skip to main | skip to sidebar

Sunday, September 2, 2007

ဆောင်းရာသီ

ဘာလိုလိုနဲ့ ဆောင်းတွင်တောင် ရောက်တော့မယ်နော်..ဆောင်းတွငိးကို ကြိုက်ပါတယ်.. ဆောင်းတွင်းမှာ လမ်းလျှောက်ရတာကိုးလဲ ကြိုက်တယ်..ဆောင်းတွင်းမှာ မန္တလေးတောင်တက်ပြီး တောင်ပေါ်ကနေ မန္တလေးရဲ့ အလှကို ကြည့်ရတာလဲ ကြိုက်တယ် မန္တလေး ဆောင်းရဲအလှလေးတစ်ခုကတော့ ဆောင်းတွင်းဆို ကျုံးဘေးမှာ လမ်းလျှောက်တဲက သူတွေကော..လေ့ကျင်ခန်းလုပ်တဲ့ သူတွေ ကော အများကြီးပဲ ပျော်ဖို့ကောင်းတယ်...ဆောင်းတွင်းနှင်းကျတော့ သိပ်မမြင်ရဘူး ဘူး ကိုးရီယားကားထဲက လို့နှင်းတွေ အများကြီးကျရင်သိပ်ပျော်ဖို့ကောင်းမှာပဲ..ဒါပေမယ့် အလုပ်လဲ လုပ်ကြတော့မှာမဟုတ်လောက်ဘူးထင်တယ်..စောင့်ပုံတွေ ထဲက ထွက်ကြမယ်မထင်ဘူး..ဟီးတစ်ခါငယ်ငယ်က အစောကြီးထပြီး လမ်းလျှောက်ဘူးတယ် အလင်းရောင်တောင် မလာသေးဘူး..တအားပျော်ဖို့ကောင်းတယ်..ကြက်တောင်ရိုက်တဲ့သူတွေကော စကိတ်စီးနေတဲ့ သူတွေနဲ့အစုံပဲ..စလျှောက်လို့လား မသိဘူး..ခြေထောက်တွေတအားယားလာသေးတယ်.. သွေးလည်ပတ်မှုတွေ မြန်လာလို့ထင်တာပါပဲရှင်..နောက်ပိုင်းတော့ လမ်းမလျှောက်ဖြစ်တော့ ဘူးကျောင်းတက်ရတာနဲ့ ဘာနဲ့ဆိုတော့..မလျှောက်ဖြစ်တော့ဘူး..ခုဆိုပိုဆိုးသေးတယ် အလုပ်သွားရတာနဲ့ လမ်းကို မလျှောက်ဖြစ်တော့ဘူး ..အားတဲ့နံနက်စောစောဆောင်းတွင်းကျရင် လမ်းလျှောက်ချင်ပါသေးတယ် ဒါပေမယ့် ဆောင်းတွင်းရောက်ရင် စောင်ပုံထဲက မထွက်ချင်တာကလဲ ခက်တယ်နော်..
အခုဆို အများချစ်တဲ့ဆောင်းရာသီလေးဟာ တဖြည်းဖြည်းနဲ့ရောက်လာပါတော့မယ်ရှင်...ဒီနှစ်ဆောင်းတွင်းတော့ နှင်းကျဖို့ ဆုတောင်းရင်း ..ဆောင်းရာသီကို အေးအေးချမ်းချမ်းလေးကြိုဆိုကြရအောင်နော်..ကိုtzm ရေရေးလိုက်ပြီးနော် စာရေးမကောင်းလို့ ဖတ်ရတာ အဆင်မပြေရင်ခွင့်လွတ်ပါနော်..

1 comment:

သန့်ဇော်မင်း said...

ဆရာမကလည်း.. ရုံးကို... လမ်းလျှောက်လာပေါ့လို့ ဒါဆို ကျန်းမာရေးနဲ့လည်းကိုက်တယ်။ လူကြီးတွေလည်း အလုပ်မရှုပ်တော့ဘူး။
ဆောင်းတွင်းမှာ စောင်ပုံထဲက မထွက်ချင်မှာစိုးရင် စောင်မခြုံပဲအိပ်.. ဒါဆိုထွက်စရာမလိုတော့ဘူး။
ဟတ်..ဟတ်.. စတာနော်..
ခုလို့ရေးပေးတဲ့အတွက် ကျေးဇူးတင်တယ် ဆရာမရေ.. ဖတ်လို့ကောင်းပါတယ်နော်