skip to main | skip to sidebar

Sunday, September 9, 2007

အဆုံးအမ (၁)

မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေကို မိမိရဲခံယူထားမိသလောက် အတိုင်းအတာကို စကားပုံ သဏ္ဍာန်ပြောင်းပြီးရေးထားသော ဓမ္မဒူတ အရှင်ဆေကိန္ဒရဲ့ အသိပေးစကားလေးတွေ ကို အသိဥာဏ်အားတွေ တိုးတက်ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ တင်ပြလိုက်ပါတယ်ရှင်
၁။ စိတ်ဆိုးနေတဲ့ အခါ ကောင်းတဲ့ စိတ်နဲ့ လဲလိုက်ပါ။
ရှုပ်နေရင်ရှင်းတဲ့ စိတ် ၊
ပူနေရင် အေးတဲ့ စိတ်၊
နောက်နေရင် ကြည်တဲ့ စိတ်နဲ့ ချက်ချင်းလဲလိုက်ပါ။
၂။ကောင်းတာကို လုပ်ဖို့လွယ်ရင် ကောင်းတဲ့လူ၊
မကောင်းတာကို လုပ်ဖို့ လွယ်တယ်ဆိုရင် ???။
၃။ သူများပေးစာ ကျွေးစာ တစ်ထောင်ဖိုးစားရတာထက်
ကိုယ့်လုပ်စာ တစ်ကျပ်ဖိုးက ပိုပြီးမြိုန်တယ်။
၎။လေးစားထိုက်တဲ့သူရဲ စကားကိုမှ နားထောင်ကြတာ
ကိုယ့်စကားနားထောင်စေချင်ရင် လေးစားထိုက်အောင်နေပေါ့။
၅။ဝမ်းသားစရာတွေလည်း ကြုံခဲဖူးပါပြီ။
ဝမ်းနည်းစရာတွေလည်း ဆုံခဲဖူးပါပြီ။
ဘာမျှမယ်မယ်ရရ မရှိခဲ့ပါဘူး။
အသိဥာဏ် တိုးပြီး လူဖြစ်ရကျိုးနပ်တယ်ဆိုလို့ တော်သေးတာပေါ့။

1 comment:

MELODYMAUNG said...

ဖတ်မှတ်သွားပါတယ် Thanks for your sharing naw :)