
Monday, September 17, 2007
Thursday, September 13, 2007
အဆုံးအမ (၂)
ဗုဒ္ဓရဲ့အဆုံးအမတွေ ထပ်တင်ပြမယ်နော်
"ငါအတော်ဆုံးလို့ ထင်နေရင် အဖျင်းဆုံး အဆင့်ကိုရောက်သွားပြီး။"
"တခြားပစည်း တွေကိုရောင်းလိုက်ရင် အရှုံးမဟုတ်ရင် အမြတ်ရသေးတယ်၊
"ငါအတော်ဆုံးလို့ ထင်နေရင် အဖျင်းဆုံး အဆင့်ကိုရောက်သွားပြီး။"
"တခြားပစည်း တွေကိုရောင်းလိုက်ရင် အရှုံးမဟုတ်ရင် အမြတ်ရသေးတယ်၊
စိတ်ချမ်းသာမှုကို ရောင်းစားရင် အရှုံးနဲ့ပဲ ရင်ဆိုင်ရမယ်။
စိတ်ချမ်းသာမှုကို ဘာနဲမျှ ရောင်းမစားပါနဲ့။"
"ကောင်းတဲ့ အလုပ်ဟာနောက်ကျတယ်ဆိုတာ မရှိပါဘူး၊
အလုပ်မစ ရသေးတာပဲ ရှိတယ်။"
"စေတနာကောင်းနဲ့ ပြည့်ပြည့်စုံစုံ ကျွေးလိုက်ရလို့ ၀မ်းသာတယ်ဆိုရင်
သူစားနိုင်သလောက် စားတာကိုလည်း ကျေနပ်နိုင်ပါစေ။"
သူစားနိုင်သလောက်
Monday, September 10, 2007
အချစ်ဒဿန(၄)
အရာရာတိုင်းမှာ သက်တမ်းဆိုတဲ့ ကန့်သတ်မှုဆိုတာရှိတယ်လေ။အချစ်မှာလည်းအဲဒီလို အကန့်အသတ်ဆိုတာ ရှိပါတယ်။ ပြင်သစ်စကားပုံတစ်ခုကိုပြောပြရဦးမယ်... "Love is like soup, the first mouthful is very hot, and the ones that follow become gradually cooler." အချစ်ဆိုတာ စွပ်ပြုတ်လိုပဲ။ပထမဆံုးတစ်ငုံကတော့ သိပ်ကိုပူတယ်၊နောက်သောက်တဲ့ စွပ်ပြုတ်ကတော့ တဖြည်းဖြည်းအေးလိုက်လာတယ်တဲ့။ အချစ်ဆိုတာ ရေရှည်မှာ အေးစက်လာတတ်တယ်ဆိုတဲ့ သဘောပေါ့နော်.. ချစ်တယ်ဆိုတာရဲ့ တဘက်မှာ မုန်းတယ် ဆိုတာရှိနေတယ်။ဆန်ကျင့်ဘက် စိတ်ခံစားမှု အစွန်းနှစ်ခုလေ။ အချစ်မှာ သက်တမ်းရှိသလို အမှန်းမှာလဲသက်တမ်း ရှိတာပါပဲ။ အထွတ်အထိပ်ရောက်ပြီးရင် ပြန်လျှောဆင်းတတ်တဲ့ သဘောမျိုးပေါ့. "Lover as if one day you will hate, and hate as if one day you will love" တစ်နေ့မှာ မုန်းမှာပဲဆိုပြီးချစ်ပါ။ တစ်နေ့မှာ ချစ်မှာပဲဆိုပြီးမုန်းပါတဲ့။ "Love as thought you must have to hate; hate as though you might have to love." အဲဒီလို ဆင်ခြင်တုံတရားမျိုး၊ အသိကလေးမျိုးထားတတ်မယ်ဆိုရင် အချစ်အတွက် ခံစားနေရတာမျိုးတွေ ကြုလားတဲ့အခါ သက်သာမှုရယ်လေ။ အချစ်နဲ့ပတ်သတ်ရင် ဆင်ခြင်ထိန်းချူပ်နိုင်စွမ်းရိဖို့ အသိတရားရှိဖို့ ဆေးဗားက သတိပေးချင်တာပါရှင်.. |
အချစ်ဒဿန(၃)
တစ်ယောက်ယောက်ကို ချစ်မိသွားပြီးဆိုရင် ပညာအဆင့်အတန်း၊ ဂုဏ်ဒြပ်ဆိုတဲ့ စည်းတွေဟာ ပျောက်ပျက်ကုန်ပါတယ်။ အဲဒီသဘောကို အီတလီစကားပုံလေးတစ်ခုက "Lover makes all equal." လိုဆိုထားပါတယ်ရှင်။ အချစ်ကအားလုံးကို သာတူညီမျှဖြစ်စေတယ်တဲ့။ချစ်ရင် ပြီးရောဆိုပြီး အချစ်ကို ရှေ့တန်းတင်တယ်၊ အချစ်ဆိပ် တက်နေတုန်းမှာတော့ အချစ်တခုတည်းနဲ့ အားလုံးပြည့်စုံတယ်လို့ ထင်မယ်နော် အစမှာတော့ အချစ်က အပ်နှင်းထားတဲ့ အားအင်တွေ အပြည့်ရှိနေတယ်... ဘယ်လိုအခြေအနေရောက်ရောက် ဘာပဲကာဆီးနေနေရင်ဆိုင်မယ်ဆိုတဲ့ စိတ်ဓတ်မျိုးအပြည့်ပါပဲ။ အချစ်တစ်ခုတည်းကို ရှေ့တန်းတင်ပြိး အိမ်ထောင်တစ်ခုတည်းဆောက်မယ်ဆိုရင် မှားတတ်တယ်လိုပြောချင်ပါတယ်ရှင်.. |
Sunday, September 9, 2007
အဆုံးအမ (၁)
မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေကို မိမိရဲခံယူထားမိသလောက် အတိုင်းအတာကို စကားပုံ သဏ္ဍာန်ပြောင်းပြီးရေးထားသော ဓမ္မဒူတ အရှင်ဆေကိန္ဒရဲ့ အသိပေးစကားလေးတွေ ကို အသိဥာဏ်အားတွေ တိုးတက်ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ တင်ပြလိုက်ပါတယ်ရှင်
၁။ စိတ်ဆိုးနေတဲ့ အခါ ကောင်းတဲ့ စိတ်နဲ့ လဲလိုက်ပါ။
ရှုပ်နေရင်ရှင်းတဲ့ စိတ် ၊
ပူနေရင် အေးတဲ့ စိတ်၊
နောက်နေရင် ကြည်တဲ့ စိတ်နဲ့ ချက်ချင်းလဲလိုက်ပါ။
၂။ကောင်းတာကို လုပ်ဖို့လွယ်ရင် ကောင်းတဲ့လူ၊
မကောင်းတာကို လုပ်ဖို့ လွယ်တယ်ဆိုရင် ???။
၃။ သူများပေးစာ ကျွေးစာ တစ်ထောင်ဖိုးစားရတာထက်
ကိုယ့်လုပ်စာ တစ်ကျပ်ဖိုးက ပိုပြီးမြိုန်တယ်။
၎။လေးစားထိုက်တဲ့သူရဲ စကားကိုမှ နားထောင်ကြတာ
ကိုယ့်စကားနားထောင်စေချင်ရင် လေးစားထိုက်အောင်နေပေါ့။
၅။ဝမ်းသားစရာတွေလည်း ကြုံခဲဖူးပါပြီ။
ဝမ်းနည်းစရာတွေလည်း ဆုံခဲဖူးပါပြီ။
ဘာမျှမယ်မယ်ရရ မရှိခဲ့ပါဘူး။
အသိဥာဏ် တိုးပြီး လူဖြစ်ရကျိုးနပ်တယ်ဆိုလို့ တော်သေးတာပေါ့။
Friday, September 7, 2007
To create U's own flash banner
ဆေးဗားတို့ ကိုယ်ပိုင် Flash banner တခုကို ဖန်တီးကြရအောင်နော်..
စဖန်တီးမယ်ဆိုရင်ရယ်ဒီမိတ်လေးတွေ ပဲ ခေါ်သုံးရုံပါပဲရှင်..ဘာမှသိပ်လုပ်ပေးစရာမလိုပါဘူး
http://www.flashbannernow.com/ ဆိုတဲ့ ဆိုဒ်လေးက ခေါ်သုံးလိုက်ရင်ရပါတယ်ရှင်..
ဆေးဗားလဲ အဲဒီဆိုဒ်လေးက နေ Bannerလေး တခုထပ်လုပ်ထားပါတယ်ရှင် ..footer နေရာမှာသုံးထားတဲ့ banner လေးဖြစ်ပါတယ်ရှင်။
အဲဒီထဲက ကိုယ်စိတ်ကြိုက်အားလုံးရွေးလို့ရပါတယ်ရှင်..
အားလုံးပဲ flash banner လှလှလေးတွေ လုပ်ရင်ပျော်ရွင်ကြပါစေနော်...
Thursday, September 6, 2007
အချစ်ဒဿန(၂)
တကယ်တော့ အချစ်ဆိုတာ ဖြစ်ပေါ်လာတာပါ။ အချစ်ကို အတင်းအကျပ်ဖန်တီးလို့ မရပါ။ အချစ်ဟာ သူ့အလိုလို ဖြစ်ပေါ်လာတာဆိုတဲ အဓိပ္ပာယ်ပေါ့။ အခြေအနေ အမျိုးမျိုးမှာ ပံသဏ္ဍန်အမျိုးမျိုးနဲ့ အချစ်ဆိုတာဖြစ်ပေါ်နိုင်တယ်. အဲဒီလို အခြေအနေတစ်မျိုးမှာ အသွင်သဏ္ဍန် တစ်မျိုးနဲ့ဖြစ်ပေါ်တာတဲ့ အချစ်ဟာ ညင်သာတယ်၊နက်ရှိုင်းတယ်၊ခိုင်မြဲတယ်။အီတာလျံစကားပုံ တစ်ခုရေးပြမယ်နော်။ "Love rules without a sword and binds without a cord" "အချစ်ဟာ ဓားမိုးပြီး၊ မအုပ်စိုးဘူး၊ ကြိုးနဲလည်း ချည်နှောင်မထားဘူးတဲ့" သဘောကတော့ အတင်းအဓမ္မပြုထားခြင်းမရှိဘူး ချည်နှောင်ထားခြင်းမရှိဘူး။ ဒါပေမယ့်  အချစ်ဟာ တည်ငြိမ်လေးနက်နေတယ်ဆိုတဲ့ သဘောပါပဲရှင်။ "Stability" ဆိုတဲ့ တည်မြဲမှုရှိနေတယ်။ "Unity" ဆိုတဲ့ စုစည်းညီညွတ်မှုလည်း ရှိနေတယ်။ အချစ်ရဲ့ သဘာဝကို ရင့်ကျက်အရွယ်ရောက်လာတဲ့ အခါမှာ သိလာမှာပါနော်..။ | |
Wednesday, September 5, 2007
အချစ်ဒဿနများ..
လူတိုင်းလူတိုင်း အချစ်နဲ့ မလွတ်ကင်းနိုင်ဘူးဆို တာ အားလုံးလဲ သိမှာပါရှင်..ဒါကြောင့် အချစ်နဲ့ ပတ်သတ်တဲ့ ဒဿနလေးတွေ တင်ပြပါစေနော်.. အချစ်နဲ့ ပတ်သတ်တဲ့ ဒဿနတွေ ထဲမှာ ဘ၀၊ ရည်မှန်းချက်၊ ပန်းတိုင် ဆိုတဲ့ အရာတွေလည်း ပါဝင်ဆက်နွှယ်နေတာမို့ အားလုံးသိဖို့ ဆေးဗား လေ့လာစုဆောင်းမိသမျှလေးတွေ တင်ပြပါစေနော်. ကမ္ဘာစကားပုံတခုမှာ "Love is near" လိုဆိုထားတယ် အချစ်ဆိုတာ နီးစပ်မှု ပဲ တဲ့။ နီးစပ်မှုကြောင့် အချစ်ဖြစ်ပြီး "Love is blind" ဆိုသလို အချစ်မှာ မျက်စိမရှိဘူးလို့ ခံယူမိတဲ့အခါ ဘာကိုမှ မမြင်နိုင်ဘဲ အရူးအမူးဖြစ်သွားမှာ စိုးရိမ်လိုပါနော်.. နောက်တခုကတော့ လူဘ၀မှာ အချိန်တိုင်း "ချစ်" ဆိုတဲ့ ခံစားချက် တစ်ခုတည်းနဲ့ နေလို့ရတာမဟုတ်ဘူး။ အချစ်ရဲ့နောက်မှာ နောက်ဆက်တွဲပေါင်းစပ် ပါဝင်လာတာတွေဟာ သံသယတို့၊မုန်းတီးနာကြည်းမှုတို့၊ စွန့်လွှတ်ဆုံးရှုးံမှုတို့၊ အငြိုးအမျက်ဆိုတာတွေပေါ့လေ။ တူနှစ်ကိုယ် တဲ အိုပျက်မှာနေရနေရ ဆိုပေမယ့် အချစ်အတွက် ရုံးပြင် ကန္နားရောက်ကြရတာတွေလည်း ရှိတတ်တယ်. "Love lives in cottages as well as in courts"တဲ့။ "အချစ်ဟာ တဲအိုပျက်မှာ နေတတ်သလို ရုံးပြင်ကန္နားမှာလည်း နေတတ်တယ်" ဆိုတာပေါ့.. ဒါကြောင့် အချိန်မသင့်သေးပဲ အချစ်အတွက် မစွန့်စားစေချင်သေးဘူး။ အချိန်မရလို့နောက်မှ ဆက်ရေးပါမယ်နော်.. | |
Sunday, September 2, 2007
ဆောင်းရာသီ
ဘာလိုလိုနဲ့ ဆောင်းတွင်တောင် ရောက်တော့မယ်နော်..ဆောင်းတွငိးကို ကြိုက်ပါတယ်.. ဆောင်းတွင်းမှာ လမ်းလျှောက်ရတာကိုးလဲ ကြိုက်တယ်..ဆောင်းတွင်းမှာ မန္တလေးတောင်တက်ပြီး တောင်ပေါ်ကနေ မန္တလေးရဲ့ အလှကို ကြည့်ရတာလဲ ကြိုက်တယ် မန္တလေး ဆောင်းရဲအလှလေးတစ်ခုကတော့ ဆောင်းတွင်းဆို ကျုံးဘေးမှာ လမ်းလျှောက်တဲက သူတွေကော..လေ့ကျင်ခန်းလုပ်တဲ့ သူတွေ ကော အများကြီးပဲ ပျော်ဖို့ကောင်းတယ်...ဆောင်းတွင်းနှင်းကျတော့ သိပ်မမြင်ရဘူး ဘူး ကိုးရီယားကားထဲက လို့နှင်းတွေ အများကြီးကျရင်သိပ်ပျော်ဖို့ကောင်းမှာပဲ..ဒါပေမယ့် အလုပ်လဲ လုပ်ကြတော့မှာမဟုတ်လောက်ဘူးထင်တယ်..စောင့်ပုံတွေ ထဲက ထွက်ကြမယ်မထင်ဘူး..ဟီးတစ်ခါငယ်ငယ်က အစောကြီးထပြီး လမ်းလျှောက်ဘူးတယ် အလင်းရောင်တောင် မလာသေးဘူး..တအားပျော်ဖို့ကောင်းတယ်..ကြက်တောင်ရိုက်တဲ့သူတွေကော စကိတ်စီးနေတဲ့ သူတွေနဲ့အစုံပဲ..စလျှောက်လို့လား မသိဘူး..ခြေထောက်တွေတအားယားလာသေးတယ်.. သွေးလည်ပတ်မှုတွေ မြန်လာလို့ထင်တာပါပဲရှင်..နောက်ပိုင်းတော့ လမ်းမလျှောက်ဖြစ်တော့ ဘူးကျောင်းတက်ရတာနဲ့ ဘာနဲ့ဆိုတော့..မလျှောက်ဖြစ်တော့ဘူး..ခုဆိုပိုဆိုးသေးတယ် အလုပ်သွားရတာနဲ့ လမ်းကို မလျှောက်ဖြစ်တော့ဘူး ..အားတဲ့နံနက်စောစောဆောင်းတွင်းကျရင် လမ်းလျှောက်ချင်ပါသေးတယ် ဒါပေမယ့် ဆောင်းတွင်းရောက်ရင် စောင်ပုံထဲက မထွက်ချင်တာကလဲ ခက်တယ်နော်..
အခုဆို အများချစ်တဲ့ဆောင်းရာသီလေးဟာ တဖြည်းဖြည်းနဲ့ရောက်လာပါတော့မယ်ရှင်...ဒီနှစ်ဆောင်းတွင်းတော့ နှင်းကျဖို့ ဆုတောင်းရင်း ..ဆောင်းရာသီကို အေးအေးချမ်းချမ်းလေးကြိုဆိုကြရအောင်နော်..ကိုtzm ရေရေးလိုက်ပြီးနော် စာရေးမကောင်းလို့ ဖတ်ရတာ အဆင်မပြေရင်ခွင့်လွတ်ပါနော်..
အခုဆို အများချစ်တဲ့ဆောင်းရာသီလေးဟာ တဖြည်းဖြည်းနဲ့ရောက်လာပါတော့မယ်ရှင်...ဒီနှစ်ဆောင်းတွင်းတော့ နှင်းကျဖို့ ဆုတောင်းရင်း ..ဆောင်းရာသီကို အေးအေးချမ်းချမ်းလေးကြိုဆိုကြရအောင်နော်..ကိုtzm ရေရေးလိုက်ပြီးနော် စာရေးမကောင်းလို့ ဖတ်ရတာ အဆင်မပြေရင်ခွင့်လွတ်ပါနော်..
Subscribe to:
Posts (Atom)