skip to main | skip to sidebar

Wednesday, August 22, 2007

Plum

ဆေးဗားရဲ သူငယ်ချင်းအားလုံး ဆီးသီးလေးတွေ စားရအောင်နော်…ဆီးသီးနဲ့ပတ်သတ်ပြီး ကိုယ့်ကျန်မားရေးအတွက်အကျိုးရှိတာလေးတွေ ပြောပြမယ်နော်..
ဆီးသီးဟာ အမျှင်ဓတ်ကြွယ်ဝတဲ့ သဘာဝအရင်းအမြစ်အသီး ဖြစ်ပါတယ်။ဆီးသီးစားရင် ခေါင်းကြည်လင်လန်းဆန်းစေတဲ့ အပြင် ကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီးပေးပါတယ်။အမျိုးသားများသည် ဆီးကျိတ်ကင်ဆာကို ကာကွယ်ရန်ဆီးသီးစားပေးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်ရှင်။ အမျိုးသမီးတွေ ဆီးသီးသိပ်ကြိုက်တာမှန်ပါတယ်ရှင်။ဘာဖြစ်လို့လည်းဆိုတော့ ဆီးသီးဟာအစိုလတ်လတ်ဆတ်ဆတ်အသီးမှာရော၊ အခြောက်လှန်းလို့ ဆီးသီးခြောက်၊ဆီးသီးမှုန့်မှာရော သူမှာပါဝင်တဲ့ အောက်စီဂျင်ရယ်ဒီကယ်များကို တားဆီးစုပ်ယူနိုင်တဲ့ စွမ်းရည်ပမာဏများစွာရှိတဲ့အတွက် လူခန္ဓာကိုယ်မှာရော၊ ဦးနှောက်ကလာပ်စည်တွေထဲမှာပါ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေတယ်လို့ သိရပါတယ်ရှင်။ဆီးသီးစားရင် နုပျိုစေပါတယ်၊ ဦးနှောက်ကောင်းမယ်၊ စိတ်ရွှင်လန်းစေတယ်။ စိတ်ပျိုရင်ကိုယ်နုစေပါတယ်ရှင်။လွန်ခဲသောနှစ်ပေါင်းများစွာကတည်းက ဆီးဖျော်ရည်ကို စွမ်းအားပြည့်ဖျော်ရည် အဖြစ်လည်းကောင်း သောက်သုံးခဲကြတာဖြစ်ပါတယ်ရှင်။ ဆီးသီးမှာ ကယ်လိုရီလည်းနည်းတဲ့အပြင် အဆီးဓတ်လည်းနည်းပါးပါတယ်။ ကယ်စီယမ်နဲ့ ဗီတာမင် စီဓတ်လဲကြွယ်ဝပါတယ်ရှင်။
ဒီလောက် အဖိုးတန်တဲ့ ဆီးသီးကို ဆေးဗားတို့ သူငယ်ချင်းတွေ အားလုံး ဆီးသီးပေါ်တဲ့ အချိန်မှာ အတူတူစားကြရအောင်နော်။

1 comment:

သန့်ဇော်မင်း said...

ဆရာမ ဇီးသီးလေးတွေက တကယ့်ကို စားချင်စရာလေးတွေ.. နည်းနည်းလေး ပို့လိုက်ပါလား.. :D