skip to main | skip to sidebar

Monday, September 10, 2007

အချစ်ဒဿန(၄)





အရာရာတိုင်းမှာ သက်တမ်းဆိုတဲ့ ကန့်သတ်မှုဆိုတာရှိတယ်လေ။အချစ်မှာလည်းအဲဒီလို အကန့်အသတ်ဆိုတာ ရှိပါတယ်။
ပြင်သစ်စကားပုံတစ်ခုကိုပြောပြရဦးမယ်...
"Love is like soup, the first mouthful is very hot,
and the ones that follow become gradually cooler."
အချစ်ဆိုတာ စွပ်ပြုတ်လိုပဲ။ပထမဆံုးတစ်ငုံကတော့ သိပ်ကိုပူတယ်၊နောက်သောက်တဲ့ စွပ်ပြုတ်ကတော့ တဖြည်းဖြည်းအေးလိုက်လာတယ်တဲ့။
အချစ်ဆိုတာ ရေရှည်မှာ အေးစက်လာတတ်တယ်ဆိုတဲ့ သဘောပေါ့နော်..
ချစ်တယ်ဆိုတာရဲ့ တဘက်မှာ မုန်းတယ် ဆိုတာရှိနေတယ်။ဆန်ကျင့်ဘက် စိတ်ခံစားမှု အစွန်းနှစ်ခုလေ။
အချစ်မှာ သက်တမ်းရှိသလို အမှန်းမှာလဲသက်တမ်း ရှိတာပါပဲ။
အထွတ်အထိပ်ရောက်ပြီးရင် ပြန်လျှောဆင်းတတ်တဲ့ သဘောမျိုးပေါ့.
"Lover as if one day you will hate, and
hate as if one day you will love"
တစ်နေ့မှာ မုန်းမှာပဲဆိုပြီးချစ်ပါ။ တစ်နေ့မှာ ချစ်မှာပဲဆိုပြီးမုန်းပါတဲ့။
"Love as thought you must have to hate; hate as though
you might have to love."
အဲဒီလို ဆင်ခြင်တုံတရားမျိုး၊ အသိကလေးမျိုးထားတတ်မယ်ဆိုရင် အချစ်အတွက် ခံစားနေရတာမျိုးတွေ
ကြုလားတဲ့အခါ သက်သာမှုရယ်လေ။
အချစ်နဲ့ပတ်သတ်ရင် ဆင်ခြင်ထိန်းချူပ်နိုင်စွမ်းရိဖို့ အသိတရားရှိဖို့ ဆေးဗားက သတိပေးချင်တာပါရှင်..

No comments: