထဲ ခုန်ပေါက်ရင်းနဲ့ ..သီချင်းထဲကို ငယ်ငယ်တုန်းကလို့ ဆော့လိုက်ချင်ပါတယ်ရှင်…

Sunday, July 8, 2007

sad new

ဝမ်းနည်းစရာသတင်းလေးတစ်ခုပြောပြမယ်နော် ..ဆေးဗားလဲ သူများပြောလိုရကြားရတာပါပဲရှင်.. မန္တလေးမှာ တကယ်ဖြစ်သွားတဲ့ အကြောင်းလေးပါရှင် ..သိပ်မကြာခင်ကပါရှင်...ကျောင်းတစ်ကျောင်းမှ ကျောင်းသားလေးတစ်ယောက် က အိမ်သာသွားရင် သူ့သူငယ်ချင်းက စတဲ့ အနေနဲ့ တံခါးပိတ်ထားခဲ့တာ ပြန်ဖွင့်မပေးခဲ့ဘူး ..အဲဒီ ကျောင်းသားလေးက အိမ်သာထဲမှာ တစ်ယောက်တည်း ကျန်နေခဲ့တယ် ကျောင်းဆင်းလို့ အိမ်ကိုလဲ ပြန်မရောက်လာဘူး..မိဘတွေက စိတ်ပူပြီးလိုက်ရှာကြတယ် ကျောင်းရဲ အိမ်သာထဲမှာ ရှိနေတယ်လို့ ဘယ်သူမှ မထင်မိကြဘူးလေ...ကျောင်းသားလေးက တော့ အိမ်သာထဲမှာ ငိုယိုအော်ဟစ်နေတယ် ဘယ်သူမှလဲ မကြားကြဘူးပေါ့..နောက်တစ်နေ့ ကျောင်းဖွင့်တော့မှ အိမ်သာထဲမှာ အသက်မရှိတော့တဲ့ ကျောင်းသားလေးကို ပြန်တွေ့ကြရတယ်တဲ့ ..စိတ်မကောင်းစရာကောင်းလိုက်တာနော် ..တကယ်ပဲ ဘာလို့ အဲဒီလောက်ထိ အစအနောက်သန်ကြတာလဲ မသိဘူးနော် ..ဆေးဗားကြားတာကတော့ ကျောင်းသားလေးက သူငယ်တန်းကလေးလေးပဲ ရှိသေးတယ်တဲ့ ..သနားပါတယ် နော် .. ဒီသတင်းကို ကြားရတဲ့ အချိန်မှာ ရင်ထဲမှာလုံးဝမကောင်းဘူး...တစ်ခုတော့ မှတ်သားမိလိုက်ရတယ့် လူတစ်ဖက်သာ တခုခု ဖြစ်သွားအောင်စခြင်းက မကောင်းဘူးဆိုတာ ပါပဲရှင်..

Thursday, July 5, 2007

ဝါဆိုသင်္ကန်းကပ်တဲ့နေ့

မနေ့က ၀ါဆို သင်္ကန်းကပ်တာ..မန္တလေးတောင်နားက ဘုန်းကြီးကျောင်းမှာ..ပျော်ဖိုကောင်းလိုက်တာမှ တအားပဲ...အိမ်နဲ့ အဲလိုမသွားရတာ ကြာနေပြီး..အိမ်ကသွားရင် ကျန်ကျန်နေခဲ့တာများတယ် ..ပျော်ဖို့ကောင်းတယ်...အဲလိုသွားရာတာ ...မနေ့ကလေ ဟီးဘုန်းကြီးတစ်ယောက်ဗေဒင် ကြည့်ပေးသေးတယ.်..စုတ်ကောလာဒ်ကောဝင်မယ်တဲ့ဘာတွေ
ဝင်လာမလဲတော့မသိပါဘူး..ထီပေါ်က်ကိန်းလဲရှိတယ်တဲ့ .ဘယ်သူဆေးဗားနဲ့ ထီစပ်ထိုးမလဲဟင်....ထီပေါက်ရင်တော့အွန်လိုင်းကသူငယ်ချင်းတွေ နဲ့ပျော်ပျော်ပါးပါးလျှောက်လည်လိုက်ဦးမယ်..ဘုရားဖူးလဲထွက်မယ်..အလှုအတန်းတွေလဲလုပ်ဦးမယ်..ပြီးတော့မရှိတဲ့သူတွေကိုလဲ လှူမယ်..ကျန်တဲ့ ဆေးဗားသူငယ်ချင်းတွေကော ထီပေါက်ရင် ဘာလုပ်မှာလဲဟင်.......အဲထီအကြောင်းရောက်သွားတယ် သင်္ကန်းကပ်တာကနေ...ဟီး...မနေ့ကလေ အလှူမှာပေါ့ ကိုယ်ကကူလုပ်ပေးမလို့ပါပဲ ဒါပေမယ့်ဘယ်လိုဖြစ်တယ်မသိဘူး...တချိန်လုံးခလုတ်ပဲတိုက်နေတာပဲ ဟီး ဒါကြောင့်ကူတောင်မချပေးရဲဘူး ..တော်ကြာဆူခံရမှာလေ လူကြီးတွေက...တခုလေးလုပ်လိုက်ပါတယ် လင်ဗန်းကြီးတက်နင်းမိလို့ ဦးလေး ကဆူလိုက်သေးတယ် ဟီးဖြစ်ရမယ်တဲ့..ကိုယ်စားဖို့ ကြာဇံဟင်းရည် သွားယူတော့လဲ သူငယ်ချင်းပေါင်ပေါ်ကို ဟင်းရည်တွေ ဖိတ်ကျသေးတယ် ..ဘယ်လိုဖြစ်တာလဲမသိပါဘူး..နော်..ကြည်ရတာတစ်ယောက်ယောက်သတိရနေလို့လား မသိဘူးနော်..ပေတူးလား လော်ရာလား ဟင် သတိရနေတာက...ဟီး ပေတူးကတော့ မေတ္တာပို့နေမလားဟင် ဖိတ်ပြီးတော့ ဘုန်းကြီးကျောင်းလိပ်စာမသိဘူးဆိုလို့..တကယ်လဲ ရောက်ဘူးဘူး..မနေ့ကမှရောက်ဖူးတာ.ဆေးဗားကတော့ အွန်လိုင်းကသူငယ်ချင်းတွေ ကို အားလုံးသတိရပါတယ်နော် ..ဒါကြောင့် သူငယ်ချင်း အားလုံးအတွက်...ပိုပြီးစားခဲ့တယ်နော်...

Monday, July 2, 2007

အွန်လိုင်းပေါ်မှ သူငယ်ချင်း များနှင် ညီမအကိုမောင်နှမများ...

ကျွန်တော်မှာ နံနက်ဆိုရင် အရင်ဆုံးစထိတွေ့ရတာတော့ အင်တာနက်ကြီးပဲပေါ့ ..တစ်နေနေ့ အွန်လိုင်းပေါ်မတက်ရရင်တကယ်မနေနိုင်ဘူး..အွန်လိုင်းပေါ်မှာကလဲ ကျွန်တော်ရဲ့ ချစ်လှစွာသော သူငယ်ချင်း များနှင် အကို တွေ အမတွေ က အများကြီးပဲ ..ကျွန်တော်သူငယ်ချင်းအွန်လိုင်းမှ အများကြီးပေါ့ရှင်..တကယ်လဲခင်ပါတယ် ..ဘယ်လောက်ထိခင်လဲဆို ညအိမ်မက်မက်ရင် အွန်လိုင်းက သူငယ်ချင်းတွေ ပါလာကြတယ်အိမ်မက်ထဲထိ..တချိုလူတွေက အွန်လိုင်းမှာ အမှန်တွေ မပြောကြဘူး အဲဒါကိုမကြိုက်ဘူး..ကျွန်တော်ကတော့ အမှန်ပဲပြောတယ် မပြောချင်ရင်တခါတည်းမပြောချင်ဘူး ..ပြောထားလိုက်တယ်..ကျွန်တော်အွန်လိုင်းသူငယ်ချင်းတွေ နဲ့ ကော အကိုတွေအမတွေနဲ့ကော အပြင်မှာ တကယ်ဆုံချင်ပါတယ်...ဆုံပြီးတဲ့ အွန်လိုင်းသူငယ်ချင်းတွေလဲ ရှိပါတယ်..တအားကိုးခင်ဖို့ကောင်းပါတယ် ..တကယ်တော့ ဘယ်လောက်ခင်တယ်မခင်တယ် ..ဘုရားရှိခိုးရင်တောင် အွန်လိုင်းက သက်ရှိသက်မဲ့ သတ္တ၀ါအားလုံး သူငယ်ချင်းအားလုံးကျန်းမာပါစေချမ်းသာပါစေ လိုအင်တွေ ပြည့်ဝပါစေဆို့ နေ့တိုင်းဆုတောင်းပေးမိတယ်....ဟီးကျွန်တော်က လေ အွန်လိုင်းမှ သူငယ်ချင်းတွေ များတယ် ..အပြင်က သူငယ်ချင်းတွေထက်တောင် များသေးတယ် အပြင်မှာ စကားကသိပ်မပြောရဲဘူး..အွန်လိုင်းမှာဆို သာလိကာတို့ကြက်တူးရွေးက အရှုံးပေးရမယ် ..ဟီး ပြီးတော့တအားလဲ ကြောက်တတ်တယ် ..လူတွေကိုလဲ ကြောက်တယ် ..လမ်းဖြတ်ကူးလဲကြောက်တယ်အားလုံးကိုကြောက်တယ်. မကြောက်တာဘာမှကိုးမရှိဘူး ..ဟီးအဲဒီကြောက်တဲ့ အကျင့်ကိုလဲ အွန်လိုင်းက သူငယ်ချင်းတွေက ပျောက်အောင်လုပ်ပေးကြတယ် ..ဟီးခုလဲ သူတို့ကိုကြောက်လို့ ပျောက်ချင်ရင်ဆောင်ထားတုန်းပဲ..ဟီး
နောက်မှဆက်ေ၇းတော့မယ်နော်......

မင်္ဂလာပါရှင်..

ဘလော့ကိုလာလည်သူအားလုံးစိတ်၏ ချမ်းသားခြင်း .ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည်စုံနိုင်ပါစေရှင်...
ဒီနေ့ဟာမင်္ဂလာရှိသော နေ့ရက်လေးပါရှင်..
အခုဘာအကြောင်းစပြောရင်ကောင်းမလဲနော် ..ရှုပ်ပါတယ် ကိုယ်အကြောင်းကိုယ်ပဲပြောတော့မယ်နော် ..
မန္တလေးသူ ပီပီး ကျွန်တော်နဲ့ပဲသုံးတော့မယ်နော် ..ကျွန်တော်ကတော့ မန္တလေးမှာနေထိုင်သော ..ဆေးဗားမွန်းလို့ အများကခေါ်တဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်ရှင်...ကျွန်တော်မှာ မိသားစုဝင်လေးယောက်ရှိပါတယ်ရှင်..အဖေ ရယ် အမေရယ် ကျွန်တော်ရယ် မောင်လေးတစ်ယောက်ရယ် ..ပေါ့ ပျော်ရွင်ဖွယ်ကောင်းတဲ့ မိသားစုလေးပါရှင်..
အရင်ကတော့ အဖေကို အမေထက် ပိုချစ်တယ် ..ခုသိတတ်တဲ့ အရွယ်ရောက်မှပဲ အမေကိုပိုချစ်တတ်လာတယ်..တကယ်တမ်း အမေက ပိုသနားစရာကောင်းတယ် ..သားသမီးဆိုးသမျှလဲ ခံရသေးတယ် ..ပြီးတော့ အိမ်ရဲ မိသားစုဝင်ငွေနဲ့ လောက်ငှအောင်လဲ စီမံရတယ်..အမေကို ပိုချစ်တယ်..ဘယ်အချိန်ချစ်သွားလဲဆိုတော့ ..ကွန်ပျူတာတက္ကသိုလ်နောက်ဆုံးနှစ် အုအတက်ပေါက်လို့ ဗိုက်ခွဲတဲ့အချိန်မှာ အမေဟာ ဆေးခန်းမှာ အမြဲတမ်း စောင့်ပေးခဲ့တယ်..ဘာမှမလှုပ်ရှားနိုင်သေးလို့ အမေက အားလုံးဂရုတစိုက်နဲ့လုပ်ပေးခဲ့တယ် ..အဲဒီတော့မှ မိဘဆို တာ သားသမီး ဘယ်လောက်ဆိုးဆိုး ..အရာရာကိုသည်းခံခွင့်လွတ်နိုင်ပြီး အားလုံးကိုလျှစ်လျူုရူပြီးလုပ်ပေးပါလားလို့သိခဲ့ရတယ် ..ကျွန်တော်က ငယ်ငယ်က နည်းနည်းလေးဆိုးခဲ့တယ် ..အမေပေါ်မှာပေါ့ လိုချင်တာဆို ခုရမှ..မရရင် တနေကုန် ၀ုန်းဒိုင်းနဲ့ လုပ်နေခဲ့တယ် ဒါပေမယ့် မိဘအပေါ်မှာတော့ ဘယ်တုန်းကမှ လိမ်မပြောခဲ့ဘူးဘူး..အားလုံးကိုအမှန်အတိုင်းပဲပြောတယ် ..မောင်လေးက ကျွန်တော်ထက်စာရင် တအားလိမ်မာတယ် ...ဘာမှမပူုဆာ မဆိုးဘူး..ကျွန်တော့ကတော့မဟုတ်ဘူး ..ကျွန်တော်လုပ်ချင်တာတွေပဲလုပ် တယ်...ကျောင်းသွားရင်လဲ သူများလို့ကျောင်းကားမစီးဘူး အိမ်ကကား.ယူသွားတာပဲ..ကျောင်းကားက နေရာမရဘူးလေ.မတ်တပ်စီးရတာ ...ဒါကြောင့်သူငယ်ချင်းတွေ စုပြီး အိမ်ကကားတွေနဲ့ သွားကြတယ် ..မာစတာတက်မယ်ဆိုတော့ အိမ်ကကားနဲ့မသွားနဲ့တော့တဲ့ကျောင်းကားနဲ့ပဲတက်တော့ဆိုတာနဲ့ ကျောင်းတောင်ဆက်မတက်ဖြစ်ဘူး ..အဲလောက်အရွဲတိုက်တာလေ..ခုတော့ နည်းနည်းလေးလိမ်မာလာပြီးအဲလောက်မဆိုးတော့ဘူး..လိမ်မာတော့မယ်လို့ဆုံးဖြတ်ထားတယ် ..ပြီးတော့ သူများတွေ သူများမိဘကိုလုပ်ကျွေးတာမြင်ရင် တအားအားကျတယ် ..ခုထိ ကိုယ်ခြေထောက်ပေါ်မရပ်တည်နိုင်သေးဘူး ..မိဘတွေကို ဒုတ်ခပေးတုန်းပဲ...
အခုဆုံးဖြတ်ထားတာက..မိဘကိုလုပ်ကျွေးနိုင်တဲ့ သမီးကောင်းတစ်ယောက် ဖြစ်ချင်တယ် ..ခုလက်ရှိတော့ဘာမှဖြစ်မလာသေးတဲ့ ကောင်မလေးတစ်ယောက်ပေါ့ရှင်....
အားလုံးကိုကျေးဇူးတင်ပါတယ်နော် ၀င်ဖတ်ပေးတဲ့အတွက်......