skip to main | skip to sidebar

Friday, August 24, 2007

Happy Birthday!!My mom..♥♥♥

မွေးနေ့မှာပျော်ရွင်ပါစေ အမေ။အမေ ကျေးဇူးကို မဆပ်နိုင်တဲ့ သမီးလူဆိုးမလေးပါ အမေ။အမေအတွက် စိတ်ချမ်းသာအောင်ထားချင်ပေ့မယ့် ကိုယ်အတွက့် ကိုယ်အမြဲကြည့်မိတဲ့ သမီးမိုက်လေးပါအမေ။အမေကို့ သမီးတခါမှ စိတ်ချမ်းသာအောင် မထားခဲပေ့မယ် အမေကတော့ သမီးကို အမြဲလုပ်ချင်တာတွေ လုပ်ခွင့်ပြုတဲ အတွက် သမီးအသက်ကြီးလေ ရင်နဲ့မမျှအောင်ခံစားရလေပါပဲအမေ။အမေကို ပျော်ရွင်အောင်ထားဖို့ ကြိုးစားတိုင်မအောင်မြင်သေးတဲ့ သမီး ကို တခါလောက်တော့ ခွင့်ပြုပေးလိုက်ရင် သိပ်ကောင်းမှာပါပဲရှင်။အမေကို အရင်တုန်းက အဖေလောက်မချစ်ခဲ့ဘူးဘူး။အသက်ကြီးမှာပဲ အဖေထက် အမေဟာပိုပင်းပန်းပြီး သားသမီးတွေ ဆိုးသမျှခံရပါလားလို့ တွေးမိခဲ့တယ်။အမေတခုတော့ ကံကောင်းခဲ့ပါတယ် သားသမီးနှစ်ယောက်တည်းက နှစ်ယောက်လုံး လူဆိုးမပါပဲ သမီးဆိုးလေးတစ်ရောက်ပဲပါခဲ့လို့လေ။။မောင်လေးလို့ လိမ္မာာချင်ပေမယ့် တခါတခါခေါင်းမာတတ်တဲ့ သမီးဟာ ဘယ်သူနဲ့သွားတူနေပါလိမ့်လို့ တောင်စဉ်းစာမိတယ်။အမေ ရဲ့ မွေးနေ့မှာ သူများတွေလို အမေနဲ့ အဝေးဆုံးမှာ မရှိပဲ..အနီးဆုံးမှာ ရှိနေတာကိုးက သမီးဝမ်းသာလို့ မဆုံးပါဘူး။အမေမွေးနေ့အတွက် စိတ်ထဲ ၀ယ်ပေးချင်တဲ့ လက်ဆောင်ကို မ၀ယ်ပေးနိုင်သော်လည်း အခုပေးတဲ့ လက်ဆောင်မှာလဲ သမီးရဲ စိတ်စေတနာတွေ အပြည့်ပါအမေ။အမေနဲ့ ခဏခဏစိတ်ကောက်ခဲ့ရတာ တွေကို အမေကိုတောင်းပန်းချင်ပါတယ် ။သမီးမရင့်ကျက်သေးလို့ပါ။ပြီးတော့ ဒီချိန်ထိ မိဘဆီက လက်ဝါးဖြန့် တောင်းနေရတာလဲ သမီးမလိမ္မာသေးလို့ပါ။အမေကို သမီးလုပ်အားခနဲ့ ရှာကျွေးချင်ပါတယ်။ဒါပေမယ့် အဲဒီအခြေအနေကိုး ခုထိ မပိုင်ဆိုင်နိုင်သေးဘူး။သူများသားသမီးတွေ ကိုယ်မိဘကိုး ရှာကျွေးတိုင်း အမြဲ အားကျနေမိတယ်။ကိုယ်တိုင်ကျတော့ ဘာမှမလုပ်နိုင်သေးဘူး။အမေကို ရှာကျွေးနိုင်တဲ့ တစ်နေ့ကို ရောက်နိုင်ဖို့ အမြဲဆုတောင်းမိပါတယ်။အမေဟာ သားသမီးကို ဆုံးမရာမှာ သူငယ်ချင်းလို့ တမျိုး မိဘလို့ တမျိုးနဲ့ ဆုံးမပေးရှာတဲ့ မိခင်ကောင်းတစ်ယောက်ပါရှင်။အဲဒီလို မိခင်ကောင်းတစ်ယောက်ကို ပိုင်ဆိုင်ရတဲ့ အတွက် လောကကြီးကို အထူးပဲကျေးဇူးတင်ပါတယ်ရှင်။လောကကြီးရေ အခု အမေ့ရဲ့မွေးနေ့မှ စပြီးနောင်နှစ်ပေါင်းများစွာ မိသားစု ပျော်ပျော်ရွင်ရွင် အေးအေးချမ်းချမ် နေနိုင်ပါရစေရှင်။

1 comment:

သန့်ဇော်မင်း said...

သူငယ်ချင်းရဲ့ မေမေ့ မွေးနေ့မှာ ပျော်ရွှင်မူအပေါင်းနဲ့ ထာဝစဉ်ခညောင်းလို့.. ယနေ့မွေးနေ့မှ နောင်နှစ်ပေါင်းများစွာတိုင်.. ချစ်သောမီသားစု စည်းစည်းလုံးလုံး သိုက်သိုက်ဝန်းဝန်း ပျော်ပျော်ရွှင်ရွှင် နေနိုင်ကြစေကြောင်း.. တောင်းဆုပြုပေးလိုက်ပါတယ် ခင်ဗျာ..။
နာ့ သူငယ်ချင်းလေးလည်း.. အမြန်ဆုံး မိဘကို လုပ်ကျွေးနိုင်တဲ့ သမီးရတနာလေး ဖြစ်ပါစေကွယ်။

:)
tzm