
Monday, December 10, 2007
Happy Birthday!! ko TZM

Sunday, December 2, 2007
အချစ်ကံကောင်းဖို့အကောင်းကံချစ်လိုက်ကြရအောင်နော်
Monday, November 26, 2007
ကျောင်းသားတစ်ယောက်နှင့်ဆရာမတစ်ယောက်၏တနေ့စာအလွဲများ (၂)
Sunday, November 25, 2007
ကျောင်းသားတစ်ယောက်နှင့်ဆရာမတစ်ယောက်၏တနေ့စာအလွဲများ
၁။ စာရွက်ချင်းမှားထုတ်မိသူ
တခါက အခြေခံသင်တန်းတစ်ခုမှာ
ဆရာမ….စာစသင်မယ့်..စာရွက်အသစ်တခုယူလိုက်ပါ..
ကျောင်းသား…စာရွက်အသစ်မပါဘူးဆရာမ…တဲ့..တကယ်တော့ဆရာမ ယူခိုင်းတဲစာရွက်အသစ်ဆိုတာ..FileàNew ယူတာကိုပြောလိုက်တာပါ…
ဒါပေမယ့်ကျောင်းသား ခမျာ ဘာကိုတွေးမိလဲမသိပါဘူး..ရေးတဲ့စာရွက်လို့ထင်သွားပုံရပါတယ်ရှင်…
၂။ မှားနှိပ်မိသူ
အခြေခံသင်တန်းတစ်ခုမှာ
ဆရာမ..Start button လေးကို တစ်ချက်နှိပ်လိုက်ပါ..
အဲလိုလဲပြောပြီးရော်ကျောင်းသားတစ်ယောက်လုပ်လိုက်ပုံကြောင်း ..တတန်းလုံးဝိုင်းရယ်ရတဲ့အဖြစ်ကလေးတခုဖြစ်ပွားခဲ့ပါတယ်..ရှင်..
ကျောင်းသား နှိပ်လိုက်တာကလဲ Start button ပါပဲ ဒါပေမယ့်သူက mouse နဲ့နှိပ်တာမဟုတ်ပဲ…လက်နဲ့ start button ပေါ်ကို သွားနှိပ်လိုက်လို့ပါပဲရှင်…iphone တို့လို့ touch screen နဲ့များမှားနှိပ်လားတော့မပြောတတ်တော့ပါဘူးရှင်…
Friday, November 23, 2007
Monday, September 17, 2007
Thursday, September 13, 2007
အဆုံးအမ (၂)
"ငါအတော်ဆုံးလို့ ထင်နေရင် အဖျင်းဆုံး အဆင့်ကိုရောက်သွားပြီး။"
"တခြားပစည်း တွေကိုရောင်းလိုက်ရင် အရှုံးမဟုတ်ရင် အမြတ်ရသေးတယ်၊
Monday, September 10, 2007
အချစ်ဒဿန(၄)
အရာရာတိုင်းမှာ သက်တမ်းဆိုတဲ့ ကန့်သတ်မှုဆိုတာရှိတယ်လေ။အချစ်မှာလည်းအဲဒီလို အကန့်အသတ်ဆိုတာ ရှိပါတယ်။ ပြင်သစ်စကားပုံတစ်ခုကိုပြောပြရဦးမယ်... "Love is like soup, the first mouthful is very hot, and the ones that follow become gradually cooler." အချစ်ဆိုတာ စွပ်ပြုတ်လိုပဲ။ပထမဆံုးတစ်ငုံကတော့ သိပ်ကိုပူတယ်၊နောက်သောက်တဲ့ စွပ်ပြုတ်ကတော့ တဖြည်းဖြည်းအေးလိုက်လာတယ်တဲ့။ အချစ်ဆိုတာ ရေရှည်မှာ အေးစက်လာတတ်တယ်ဆိုတဲ့ သဘောပေါ့နော်.. ချစ်တယ်ဆိုတာရဲ့ တဘက်မှာ မုန်းတယ် ဆိုတာရှိနေတယ်။ဆန်ကျင့်ဘက် စိတ်ခံစားမှု အစွန်းနှစ်ခုလေ။ အချစ်မှာ သက်တမ်းရှိသလို အမှန်းမှာလဲသက်တမ်း ရှိတာပါပဲ။ အထွတ်အထိပ်ရောက်ပြီးရင် ပြန်လျှောဆင်းတတ်တဲ့ သဘောမျိုးပေါ့. "Lover as if one day you will hate, and hate as if one day you will love" တစ်နေ့မှာ မုန်းမှာပဲဆိုပြီးချစ်ပါ။ တစ်နေ့မှာ ချစ်မှာပဲဆိုပြီးမုန်းပါတဲ့။ "Love as thought you must have to hate; hate as though you might have to love." အဲဒီလို ဆင်ခြင်တုံတရားမျိုး၊ အသိကလေးမျိုးထားတတ်မယ်ဆိုရင် အချစ်အတွက် ခံစားနေရတာမျိုးတွေ ကြုလားတဲ့အခါ သက်သာမှုရယ်လေ။ အချစ်နဲ့ပတ်သတ်ရင် ဆင်ခြင်ထိန်းချူပ်နိုင်စွမ်းရိဖို့ အသိတရားရှိဖို့ ဆေးဗားက သတိပေးချင်တာပါရှင်.. |
အချစ်ဒဿန(၃)
တစ်ယောက်ယောက်ကို ချစ်မိသွားပြီးဆိုရင် ပညာအဆင့်အတန်း၊ ဂုဏ်ဒြပ်ဆိုတဲ့ စည်းတွေဟာ ပျောက်ပျက်ကုန်ပါတယ်။ အဲဒီသဘောကို အီတလီစကားပုံလေးတစ်ခုက "Lover makes all equal." လိုဆိုထားပါတယ်ရှင်။ အချစ်ကအားလုံးကို သာတူညီမျှဖြစ်စေတယ်တဲ့။ချစ်ရင် ပြီးရောဆိုပြီး အချစ်ကို ရှေ့တန်းတင်တယ်၊ အချစ်ဆိပ် တက်နေတုန်းမှာတော့ အချစ်တခုတည်းနဲ့ အားလုံးပြည့်စုံတယ်လို့ ထင်မယ်နော် အစမှာတော့ အချစ်က အပ်နှင်းထားတဲ့ အားအင်တွေ အပြည့်ရှိနေတယ်... ဘယ်လိုအခြေအနေရောက်ရောက် ဘာပဲကာဆီးနေနေရင်ဆိုင်မယ်ဆိုတဲ့ စိတ်ဓတ်မျိုးအပြည့်ပါပဲ။ အချစ်တစ်ခုတည်းကို ရှေ့တန်းတင်ပြိး အိမ်ထောင်တစ်ခုတည်းဆောက်မယ်ဆိုရင် မှားတတ်တယ်လိုပြောချင်ပါတယ်ရှင်.. |
Sunday, September 9, 2007
အဆုံးအမ (၁)
Friday, September 7, 2007
To create U's own flash banner
Thursday, September 6, 2007
အချစ်ဒဿန(၂)
တကယ်တော့ အချစ်ဆိုတာ ဖြစ်ပေါ်လာတာပါ။ အချစ်ကို အတင်းအကျပ်ဖန်တီးလို့ မရပါ။ အချစ်ဟာ သူ့အလိုလို ဖြစ်ပေါ်လာတာဆိုတဲ အဓိပ္ပာယ်ပေါ့။ အခြေအနေ အမျိုးမျိုးမှာ ပံသဏ္ဍန်အမျိုးမျိုးနဲ့ အချစ်ဆိုတာဖြစ်ပေါ်နိုင်တယ်. အဲဒီလို အခြေအနေတစ်မျိုးမှာ အသွင်သဏ္ဍန် တစ်မျိုးနဲ့ဖြစ်ပေါ်တာတဲ့ အချစ်ဟာ ညင်သာတယ်၊နက်ရှိုင်းတယ်၊ခိုင်မြဲတယ်။အီတာလျံစကားပုံ တစ်ခုရေးပြမယ်နော်။ "Love rules without a sword and binds without a cord" "အချစ်ဟာ ဓားမိုးပြီး၊ မအုပ်စိုးဘူး၊ ကြိုးနဲလည်း ချည်နှောင်မထားဘူးတဲ့" သဘောကတော့ အတင်းအဓမ္မပြုထားခြင်းမရှိဘူး ချည်နှောင်ထားခြင်းမရှိဘူး။ ဒါပေမယ့်  အချစ်ဟာ တည်ငြိမ်လေးနက်နေတယ်ဆိုတဲ့ သဘောပါပဲရှင်။ "Stability" ဆိုတဲ့ တည်မြဲမှုရှိနေတယ်။ "Unity" ဆိုတဲ့ စုစည်းညီညွတ်မှုလည်း ရှိနေတယ်။ အချစ်ရဲ့ သဘာဝကို ရင့်ကျက်အရွယ်ရောက်လာတဲ့ အခါမှာ သိလာမှာပါနော်..။ | |
Wednesday, September 5, 2007
အချစ်ဒဿနများ..
လူတိုင်းလူတိုင်း အချစ်နဲ့ မလွတ်ကင်းနိုင်ဘူးဆို တာ အားလုံးလဲ သိမှာပါရှင်..ဒါကြောင့် အချစ်နဲ့ ပတ်သတ်တဲ့ ဒဿနလေးတွေ တင်ပြပါစေနော်.. အချစ်နဲ့ ပတ်သတ်တဲ့ ဒဿနတွေ ထဲမှာ ဘ၀၊ ရည်မှန်းချက်၊ ပန်းတိုင် ဆိုတဲ့ အရာတွေလည်း ပါဝင်ဆက်နွှယ်နေတာမို့ အားလုံးသိဖို့ ဆေးဗား လေ့လာစုဆောင်းမိသမျှလေးတွေ တင်ပြပါစေနော်. ကမ္ဘာစကားပုံတခုမှာ "Love is near" လိုဆိုထားတယ် အချစ်ဆိုတာ နီးစပ်မှု ပဲ တဲ့။ နီးစပ်မှုကြောင့် အချစ်ဖြစ်ပြီး "Love is blind" ဆိုသလို အချစ်မှာ မျက်စိမရှိဘူးလို့ ခံယူမိတဲ့အခါ ဘာကိုမှ မမြင်နိုင်ဘဲ အရူးအမူးဖြစ်သွားမှာ စိုးရိမ်လိုပါနော်.. နောက်တခုကတော့ လူဘ၀မှာ အချိန်တိုင်း "ချစ်" ဆိုတဲ့ ခံစားချက် တစ်ခုတည်းနဲ့ နေလို့ရတာမဟုတ်ဘူး။ အချစ်ရဲ့နောက်မှာ နောက်ဆက်တွဲပေါင်းစပ် ပါဝင်လာတာတွေဟာ သံသယတို့၊မုန်းတီးနာကြည်းမှုတို့၊ စွန့်လွှတ်ဆုံးရှုးံမှုတို့၊ အငြိုးအမျက်ဆိုတာတွေပေါ့လေ။ တူနှစ်ကိုယ် တဲ အိုပျက်မှာနေရနေရ ဆိုပေမယ့် အချစ်အတွက် ရုံးပြင် ကန္နားရောက်ကြရတာတွေလည်း ရှိတတ်တယ်. "Love lives in cottages as well as in courts"တဲ့။ "အချစ်ဟာ တဲအိုပျက်မှာ နေတတ်သလို ရုံးပြင်ကန္နားမှာလည်း နေတတ်တယ်" ဆိုတာပေါ့.. ဒါကြောင့် အချိန်မသင့်သေးပဲ အချစ်အတွက် မစွန့်စားစေချင်သေးဘူး။ အချိန်မရလို့နောက်မှ ဆက်ရေးပါမယ်နော်.. | |
Sunday, September 2, 2007
ဆောင်းရာသီ
အခုဆို အများချစ်တဲ့ဆောင်းရာသီလေးဟာ တဖြည်းဖြည်းနဲ့ရောက်လာပါတော့မယ်ရှင်...ဒီနှစ်ဆောင်းတွင်းတော့ နှင်းကျဖို့ ဆုတောင်းရင်း ..ဆောင်းရာသီကို အေးအေးချမ်းချမ်းလေးကြိုဆိုကြရအောင်နော်..ကိုtzm ရေရေးလိုက်ပြီးနော် စာရေးမကောင်းလို့ ဖတ်ရတာ အဆင်မပြေရင်ခွင့်လွတ်ပါနော်..
Thursday, August 30, 2007
Blog Seminar
အားလုံးကိုကျေးဇူးတင်ပါတယ်နော်။blog seminar က နေလည် ၁နာရီ မန္တလေး MICT Park မှာလုပ်မှာဖြစ်ပါတယ်ရှင်။Happy Blogger Day ပါနော် ။
Monday, August 27, 2007
သစ်သီးဖျော်ရည်သောက်ရအောင်

Friday, August 24, 2007
Happy Birthday!!My mom..♥♥♥
Wednesday, August 22, 2007
Plum

ဒီလောက် အဖိုးတန်တဲ့ ဆီးသီးကို ဆေးဗားတို့ သူငယ်ချင်းတွေ အားလုံး ဆီးသီးပေါ်တဲ့ အချိန်မှာ အတူတူစားကြရအောင်နော်။
Tuesday, August 21, 2007
Tag လေးရေးထားတယ်နော်...
Monday, August 20, 2007
Forums
ဆေးဗား အခုပြောမဲ့အကြောင်းအရာလေးကတော့ ဖိုရမ်အကြောင်းလေးပဲဖြစ်ပါတယ်ရှင်..
ဖိုရမ်ဆိုတာက တစ်ယောက်နဲ့တစ်ယောက် ကိုယ်သိတဲ့ ကြောင်းအရာလေးတွေ ဆွေးနွေးရတဲ့ စကားဝိုင်းလေးတခုပါပဲရှင်..
ဖိုရမ်စရေးဖြစ်ပုံ
ဆေးဗား ဖိုရမ်စရေးဖြစ်တာကတော့ ရုံးကသူငယ်ချင်းလေညိုနွယ်က နေစပြီးရေးဖြစ်ခဲ့တာပါပဲရှင်..
ညိုနွယ်ကဖိုရမ်တွေ ရေးတယ်လေ..နည်းပညာပိုင်းတင်မကဘူး စာအုပ်စာပေ..ခံစားအပိုင်းတွေပါအကုန်ရေးတယ်..သူကို
ကြည့်ပြီးဆေးဗားလဲ မသိတာကိုး ကိုယ်တိုင်ဖိုရမ်ပေါ်မှာ ၀င်ရေးဝင်မေးခဲ့ရာကနေ စပြီး ဖိုရမ်ကိုး စပြီးစွဲလမ်း်ခဲ့ရတာပေါ့ရှင် ဖိုရမ်တွေကို အားလုံးလိုက်ဖတ် နည်းပညာပိုင်းတင်မဟုတ်တော့ပဲ လောကရဲ့ဘ၀မျိုးစုံခံစားခက်မျိုးစုံတွေ ကိုပါုဝင်ရောက်ဆွေးနွေးခဲ့တာပေါ့ရှင်..
စရေးခဲ့သောဖိုရမ်ဆိုဒ်
ဆေးဗားစရေးခဲ့သော ဖိုရမ်ဆိုဒ်လေးကတော့ ပလန်းနက်ဆိုဒ်လေးမှာစရေးခဲ့တာပါရှင်..
ပလန်းနက်မှာ Chitchat မှာလဲ ခံစားချက်တွေရေးတယ်
Love & romance မှာလဲ သူများရဲ့ နှလုံးရေးရာပြသာနာတွေကိုးလိုက်ပြီးဆွေးနွေးခဲ့ပါတယ်ရှင်
Music ကျတော့လဲ အလျော့မပေးပြန်ဘူး ကိုယ်ဝါသနာပါတာလဲဖြစ်နေတာနဲ့ သီချင်းတွေဆိုလဲ ရေးခဲ့တာပါပဲရှင်..
ဖိုရမ်ရေးတာကို တော်တော်လေးကိုစွဲလမ်းခဲ့ပါတယ်ရှင်အခုဆို ပလန်းနက်မှာတင်မကတော့ပဲ..ကိုမွန်းစတာကြီးရဲ ပဒုန်မာမှာလဲ တော်တော်လေးရေးဖြစ်ပါတယ်ရှင်..ဒါအပြင်တခါတခါ မြန်မာတီးရှော့ကိုလဲခုန်ကူးလိုက်သေးတယ်..နောက်ထပ်ကိုစေတန်ရဲ mysteryzillion မှာနည်းပညာတွေသွားမေးလိုက်နဲ့ ဖိုရမ်တွေကြားမှာပဲလည်ပတ်နေပါတယ်ရှင်..ဆေးဗား
စရေးဖြစ်ခဲ့သော တော့ပစ်ခေါင်းစဉ်လေးကတော့
ယောကျာ်းလေးများနှင့်မိန်းကလေးများ အခွင့်အရေးမတူညီခြင်းဆိုတဲ့ တော့ပစ်လေးတင်ခဲ့ပါတယ်ရှင်..အဲဒီတော့ပစ်တင်ဖြစ်သွားတာကလဲ အိမ်ကမောင်လေးကိုမကျေနပ်တာနဲ့ တင်လိုက်တာပါရှင်..အဲဒီကျမှာပဲကိုယ်တင်လိုက်တဲ့ တော့ပစ်က တော်တော်လေးကို ထိရောက်သွားခဲပါတယ်ရှင်..မောင်လေးကိုမကျေနပ်တာနဲ့ ယောကျာ်းအားလုံးကိုး ပြောရမလားဆိုပြီးခေါင်းစဉ်က ကြီးပြီး ..ပြောထားတာက ဘာမှမဟုတ်တာလေးဖြစ်နေလို့ အကုန်လုံးရဲ မေတ္တာပို့မှုကို ခံလိုက်ရပါသေးတယ်ရှင်..အခုတော့ဖိုရမ်တွေ အားလုံးမှာလဲလိုက်ရေးနေပြီးဆိုတော့..ဒီလိုမျိုးတော့ပစ်ခေါင်းစဉ်နဲ့ ကိုယ်ပြောချင်တာနဲ့လွဲတာတွေတော့ သိပ်မရှိတော့ပါဘူး..
ဒါပေမယ့်နောက်ပိုင်းဖိုရမ်တွေမှာ ပြောင်အပျက်တွေ များလာတာတွေ့ရပါတယ်ရှင်ဒါကတော့ တချိုက ကိုယ်ရဲ့ခံစားချက်ရင်ဖွင့်ရာလို့ ဖိုရမ်ကို သတ်မှတ်ထားတဲ့သူတွေရှိသလို့ တချိုကလဲ..ကိုယ်ရဲ့ ပျော်ရွင်ဖို့အတွက်သတ်မှတ်ရာနေရာလေးလဲဖြစ်နေတော့လဲ ကိုယ်ကဘာမှပြောခွင့်မရှိဘူးပေါ့နော်..
ဖိုရမ်ရေး၍ ရရှိသောအကျိုးကျေးဇူးကတော့
ဗဟုသုတလဲရတယ်..ခံစားချက်တွေလဲရင်ဖွင့်လိုရတယ် ..မိတ်ဆွေ အပေါင်းအသင်းတွေလဲကျယ်ပြန့်လာပါတယ်ရှင်..
တကယ်တော့ဖိုရမ်ကို အပျော်ရေးမယ့်အစား တကယ်စိတ်ခံစားချက်တွေနဲ့ ဆွေးနွေးပေးရင် တအားကောင်းမှာပေါ့ရှင်…ဆေးဗားကတော့ အင်တာနက်သုံးလို့ရနေသရွေ့ ဖိုရမ်တွေကို စွန့်ခွာသွားမှာမဟုတ်ပါဘူးရှင် …ဆေးဗားလို့ပဲ တခြားသူများလဲ ဖိုရမ်တွေ ရေးပြီး ပျော်ရွင်မှုတွေ အသိပညာတွေတိုးတက်ပါစေနော်…
Friday, August 17, 2007
Banana 2
banana
Thursday, August 16, 2007
Thursday, August 9, 2007
words....
အားလုံးကို ဝေမျှပေးတာပါနော်..
ဘ၀မမြင့်ပါနဲ့ ..မြင့်တဲ့သစ်ပင်လေတိုက်ခံရတယ်...
ကျောက်နံရံ ကြက်ဥနဲ့ မပေါက်ပါနဲ့ ကွဲသွားမယ်...
လမင်းကို ခွေးဟောင်ပေမယ့် အေ၇ာင်အ၀ါမပျက်ဘူး...
အသက်ကြီးတာဟာ ဂုဏ်ပဲ..
အသက်အရွယ်ကြီးတာဟာ အရည်အချင်းကောင်း တစ်ခုရတာပဲလို့ ပညာရှင်တွေက ပြောကြတယ်..
ဒီစာသားလေးတွေကိုနှစ်သက်လို့ပါရှင်...
Monday, August 6, 2007
7.8.2007
Tuesday, July 24, 2007
To become healthy liver
Friday, July 20, 2007
21.7.2007
သေချာတာတော့ မျှော်လင့်နေတဲ့ မိုးလေးရွာလားတဲ အတွက်ဝမ်းသာမိပါတယ်ရှင်..ဒါပေမယ့် အဲလိုမိုးကြီးစွေနေပြန်၇င်လဲ မကြိုက်ပြန်ဘူး ..ခက်တယ်နော် လူအလိုကို နတ်မလိုက်နိုင်ဆိုတဲ့ စကားလေးကသိပ်မှန်တာပါပဲရှင်...ဆေးဗားတစ်ယောက်တည်းတော့ မိုးမရွာတော့ မျှော်လိုက်..မိုးရွာတော့ စိတ်ညစ်လိုက်နဲ့ ..အမျိုးမျိုးဖြစ်နေတာ..လူအများကြီးဆို သူတို့လဲ တစ်ယောက်တစ်မျိုးဆီ ရှိနေမှာပဲနော် အဲလိုသာ လူတွေ အကြိုက်လိုက်လုပ်ပေးရရင် မိုးရွာလိုက်ေ နပူလိုက် လေတိုက်နဲ့ သဘာဝတရားကြီးလဲ ရူးသွားမလားမသိဘူးနော်....
Tuesday, July 10, 2007
Longing for rain
မိုးမိုးလို့ သာအော်လိုက်ချင်တော့တယ် ရှင်..မိုးကိုမျှော်နေတာပေါရှင့် ..မန္တလေးမှာ ခုမိုးမရွာဘူး ..ရှင်..မိုးရာသီမှာ မိုးမရွာတော့လဲ တစ်မျိုးပဲရှင်..မိုးရွာသီကိုတော့ မကြိုက်ပါဘူး ..ဒါပေမယ့် မိုးအုံနေပြီးလေအေးအေးလေးတွေ တိုက်နေရင် တအားကြိုက်တယ် ..လေထဲ မှာ ခဏလောက်ရပ်လိုက်ရင် လေအေးအေးလေးတွေက ဆံပင်ကို တိုးဝှေ့သွားတာ မိုးကောင်းကင်ကို မော်ကြည့်လိုက်ရင်လဲ အမြဲပူုနေတဲ့နေမင်းကြီးကို မတွေ့ရပဲ..အုံးဆိုင်းနေတဲ့မိုးသားတွေကြည့်ရတာ သဘောကျတယ်
ငယ်ငယ်တုန်းက တော့မိုးရွာတာကိုးတအားသဘောကျတယ်..ကျောင်းတွေလဲ ပိတ် အိမ်ရှေ့မှာ ရေတွေနဲ့ တအားပျော်ဖို့ကောင်းတယ် အိမ်ရှေ့မှာက မိုးရွာလိုက်တာ နဲ့ လမ်းကနိမ့်တော့..ရေတွေက လျှံနေပြီလေ ..ရေတွေ ထဲတော့မဆင်းရဘူး ..ဆင်းလဲမဆင်းရဲဘူးကြောက်တယ် ..ရေတွေ မြင်ရတာ တမျိုးတော့ ပျော်ဖို့ကောင်းတယ် ချောင်းသာရောက်နေသလိုလိုဘာလိုလိုနဲ့ ဟီး..ဒါပေမယ့် အရွယ်ရောက်လာတော့ မပျော်တော့ဘူးရှင်..ရေတွေ ရှိနေတော့ ကိုယ် သွားချင်တဲ့ နေရာကို သွားလို့လဲမရတော့ဘူး ..ဆိုင်ကယ်ဆို ရပ်သွားရော် ..အဲလို ရေတွေများပုံကို မကြိုက်တဲ့ ကြားက မိုးနဲ ပတ်သတ်တဲ့ သီချင်းတွေ ကဗျာတွေကိုတော့ သဘောကျတယ်ရှင့်မိုးနဲပတ်သတ်တာ ဆိုလို့ မိုးရွာရင် မိုးရေချိုးမယ် မေမေလာရင်နိုဆို့မယ် ..ဖေဖေလာရင် အုန်းသီးခွဲစားမယ်ဆိုတဲ့ ကဗျာလေးကို တအားနစ်သက်တယ်..ပြီးတော့မိုးနဲ့ပတ်သတ်တဲ့ သီချင်းလေးတွေ ကိုလဲကြိုက်တယ်..မိုးတွေရွာနေချိန်တိုင်း ဒီရင်မှာ လွမ်း အိမ်ပြန်ချိန်လမ်းလေး နင်မသိလို့ ခုဆို လူတွေအကုန်လုံးသိပ်မပျော်နေချိန်မို့ နင်ဘယ်မှာ ရှိမလဲ ငါမသိလို့ အဲဒီသီချင်းလေးကတော့ အကြိုက်ဆုံးလေးပေါ့ရှင်..အဲလိုကြိုက်လို့ မိုးနဲ့ပတ်သတ်တဲ့ ဇာတ်လမ်း ရှိမယ့်လို့တော့မထင်လိုက်ပါနဲ့နော်..မိုး ရွာရင် ..မျှော်တဲ့ သူမလာမှာပဲစိုးမိတာပါရှင်.. ..မိုးကိုခုမျော်နေရတာကလဲ ..ပူပြင်းတဲ့ နေရောင်ဒဏ်ကိုခံစားနေရတဲ့ ဆေးဗားတို့ မန္တလေးသူ မန္တသားတွေ ပျော်စေချင်လို့ပါရှင်..မန္တလေးက သူတွေကလေ ..မိုးရွာရင် ဘာအလုပ်မှမလုပ်ကြတော့ဘူး ..ရုံးတွေ ကျောင်းတွေလဲမသွားကြတော့ဘူး ..တကယ်တော့ ပျင်းလို့ရယ် မဟုတ်ပါဘူး သွားရလာရတာ တအားခက်လို့ပါရှင်.. ရေတွေ က လမ်းမှာလျှံနေပြီးလေ ..ဒါကြောင့်ပါရှင်..ဆေးဗားကတော့ မိုးကိုးမျှော်နေပါပြီးရှင် ..မိုးရွာထဲ တခါလောက်လျှောက်သွားပစ်လိုက်ချင်တယ်ရှင်…မိုးထဲမှာ ဂျေမီသီချင်းထဲလိုမျိုး မိုးထဲ လေထဲ ခုန်ပေါက်ရင်းနဲ့ ..သီချင်းထဲကို ငယ်ငယ်တုန်းကလို့ ဆော့လိုက်ချင်ပါတယ်ရှင်…
Sunday, July 8, 2007
sad new
Thursday, July 5, 2007
ဝါဆိုသင်္ကန်းကပ်တဲ့နေ့
ဝင်လာမလဲတော့မသိပါဘူး..ထီပေါ်က်ကိန်းလဲရှိတယ်တဲ့ .ဘယ်သူဆေးဗားနဲ့ ထီစပ်ထိုးမလဲဟင်....ထီပေါက်ရင်တော့အွန်လိုင်းကသူငယ်ချင်းတွေ နဲ့ပျော်ပျော်ပါးပါးလျှောက်လည်လိုက်ဦးမယ်..ဘုရားဖူးလဲထွက်မယ်..အလှုအတန်းတွေလဲလုပ်ဦးမယ်..ပြီးတော့မရှိတဲ့သူတွေကိုလဲ လှူမယ်..ကျန်တဲ့ ဆေးဗားသူငယ်ချင်းတွေကော ထီပေါက်ရင် ဘာလုပ်မှာလဲဟင်.......အဲထီအကြောင်းရောက်သွားတယ် သင်္ကန်းကပ်တာကနေ...ဟီး...မနေ့ကလေ အလှူမှာပေါ့ ကိုယ်ကကူလုပ်ပေးမလို့ပါပဲ ဒါပေမယ့်ဘယ်လိုဖြစ်တယ်မသိဘူး...တချိန်လုံးခလုတ်ပဲတိုက်နေတာပဲ ဟီး ဒါကြောင့်ကူတောင်မချပေးရဲဘူး ..တော်ကြာဆူခံရမှာလေ လူကြီးတွေက...တခုလေးလုပ်လိုက်ပါတယ် လင်ဗန်းကြီးတက်နင်းမိလို့ ဦးလေး ကဆူလိုက်သေးတယ် ဟီးဖြစ်ရမယ်တဲ့..ကိုယ်စားဖို့ ကြာဇံဟင်းရည် သွားယူတော့လဲ သူငယ်ချင်းပေါင်ပေါ်ကို ဟင်းရည်တွေ ဖိတ်ကျသေးတယ် ..ဘယ်လိုဖြစ်တာလဲမသိပါဘူး..နော်..ကြည်ရတာတစ်ယောက်ယောက်သတိရနေလို့လား မသိဘူးနော်..ပေတူးလား လော်ရာလား ဟင် သတိရနေတာက...ဟီး ပေတူးကတော့ မေတ္တာပို့နေမလားဟင် ဖိတ်ပြီးတော့ ဘုန်းကြီးကျောင်းလိပ်စာမသိဘူးဆိုလို့..တကယ်လဲ ရောက်ဘူးဘူး..မနေ့ကမှရောက်ဖူးတာ.ဆေးဗားကတော့ အွန်လိုင်းကသူငယ်ချင်းတွေ ကို အားလုံးသတိရပါတယ်နော် ..ဒါကြောင့် သူငယ်ချင်း အားလုံးအတွက်...ပိုပြီးစားခဲ့တယ်နော်...
Monday, July 2, 2007
အွန်လိုင်းပေါ်မှ သူငယ်ချင်း များနှင် ညီမအကိုမောင်နှမများ...
နောက်မှဆက်ေ၇းတော့မယ်နော်......
မင်္ဂလာပါရှင်..
ဒီနေ့ဟာမင်္ဂလာရှိသော နေ့ရက်လေးပါရှင်..
အခုဘာအကြောင်းစပြောရင်ကောင်းမလဲနော် ..ရှုပ်ပါတယ် ကိုယ်အကြောင်းကိုယ်ပဲပြောတော့မယ်နော် ..
မန္တလေးသူ ပီပီး ကျွန်တော်နဲ့ပဲသုံးတော့မယ်နော် ..ကျွန်တော်ကတော့ မန္တလေးမှာနေထိုင်သော ..ဆေးဗားမွန်းလို့ အများကခေါ်တဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်ရှင်...ကျွန်တော်မှာ မိသားစုဝင်လေးယောက်ရှိပါတယ်ရှင်..အဖေ ရယ် အမေရယ် ကျွန်တော်ရယ် မောင်လေးတစ်ယောက်ရယ် ..ပေါ့ ပျော်ရွင်ဖွယ်ကောင်းတဲ့ မိသားစုလေးပါရှင်..
အရင်ကတော့ အဖေကို အမေထက် ပိုချစ်တယ် ..ခုသိတတ်တဲ့ အရွယ်ရောက်မှပဲ အမေကိုပိုချစ်တတ်လာတယ်..တကယ်တမ်း အမေက ပိုသနားစရာကောင်းတယ် ..သားသမီးဆိုးသမျှလဲ ခံရသေးတယ် ..ပြီးတော့ အိမ်ရဲ မိသားစုဝင်ငွေနဲ့ လောက်ငှအောင်လဲ စီမံရတယ်..အမေကို ပိုချစ်တယ်..ဘယ်အချိန်ချစ်သွားလဲဆိုတော့ ..ကွန်ပျူတာတက္ကသိုလ်နောက်ဆုံးနှစ် အုအတက်ပေါက်လို့ ဗိုက်ခွဲတဲ့အချိန်မှာ အမေဟာ ဆေးခန်းမှာ အမြဲတမ်း စောင့်ပေးခဲ့တယ်..ဘာမှမလှုပ်ရှားနိုင်သေးလို့ အမေက အားလုံးဂရုတစိုက်နဲ့လုပ်ပေးခဲ့တယ် ..အဲဒီတော့မှ မိဘဆို တာ သားသမီး ဘယ်လောက်ဆိုးဆိုး ..အရာရာကိုသည်းခံခွင့်လွတ်နိုင်ပြီး အားလုံးကိုလျှစ်လျူုရူပြီးလုပ်ပေးပါလားလို့သိခဲ့ရတယ် ..ကျွန်တော်က ငယ်ငယ်က နည်းနည်းလေးဆိုးခဲ့တယ် ..အမေပေါ်မှာပေါ့ လိုချင်တာဆို ခုရမှ..မရရင် တနေကုန် ၀ုန်းဒိုင်းနဲ့ လုပ်နေခဲ့တယ် ဒါပေမယ့် မိဘအပေါ်မှာတော့ ဘယ်တုန်းကမှ လိမ်မပြောခဲ့ဘူးဘူး..အားလုံးကိုအမှန်အတိုင်းပဲပြောတယ် ..မောင်လေးက ကျွန်တော်ထက်စာရင် တအားလိမ်မာတယ် ...ဘာမှမပူုဆာ မဆိုးဘူး..ကျွန်တော့ကတော့မဟုတ်ဘူး ..ကျွန်တော်လုပ်ချင်တာတွေပဲလုပ် တယ်...ကျောင်းသွားရင်လဲ သူများလို့ကျောင်းကားမစီးဘူး အိမ်ကကား.ယူသွားတာပဲ..ကျောင်းကားက နေရာမရဘူးလေ.မတ်တပ်စီးရတာ ...ဒါကြောင့်သူငယ်ချင်းတွေ စုပြီး အိမ်ကကားတွေနဲ့ သွားကြတယ် ..မာစတာတက်မယ်ဆိုတော့ အိမ်ကကားနဲ့မသွားနဲ့တော့တဲ့ကျောင်းကားနဲ့ပဲတက်တော့ဆိုတာနဲ့ ကျောင်းတောင်ဆက်မတက်ဖြစ်ဘူး ..အဲလောက်အရွဲတိုက်တာလေ..ခုတော့ နည်းနည်းလေးလိမ်မာလာပြီးအဲလောက်မဆိုးတော့ဘူး..လိမ်မာတော့မယ်လို့ဆုံးဖြတ်ထားတယ် ..ပြီးတော့ သူများတွေ သူများမိဘကိုလုပ်ကျွေးတာမြင်ရင် တအားအားကျတယ် ..ခုထိ ကိုယ်ခြေထောက်ပေါ်မရပ်တည်နိုင်သေးဘူး ..မိဘတွေကို ဒုတ်ခပေးတုန်းပဲ...
အခုဆုံးဖြတ်ထားတာက..မိဘကိုလုပ်ကျွေးနိုင်တဲ့ သမီးကောင်းတစ်ယောက် ဖြစ်ချင်တယ် ..ခုလက်ရှိတော့ဘာမှဖြစ်မလာသေးတဲ့ ကောင်မလေးတစ်ယောက်ပေါ့ရှင်....
အားလုံးကိုကျေးဇူးတင်ပါတယ်နော် ၀င်ဖတ်ပေးတဲ့အတွက်......