skip to main | skip to sidebar

Wednesday, September 5, 2007

အချစ်ဒဿနများ..





လူတိုင်းလူတိုင်း အချစ်နဲ့ မလွတ်ကင်းနိုင်ဘူးဆို တာ အားလုံးလဲ သိမှာပါရှင်..ဒါကြောင့် အချစ်နဲ့ ပတ်သတ်တဲ့ ဒဿနလေးတွေ တင်ပြပါစေနော်..
အချစ်နဲ့ ပတ်သတ်တဲ့ ဒဿနတွေ ထဲမှာ ဘ၀၊ ရည်မှန်းချက်၊ ပန်းတိုင် ဆိုတဲ့ အရာတွေလည်း ပါဝင်ဆက်နွှယ်နေတာမို့ အားလုံးသိဖို့ ဆေးဗား လေ့လာစုဆောင်းမိသမျှလေးတွေ တင်ပြပါစေနော်.
ကမ္ဘာစကားပုံတခုမှာ
"Love is near" လိုဆိုထားတယ်
အချစ်ဆိုတာ နီးစပ်မှု ပဲ တဲ့။
နီးစပ်မှုကြောင့် အချစ်ဖြစ်ပြီး
"Love is blind" ဆိုသလို
အချစ်မှာ မျက်စိမရှိဘူးလို့ ခံယူမိတဲ့အခါ
ဘာကိုမှ မမြင်နိုင်ဘဲ အရူးအမူးဖြစ်သွားမှာ စိုးရိမ်လိုပါနော်..
နောက်တခုကတော့ လူဘ၀မှာ အချိန်တိုင်း "ချစ်" ဆိုတဲ့ ခံစားချက် တစ်ခုတည်းနဲ့ နေလို့ရတာမဟုတ်ဘူး။
အချစ်ရဲ့နောက်မှာ နောက်ဆက်တွဲပေါင်းစပ် ပါဝင်လာတာတွေဟာ သံသယတို့၊မုန်းတီးနာကြည်းမှုတို့၊ စွန့်လွှတ်ဆုံးရှုးံမှုတို့၊ အငြိုးအမျက်ဆိုတာတွေပေါ့လေ။
တူနှစ်ကိုယ် တဲ အိုပျက်မှာနေရနေရ ဆိုပေမယ့် အချစ်အတွက် ရုံးပြင် ကန္နားရောက်ကြရတာတွေလည်း ရှိတတ်တယ်.
"Love lives in cottages as well as in courts"တဲ့။
"အချစ်ဟာ တဲအိုပျက်မှာ နေတတ်သလို ရုံးပြင်ကန္နားမှာလည်း နေတတ်တယ်" ဆိုတာပေါ့..
ဒါကြောင့် အချိန်မသင့်သေးပဲ အချစ်အတွက် မစွန့်စားစေချင်သေးဘူး။
အချိန်မရလို့နောက်မှ ဆက်ရေးပါမယ်နော်..


No comments: